♪ Nokia 6 , Nokia 5 , Nokia 3 နဲ့ Nokia 3310 တို့ကို မိတ်ဆက်ပြီ ♫

https://i0.wp.com/digitaltimes.com.mm/wp-content/uploads/2017/02/0-12.jpg?fit=800%2C530&ssl=1


Nokia က MWC ပွဲမှာ စမတ်ဖုန်း အသစ် ၄ လုံးကို မိတ်ဆက်လိုက်ပါတယ်။ စမတ်ဖုန်း အားလုံးမှာ Pure Android OS နဲ့ Google Assistant ထည့်သွင်းထားပါတယ်။ Nokia 6 ရဲ့ အခြေခံ ဈေးနှုန်းမှာ ယူရို ၂၂၉ နဲ့ သူ့ရဲ့ တန်ဖိုးကြီး မော်ဒယ်မှာ ယူရို ၂၉၉ တန်ကြေးရှိပါတယ်။ Nokia 5 ကို ယူရို ၁၈၉ ၊ Nokia 3 ကို ယူရို ၁၃၉ ၊ Nokia 3310 ကို ယူရို ၄၉ သတ်မှတ်ထားပါတယ်။ ဖုန်းအားလုံးကို ယခုနှစ် ဧပြီလနဲ့ ဇွန်လအကြားမှာ ရောင်းချမှာပါ။

Nokia 3310 မှာ ၂.၄ လက်မ QVGA Display တပ်ဆင်ထားပါတယ်။ 2MP Camera နဲ့ microSD Card Slot ပါပါတယ်။ Keypad Phone ဖြစ်ပြီး ဘက်ထရီသက်တမ်းမှာ ဖုန်းပြောရင် ၂၂ နာရီနဲ့ Standby အသုံးပြုရင် တစ်လ အသုံးခံပါတယ်။

 
Nokia 6 ဟာ စမတ်ဖုန်း ၄ လုံးထဲမှာ စွမ်းဆောင်ရည် အမြင့်မားဆုံး ဖြစ်ပါတယ်။ Dual SIM Smartphone ဖြစ်ပြီး ၅.၅ လက်မ Full HD Display တပ်ဆင်ထားပါတယ်။ မျက်နှာပြင်ကို Corning Gorilla Glass 3 ဖြင့် ကာကွယ်ထားပါတယ်။ Octa-Core Qualcomm Snapdragon 430 Processor , Adreno 505 GPU , 4GB RAM , 64GB Storage တပ်ဆင်ထားပါတယ်။ 128GB အထိ ၀င်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။ PDAF ပါတဲ့ 16MP Rear Camera နဲ့ 8MP Front Camera ပါပါတယ်။ 4G LTE , Bluetooth 4.1, USB OTG, WiFi , GPS များကို ထောက်ပံ့ပါတယ်။ 3000mAh Battery ပါပါတယ်။ Dolby Atmos နည်းပညာပါတဲ့ စပီကာ ၂ လုံး တပ်ဆင်ထားပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာကို Home Button မှာ မြှပ်နှံထားပါတယ်။


 
Nokia 5 မှာ ၅.၂ လက်မ မျက်နှာပြင် တပ်ဆင်ထားပြီး အလူမီနီယမ် ကိုယ်ထည်ဖြင့် တည်ဆောက်ထားပါတယ်။ အပြာ၊ အနက်နဲ့ ငွေရောင်များ ထုတ်လုပ်ပေးထားပါတယ်။ 2GB RAM, 16GB Storage, Qualcomm Snapdragon 430 , Android 7.1, 13MP Rear Camera, 8MP Front Camera များ တပ်ဆင်ထားပါတယ်။

 
Nokia 3 မှာ ၅ လက်မ မျက်နှာပြင်တပ်ဆင်ထားပါတယ်။ အရှေ့နဲ့အနောက်မှာ 8MP Camera ပါရှိပါတယ်။ Quad-Core MediaTek MT6737 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။




Credit to ==> DigitalTimes.com.mm





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment