♪ Dual camera , 4GB RAM နဲ့ Energizer Energy E550LTE စမတ်ဖုန်း ♫

https://i0.wp.com/digitaltimes.com.mm/wp-content/uploads/2017/02/jl.jpg?fit=800%2C450&ssl=1

နာရီဓာတ်ခဲကစလို့ ဓာတ်ခဲ အမျိုးအစား၊ အရွယ်အစား ပေါင်းစုံ ထုတ်လုပ်အောင်မြင်နေတဲ့ Energizer ကုမ္ပဏီက ၄င်းတို့ရဲ့ ခြေလှမ်းအသစ်အဖြစ် Energy E550LTE လို့အမည်ပေးထားတဲ့ စမတ်ဖုန်းအသစ် ကို ထုတ်လုပ်လိုက်ပါတယ်။



ဒီစမတ်ဖုန်းရဲ့ စွမ်းဆောင်ရည်ပိုင်းအတွက် octa-core 2GHz Mediatek’s MTK6755 chipset နဲ့ RAM 4GB တို့ကိုအသုံးပြုထားပြီး internal storage 64GB ပါဝင်ပါတယ်။

Full HD (1920x1080p) ထောက်ပံ့တဲ့ (၅.၅)လက်မ မျက်နှာပြင် ကိုသုံးထားပြီး ကျောဘက်မှာ (13MP+8MP) back camera နဲ့အတူ 8 MP selfie camera တို့ပါဝင်တဲ့အတွက် ကင်မရာ အရည်အသွေးကောင်းတဲ့ စမတ်ဖုန်း တစ်လုံးလို့ ဆိုနိုင်ပါတယ်။

(၁၁.၁) မီလီမီတာ အထူသာရှိတဲ့ ဒီစမတ်ဖုန်းရဲ့ ကျောဘက်က dual camera အောက်ဘက်မှာ fingerprint sensor ပါဝင်ပြီး ရေဒဏ်၊ ဖုန်ဒဏ်ခံနိုင်စေဖို့ IP68 နည်းပညာကိုအသုံးပြုထားပါတယ်။

Fast charging နည်းပညာပါဝင်တဲ့ 4000mAh battery ကိုအသုံးပြုထားပြီး (၄၇၅) ဒေါ်လာဈေးနှုန်းနဲ့ လာမယ့်နွေရာသီမှာ စတင်ရောင်းချမှာဖြစ်တယ်လို့သိရပါတယ်။



Credit to ==> DigitalTimes.com.mm



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment