♪ “iPhone 8 မှာ Augmented Reality နည်းပညာပါမည်” ♫

Image may contain: phone

Goldman Sachs ရဲ့ ခွဲခြမ်းစိတ်ဖြာသူ Simona Jankowski ရဲ့ ခန့်မှန်းချက် အရ Apple ရဲ့ နောက်မျိုးဆက် iPhone 8 မှာ Augmented Reality နည်းပညာပါလာမယ်လို့ သိရပါတယ်။ အဲဒီ ဖုန်းဟာ Apple ရဲ့ iPhone ထုတ်လုပ်မှု ၁၀ နှစ်ပြည့်အဖြစ် ထုတ်တဲ့ အထူးစမတ်ဖုန်းလည်းဖြစ်ပါတယ်

Apple ရဲ့ စီအီးအို ဖြစ်သူ Tim Cook ကလည်း Virtual Reality ထက် Augmented Reality နည်းပညာဟာလူသားတွေအတွက် ပိုမိုအကျိုးရှိစေ မယ်လို့ ပြောကြားထားပါတယ်။ 9to5Mac ရဲ့ သတင်းတစ်ပုဒ်အရ Apple က iPhone 8 မှာ Touch ID Fingerprint Sensor ကိုဖယ်ရှားပြီး MacBook Pro မှာလို Function Area ကိုထည့်သွင်းထားမယ်လို့ သိရပါတယ်။

Function Area ကိုမျက်နှာပြင်ရဲ့ အောက်ဘက်မှာထည့်သွင်းထားမှာဖြစ်ပါတယ်။ အဲဒီ Function Area မှာ Touch ID လိုလုံခြုံရေးစွမ်းဆောင်ချက်များ ပါရှိမှာ ဖြစ်ပါတယ်။ MacBook Pro ရဲ့ Touch Bar မှာလို Function Area မှာ ဖုန်းကိုအသုံးပြုနေတဲ့ အလုပ်များအပေါ် မူတည်၍ သင့်တော်တဲ့ Virtual Button များကို ပြသပေးမှာ ဖြစ်ပါတယ်။

iPhone 8 ရဲ့ မျက်နှာပြင်မှာ လက်ဗွေရာအာရုံခံကိရိယာကို မြှုပ်နှံထားမယ်လို့လည်း သတင်းတွေ ထွက်ပေါ် နေပါတယ်။ iPhone 8 မှာ ၅.၈ လက်မ Curved AMOLED Display တပ်ဆင် ထားမှာ ဖြစ်ပြီးမျက်နှာပြင်ဘေးဘောင်မဲ့ ဒီဇိုင်းဖြစ်မယ်လို့လည်း သတင်းများ ထွက်ပေါ်နေပါတယ်။


Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment