♪ “အကြမ်းခံတဲ့ Archos ရဲ့ 101 Saphir Tablet” ♫

No automatic alt text available.

ပြင်သစ် အီလက်ထရောနစ် ကုမ္ပဏီ Archos က Mobile World Congress မတိုင်ခင်မှာပဲအကြမ်းခံတဲ့ တက်ဘလက်အသစ်တစ်လုံးကိုမိတ်ဆက်လိုက်ပါ တယ်။ တက်ဘလက်မှာ ၁၀.၁ လက်မ IPS 1280x800Pixels Display တပ်ဆင်ထားပါတယ်။ MediaTekရဲ့ Quad-Core Chipset မောင်းနှင်မှာ ဖြစ် ပါတယ်။

Archos 101 Saphir Tablet ဟာစွမ်းဆောင်ရည်နိမ့် တက်ဘလက်ဖြစ်ပြီး အကြမ်းခံအောင် ဖန်တီးထားပါတယ်။ သူ့မှာ 1GB RAM, ,6000mAh Battery တပ်ဆင်ထားပါတယ်။ IP68 စံနှုန်းရှိတဲ့အတွက် ရေစိုခံနိုင်ခြင်း၊ အမြင့်ကနေ ပစ်ချတဲ့ ဒဏ်ကိုခံနိုင်ခြင်းနဲ့ တုန်ခါမှုဒဏ်ကိုခံနိုင်ခြင်းစတဲ့ ဂုဏ်သတ္တိများရှိ ပါတယ်။ ဒီရက်ပိုင်းအတွင်းမှာကျင်းပမယ့် MWC ပွဲမှာတက်ဘလက်ရဲ့ ဈေးနှုန်းနဲ့ ရောင်းချ မယ့် နိုင်ငံများကိုသိရမှာ ဖြစ်ပါတယ်။

Archos က ယခင်ကလည်းအကြမ်းခံတဲ့ 50 Saphir Smartphone ကို ရောင်းချခဲ့ဖူးပါတယ်။ စမတ်ဖုန်းမှာ ၅ လက်မ HD Display , 2GB RAM, 16GB Internal Storage, MediaTek MT6737 Chipset , 13MP Rear Camera, 5000mAh Battery , Android Marshmallow များထည့်သွင်း ထားပါတယ်။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment