♪ “Facebook က အလုပ်ရှာသူများအတွက် စွမ်းဆောင်ချက်အသစ် ထည့်သွင်းပေး” ♫

Image may contain: phone

Facebook က သူ့ရဲ့ လူမှုကွန်ရက်မှာပဲအလုပ်ရှာနေသူများနဲ့ အလုပ်ခေါ် နေတဲ့ စီးပွားရေးလုပ်ငန်းများကိုချိတ်ဆက်ပေးတဲ့ စွမ်းဆောင်ချက် အသစ် တစ်ခုကိုထည့်သွင်းပေးလိုက်ပါတယ်။ ဒီစွမ်းဆောင်ချက်ဟာ အလုပ်အကိုင် အခွင့်အလမ်းများအတွက် အသုံးပြုနေကြတဲ့ LinkedIn ကိုယှဉ်ပြိုင်လိုက်တာလည်းဖြစ်ပါ တယ်။

ယခုစွမ်းဆောင်ချက်အသစ်မှာကုမ္ပဏီများကအလုပ် ခေါ်တဲ့ပို့စ်များကိုယခင်အတိုင်း ပို့စ်တင်နိုင်မှာဖြစ်ပေ မယ့် အလုပ်လျှောက်ချင် သူများ လျင်မြန်စွာ CV ဖောင်တင်နိုင်ဖို့ Apply Now Button ကိုထည့်သွင်း ပေးထားမှာဖြစ်ပါတယ်။ အဲဒီနောက်မှာအလုပ်လျှောက်ချင်သူများက Facebook Messenger ကနေတစ်ဆင့် အလုပ်ရှင်ထံ CV ဖောင်ပေးပို့နိုင် မှာဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းများရဲ့ Facebook Page များမှာလည်း Jobs Tab တစ်ခုထည့်သွင်းပေးထားမှာ ဖြစ်ပြီးအလုပ်ရှာနေသူများကအဲဒီ Tab ကနေခေါ်ယူနေတဲ့ အလုပ်များကိုလေ့လာနိုင်မှာ ဖြစ်ပါတယ်။ အဲဒီ Tab မှ အလုပ်ခေါ်ယူနေတဲ့ စာရင်းဟာကုမ္ပဏီကတင်ထားတဲ့ အလုပ်ခေါ်တဲ့ပို့စ်မှ စာရင်းကိုအလိုအလျောက် ထည့်သွင်းပေးထားတာ ဖြစ်မယ်လို့ ထင်ရပါတယ်။ ယခုစွမ်းဆောင်ချက် အသစ်ဟာအလုပ်ရှာနေသူများနဲ့ Facebook ၂ ဦးစလုံး အတွက် အကျိုးရှိစေမှာ ဖြစ်ပါတယ်။

အလုပ်ရှာနေသူများအတွက်လည်း Facebook ဟာ ပိုမိုအသုံးဝင်လာသလို Facebook အတွက်လည်း ကုမ္ပဏီများကအလုပ်ခေါ်တဲ့ ပို့စ်များကိုကြော်ငြာ မှာဖြစ်တဲ့အတွက် အကျိုးရှိစေပါတယ်။ ဒါ့အပြင် Facebook ဟာအလုပ်ရှင်နဲ့ အလုပ်ရှာနေသူများအတွက် စိတ်ဝင်စားစရာနေရာဖြစ်လာပြီး LinkedIn ရဲ့ ဖောက်သည်များကိုလည်းလုယူနိုင်မှာ ဖြစ်ပါတယ်။


အလုပ်ရှာနေသူများက Pages များအပြင် Facebook.com/jobs နဲ့ Mobile Apps များမှ Jobs Tab အသစ်ကနေလည်းအလုပ်ခေါ်ယူမှုများကို ကြည့်နိုင်ပါတယ်။ လက်ရှိမှာ စွမ်းဆောင်ချက်အသစ်ကိုအမေရိကန်နဲ့ ကနေဒါနိုင်ငံများမှာသာ အသုံးပြု နိုင်ပါသေးတယ်။


Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment