♪ “Your media on all your devices Plex Media Server” ♫

Image may contain: 4 people

ယနေ့အခါမှာလူသုံးကုန်အီလက်ထရောနစ်ပစ္စည်းတွေ၊အိုင်တီပစ္စည်းတွေများစွာကကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်ကိုလွှမ်းမိုးထားကြပါတယ်။စမတ်ဖုန်း၊တီဗီ၊ကွန်ပျူတာ၊ဂိမ်းစက်စသဖြင့်များစွာရှိပါတယ်။အဆိုပါပစ္စည်းများသည် ကျွန်တော်တို့ရဲ့အပန်းဖြေမှုအတွက်ကြီးမားသောအခန်းကဏ္ဍနေရာမှလည်း ပါဝင်လျက်ရှိပါတယ်။တီဗီမှာရုပ် သံလိုင်းအစီအစဉ်တွေကြည့်ကြမယ်။DVD, BluRayအခွေတွေကြည့်ကြမယ်။သီချင်းနားထောင်ကြမယ်စသဖြင့်ပေါ့။လူတွေရဲ့ကွန်ပျူတာတွေ၊စမတ်ဖုန်းတွေထဲမှာဗီဒီယိုအခွေတွေ၊သီချင်းတေများစွာ ထည့်သွင်းထားကြသလိုအင်တာနက်မှထုတ်လွှင့်သောရုပ်သံလိုင်းများမှ တစ်ဆင့်လည်းကြည့်ရှုကြပါတယ်။ဒီလိုမျိုးကြည့်ရှုကြရာမှာလူတွေက နည်းလမ်းပေါင်းစုံနဲ့ကြည့်ရှု ကြပါတယ်။ယခင်တုန်းကတော့တီဗီနဲ့သာကြည့်ရှု ခဲ့ပေမယ့်ယနေ့ခေတ်မှာတော့အထက်ကဆိုခဲ့သလိုစမတ်ဖုန်းနဲ့ကြည့်ချင် ကြည့်မယ်။ကွန်ပျူတာနဲ့ကြည့်ချင်ကြည့်မယ်။တီဗီနဲ့ကြည့်ချင် ကြည့်မယ်။ ဒီတော့မီဒီယာဖိုင်များကိုတစ်နေရာတည်းမှာထားပြီးအခြားသောပစ္စည်း ကိရိယာများမှတစ်ဆင့်မျှဝေကြည့်ရှုနိုင်မယ်ဆိုလျှင်များစွာအဆင်ပြေနိုင်မှာ ပဲဖြစ်ပါတယ်။သင့်ရဲ့အိမ်မှာမိသားစုဝင်များစွာရှိမှာပါ။ဒါဆိုရင်သင့်ရဲ့အိမ်တွင်းကွန်ရက်ချိတ်ဆက်မှု ကနေမီဒီယာဖိုင်များကိုPlex Media Server နဲ့ထုတ်လွှင့် ပေးမယ်ဆိုလျှင်သင့်အိမ်အတွင်းနေရာ အနှံ့ကနေမီဒီယာဖိုင်တွေကိုကြည့်ရှု နားထောင်နိုင်မှာဖြစ်သလိုသိုလှောင်သိမ်းဆည်းထားနိုင်မှုပမာဏအကန့် အသတ်နဲ့သာရှိတဲ့စမတ်ဖုန်းလို ကိရိယာတွေအတွက်များစွာအသုံးတည့်စေနိုင်မှာပါ။

ဒီလိုStreaming ထုတ်လွှင့်ပေးနိုင်မယ့်ဝန်းကျင်တစ်ခုကိုတည်ဆောက်နိုင်စေဖို့ များစွာသောsolution တွေရှိကြပါတယ်။ဥပမာအားဖြင့်XBMC, MythTVနဲ့ Windows Media Center စသည်တို့ပဲဖြစ်ပါတယ်။သို့သော်လည်းPlex Media Server ကတော့ပိုမိုကောင်းမွန်ပြီးdevices ပေါင်းစုံအတွက်ထောက်ပံ့ ပေးနိုင်ကာပိုမိုများပြားသောဝန်ဆောင်မှုတွေကိုပေးစွမ်းနိုင်ပါတယ် . . . . .

Plexမှာအဓိကအပိုင်းနှစ်ပိုင်းပါဝင်ပြီးတစ်ခုကတော့front end ပိုင်းဖြစ်တဲ့Plex Media Center ဖြစ်ကာအဲဒီအပိုင်းကopen-source ဖြစ်ပါတယ်။နောက်တစ်ခု ကတော့server ပိုင်းဖြစ်ပြီးPlex Media Server လို့ခေါ်ပါတယ်။သူကတော့ closed-source ပါ။Front end ပိုင်းကသုံးစွဲသူတွေမြင်တွေ့ သုံးစွဲရမယ့် အပိုင်းဖြစ်ပြီးPlex Media Player ကနေPlex Media Server မှာရှိတဲ့ သီချင်းတွေ၊ဓာတ်ပုံတွေ၊ဗီဒီယိုဖိုင်တွေကိုရွေးချယ်ကြည့်ရှုနိုင်စေမှာဖြစ်ပါ တယ်။ Plex Media Centerဟာopen-source project တစ်ခုဖြစ်တဲ့XBMC ကနေခွဲထွက်လာခဲ့တာဖြစ်ပါတယ်။XBMC project ဟာXbox ဂိမ်းစက်ကနေ မီဒီယာဖိုင်တွေကိုထုတ်လွှင့်ပေးနိုင်မယ့်Xbox Media Center တစ်ခုဖြစ်ပါ တယ်။XBMC ဟာတဖြည်းဖြည်းနဲ့အခြားသောplatform တွေအထိထောက်ပံ့ ပေးလာနိုင်ပါတယ်။PlexဟာXBMC ကနေအသစ်ခွဲထွက်လာတဲ့project တစ်ခုဖြစ်ပြီးလက်ရှိအခါမှာတော့အကောင်းဆုံးအနေအထားမှာရပ်တည်လျှက်ရှိပါတယ်။

Plex Media Server ကိုWindows, Linux နဲ့OSX platforms တွေအတွက် ရရှိနိုင်သလိုအချို့သောNAS များမှာလည်းတစ်ပါတည်းတိုက်ရိုက်ထည့်သွင်း အသုံးပြုနိုင်ပါတယ်။Plexကိုအခမဲ့download ချပြီးလွယ်ကူစွာinstall နိုင်ပါ တယ်။Cloud streaming စနစ်နဲ့မီဒီယာဖိုင်တွေကိုထုတ်လွှင့်ဖို့၊အခြားသော devices များနဲ့sync လုပ်ဖို့၊သင့်ရဲ့ဖုန်းသို့မဟုတ်တက်ဘလက်များမှဓာတ်ပုံ များ ကိုPlex Media Server နဲ့အလိုအလျောက်sync လုပ်ဖို့စသောfeature များစွာအသုံးပြုဖို့အတွက်ကတော့Plex Pass ဆိုတဲ့ဝန်ဆောင်မှုကို subscrptionလုပ်ရမှာဖြစ်ပါတယ်။ဈေးနှုန်းတွေကတော့တစ်လလျှင်USD 4.99 ဖြစ်ပြီးတစ်နှစ်တာဆိုလျှင်USD 39.99 ဖြစ်ပါတယ်။Lifetime ကတော့ USD 149.99 ဖြစ်ပါတယ်။ Plexကိုserver side မှာတင်ပြီးတဲ့အခါset up လုပ်ဖို့အတွက်ရွေးချယ်စရာဗားရှင်းတွေရှိပါတယ်။အဲဒါတွေကတော့Standard Plex Media Server, Plex Home Theatre နှင့်Plex Media Server for NAS တို့ပဲဖြစ်ပါတယ်။သုံးစွဲသူအများစုကတော့Standard Plex Media Server ကိုရွေးချယ်ကြပါတယ်။Home Theater ဗားရှင်းကတော့ကွန်ပျူတာ တစ်လုံး ကိုတီဗီနဲ့တိုက်ရိုက်ချိတ်ဆက်ကာသီးသန့်အသုံးပြုမယ့်Home Theater PC အဖြစ်အသုံးပြုလိုပါကရွေးချယ်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Setup လုပ်ရတဲ့ လုပ်ငန်းစဉ်တွေကတော့Standard Media Server နဲ့ပုံစံတူတွေပဲဖြစ်ကြပါ တယ်။

Plex Media Serverကိုdownload လုပ်ပြီးinstall တဲ့အခါသတ်မှတ်ခဲ့သော မီဒီယာဖိုင်အမျိုးအစားကိုခွဲခြားဖော်ပြပေးမှာဖြစ်ပါတယ်။TV shows, Movies, Music, Photos စသဖြင့်ကဏ္ဍအလိုက်ခွဲခြားပေးမှာဖြစ် ပါတယ်။မိမိတို့ရဲ့ ကွန်ပျူတာမှာသိမ်းဆည်းထားသောဖိုင်များကိုsetup လုပ်တဲ့အခါညွှန်းပေး ခဲ့ရမှာဖြစ်ပါတယ်။Client ဖက်မှစမတ်ဖုန်းဖြင့်ဖြစ်စေ၊TV ဖြင့်ဖြစ်စေ၊ ကွန်ပျူတာ ဖြင့်ဖြစ်စေကြည့်ရှုပါကစမတ်TV များတွင်တွေ့မြင်နိုင်သောUI အသွင်အပြင်အတိုင်းလှပသောကာဗာအဖုံးများ၊သက်ဆိုင်ရာမီဒီယာဖိုင်များ၏အကြောင်းအရာဖော်ပြချက်များဖြင့်ဖော်ပြပေးနိုင်မှာဖြစ်ပါတယ်။Plexအတွက်သုံးစွဲမယ့်devices များမှာသက်ဆိုင်ရာapps ကိုတင်ရမှာဖြစ်ပါတယ်။Android နဲ့iOSအတွက်ကတော့USD 4.99စီကျသင့်မှာဖြစ်ပါတယ်။ကွန်ပျူတာများ အတွက်ကတော့Plex Media Center ကိုတင်ပြီးအသုံးပြုရမှာဖြစ်ပါတယ်။ Home Network တစ်ခုတည်းမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်။Plex Media Center application မရှိဘဲလည်းWeb browser မှတစ်ဆင့်အသုံးပြုနိုင်မှာ လည်းဖြစ်ပါတယ်။ဥပမာအားဖြင့်သင့်ရဲ့အိမ်၊ရုံးမှာကွန်ပျူတာများစွာရှိပါက Plex Media Server မှာရှိတဲ့များစွာသောမီဒီယာဖိုင်တွေကိုweb browser ကိုဖွင့်ပြီးPlex Web Client မှတစ်ဆင့်ရယူအသုံးပြုနိုင်မှာဖြစ်ပါတယ်။ဒါဟာ ကျောင်းတွေ၊သင်တန်းတွေမှာသင်ခန်းစာ ဗီဒီယိုဖိုင်တွေ၊ အသံဖိုင်တွေကိုPlex Media Server အသုံးပြုပြီးStreaming လုပ်ပေးနိုင်မယ်ဆိုလျှင်များစွာ အဆင်ပြေနိုင်မှာဖြစ်ပါတယ်။

အွန်လိုင်းရုပ်သံလွှင့်လိုင်းများကိုလည်းမိမိတို့ကြိုက်နှစ်သက်ရာchannel များကိုရွေးချယ်ထည့်သွင်းထားနိုင် ပါတယ်။ဥပမာအားဖြင့်Comedy Central ,CBS, The Food Central စသောchannels များကိုMedia Manager ကိုဖွင့်ပြီး ထည့်သွင်းထားနိုင်မှာဖြစ်ပါတယ်။Plexမှာစိတ်ဝင်စားစရာအသုံးတည့် feature တွေတော်တော်များများပါဝင်ပါတယ်။ဥပမာအားဖြင့်သင့်ရဲ့desktop computer မှာUSB TV tuner ကိုဝယ်ယူတပ်ဆင်ပြီးထုတ်လွှင့်လျှက်ရှိသော ရုပ်သံလိုင်းများကိုWindows Media Center မှတစ်ဆင့်ကြည့်ရှုနိုင်ကာ recording လုပ်ထားနိုင်မှာလည်းဖြစ်ပါတယ်။ Plexအနေဖြင့်သင့်ရဲ့ မီဒီယာဖိုင်များကိုစုစည်းပြီးရိုးရှင်းသောinterfaeပုံစံနဲ့သင့်ရဲ့movie နှင့်TV collection များ၊music library နှင့်ဓာတ်ပုံများ၊home videos များကိုစုစည်း ဖော်ပြပေးနိုင်ကာသင့်ရဲ့media library ကိုdecriptionများထည့်သွင်းဖော်ပြ ပေးတာ၊ဇာတ်လမ်းအကျဉ်းချုပ်ဖော်ပြပေးတာ၊ပိုစတာနှင့်အယ်ဘမ်ကာဗာ များထည့်သွင်းပေးတာတွေလုပ်ဆောင်ပေးနိုင်ပါတယ်။မိမိတို့ကတီဗီနဲ့ကြည့်ရှုနေရာကနေရပ်တန့်ခဲ့ပြီးအခြားသောစမတ်ဖုန်းကဲ့သို့ကိရိယာများနဲ့ပြောင်းလဲ ကြည့်ရှုပါကလည်းမိမိရပ်ခဲ့သောနေရာမှစတင်ကြည့်ရှုနိုင်မှာလည်းဖြစ်ပါ တယ်။မကြာသေးမီကနောက်ဆုံးထည့်သွင်းခဲ့သောမီဒီယာဖိုင်များကိုအရှေ့နဲ့အလယ်ပိုင်းမှာ မြင်တွေ့ရအောင်လုပ်ဆောင်ထားသောကြောင့် အသစ်သော မီဒီယာဖိုင်များကိုလွယ်ကူစွာသိရှိနိုင်မှာဖြစ်ပါတယ်။

မီဒီယာဖိုင်များအားကန့်သတ်ထိန်းချုပ်မှုများလုပ်ဆောင်နိုင်ပါသေးတယ်။အဲဒီအတွက်Plex Pass subscription ၀ယ်ယူရမှာဖြစ်ပြီးဘယ်သူ့ကိုဘယ်ဖိုင်တွေ ပေးကြည့်မယ်၊ကန့်သတ်မယ်၊ဘယ်ဖိုင်တွေကိုဘယ်သူတွေအတွက်access လုပ်ခွင့်ပြုမယ်စသဖြင့်လုပ်ဆောင်နိုင်သလိုaccount များနဲ့ပတ်သက်ပြီး စီမံမှုတွေလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။သီချင်းများနဲ့ပတ်သက်ပြီးအွန်လိုင်းမှတစ်ဆင့် ရရှိတဲ့အချက်အလက်များကိုပံ့ပိုးကာသင့်music library မှာmetadata အချက်အလက်များထပ်မံပေါင်း ထည့်ပံ့ပိုးဖော်ပြပေးနိုင်ပါတယ်။ သင့်ရဲ့ဖုန်း၊ တက်ဘလက်များမှဓာတ်ပုံများကိုအထိုက်အလျောက်sync လုပ်ပေးနိုင်မယ့် Camera Upload စနစ်ကိုလည်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။တစ်ယောက်နဲ့ တစ်ယောက်မီဒီယာဖိုင်များကိုလွယ်ကူစွာမျှဝေပေးနိုင်မှာလည်းဖြစ်ပါတယ်။ Cloud Sync စနစ်ကတော့မိမိတို့ရဲ့မီဒီယာဖိုင်များကိုDropbox, Google Drive, Box စသည်တို့မှာupload လုပ်ဖို့ရွေးချယ်ထားကာsync လုပ်ထား နိုင်မှာဖြစ်ပါတယ်။ဒီစနစ်ကိုအသုံးပြုခြင်းဖြင့်အခြားသောနေရာ များမှမိမိတို့ရဲ့မီဒီယာဖိုင်များကိုကြည့်ရှုနိုင်မှာဖြစ်ပါတယ်။Plex Channels ကတော့များစွာ သောonline content တွေဖြစ်တဲ့TED Talks, Vimeo, Revision 3စသည့် channel များစွာကိုကြည့်ရှုနိုင်မှာဖြစ်ပါတယ်။





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment