လာမယ့်
တင်္နဂနွေ၊ ဖေဖော်ဝါရီ (၂၇) မှာ ကျင်းပမယ့် Nokia ရဲ့ MWC launch
အစီအစဉ်အစအဆုံးကို Facebook နဲ့ Youtube မှာ Live လွှင့်မှာဖြစ်ကြောင်း
Nokia က အတည်ပြုပြောကြားလိုက်ပါတယ်။
Nokia
Mobile ရဲ့ တရားဝင် Facebook account မှာတော့ live stream လွှင့်ဖို့အတွက်
scheduled ပြုလုပ်ထား ပြီးပြီဖြစ်ပြီး စပိန်စံတော်ချိန် ညနေ(၄)နာရီခွဲ မှာ
ကျင်းပပြုလုပ်မှာဖြစ်တဲ့ အတွက် မြန်မာစံတော်ချိန်နဲ့ ဆိုရင် ည (၁၀)နာရီ
ဖြစ်ပါတယ်။
ဖင်လန်အခြေစိုက်
Nokia ရဲ့ မျိုးဆက်သစ် ဖုန်းတွေနဲ့ tablet တွေကို ထုတ်လုပ်ဖို့အတွက်
ဖွဲ့စည်းတည်ထောင်ထားတဲ့ HMD Global က ဒီ Event မှာ Nokia စမတ်ဖုန်း (၄) ခု
ကို Launch လုပ်ဖို့ မျှော်လင့်ထားတယ်လို့သိရပါတယ်။
မိုဘိုင်းဖုန်းလောကရဲ့
နန်းကျဘုရင်ဖြစ်တဲ့ Nokia ဟာ စမတ်ဖုန်းလောကထဲကို တစ်ကျော့ပြန်ဝင်ရောက်
လာခဲ့ပြီး Android OS သုံး Nokia 6 ကို တရုတ်ပြည် တစ်ခုတည်းအတွက်သာ
ကန့်သတ်ထုတ်လုပ်ခဲ့ပါတယ်။
အခုပြုလုပ်မယ့် MWC launch event မှာတော့ Nokia 6 global version ကိုပါ မိတ်ဆက်မယ်လို့ မျှော်လင့်ရပါတယ်။
Credit to ==> DigitalTimes.com.mm
www.pyaephyo.com
0 comments:
Post a Comment