♪ LG က Full Vision Display ပါတဲ့ G6 ကို မိတ်ဆက် ♫

https://i1.wp.com/digitaltimes.com.mm/wp-content/uploads/2017/02/0-10.jpg?fit=800%2C450&ssl=1

LG က Mobile World Congress ပွဲမှာ G6 ကို မိတ်ဆက်လိုက်ပါတယ်။ LG G6 မှာ ၅.၇ လက်မ 2880x1440p IPS LCD Display တပ်ဆင်ထားပြီး မျက်နှာပြင်ဘေးဘောင်မဲ့ ဒီဇိုင်းဖြစ်ပါတယ်။ LG က အဲဒီဒီဇိုင်းကို FullVision လို့ ခေါ်ပါတယ်။ ဖုန်းရဲ့ အရှေ့ဘက်ကို ကြည့်လိုက်ရင် ဘေးဘောင်များကို မမြင်ရဘဲ မျက်နှာပြင်ကိုသာ ထင်ထင်ရှားရှားမြင်ရတဲ့အတွက် ရှင်းလင်း လှပပါတယ်။ တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၅၆၅ ဖြစ်ပါတယ်။ ဖုန်းရဲ့ ထောင့်ဘေးဘက်ကို လုံးဝန်းအောင်ပြုလုပ်ထားခြင်းက လှပရုံသာမက အောက်ပြုတ်ကျရင်လည်း LCD Display ဟာ ပိုမိုခံနိုင်ရည်ရှိစေပါတယ်။ မျက်နှာပြင်ရဲ့ အထက်မှာ အကြမ်းခံတဲ့ Gorilla Glass 3 ဖြင့် ကာကွယ်ထားပါတယ်။ အနောက်ဘက်ကို Gorilla Glass 5 ဖြင့် ဖုံးအုပ်ထားပါတယ်။ ကိုယ်ထည်ကို အလူမီနီယမ်ဖြင့် တည်ဆောက်ထားပါတယ်။



G6 ဟာ IP68 စံနှုန်းရှိပြီး ရေစိုခံနိုင်ခြင်း၊ ဖုန်မ၀င်အောင် ကာကွယ်နိုင်ခြင်း စတဲ့ စွမ်းရည်များလည်း ရှိပါတယ်။ G Series Phone များမှာ ပထမဆုံး အနေဖြင့် အဲဒီ စွမ်းရည်များ ပါဝင်လာတာ ဖြစ်ပါတယ်။ ရေစိုခံနိုင်အောင် ပုံစံထုတ်ထားတဲ့အတွက် ဘက်ထရီကို ဖြုတ်လို့ မရပါဘူး။ G6 မှာ အစိတ်အပိုင်းများ ဖြုတ်၊ တပ် လဲလှယ်လို့ရတဲ့ G5 ရဲ့ Modular Design ကို အသုံးပြုခြင်း မရှိတော့ပါဘူး။
 
G6 ရဲ့ အနောက်ဘက်မှာ 13MP Camera ၂ လုံး တပ်ဆင်ထားပါတယ်။ ကင်မရာတစ်လုံးမှာ OIS နဲ့ Autofocus ပါပါတယ်။ အရှေ့ဘက်မှာတော့ 5MP Camera တပ်ဆင်ထားပါတယ်။ စွမ်းဆောင်ရည်မြင့် Snapdragon 821 Chipset မောင်းနှင်မှာပါ။ Chip ရဲ့ အထက်မှာ ကော့ပါးအပြားဖြင့် ဖုံးအုပ်ထားတဲ့ Advanced Heat Pipe က အပူကို ဖယ်ရှားပေးပါတယ်။

G6 မှာ 4GB RAM တပ်ဆင်ထားပြီး နိုင်ငံအပေါ်မူတည်၍ 32GB or 64GB Storage များ ရောင်းချပေးမှာဖြစ်ပါတယ်။ Storage ကို တိုးမြှင့်ဖို့ microSD Card စိုက်နိုင်ပါတယ်။ Android 7.0 Nougat ထည့်သွင်းထားပြီး Pixel Phone များ ပြီးနောက် Google Assistant ပထမဆုံး ပါလာတဲ့ ဖုန်း ဖြစ်ပါတယ်။ Nougat ကို Full-Screen UX လို့ခေါ်တဲ့ LG ရဲ့ Skin နဲ့ ပေါင်းစပ်ထားပါတယ်။

အမေရိကန်မှာ ရောင်းချမယ့် G6 Version မှာ ကြိုးမဲ့အားသွင်းစနစ် ပါရှိမှာဖြစ်ပါတယ်။ QuickCharge 3.0 ကိုတော့ ဗားရှင်းအားလုံးမှာ ထည့်သွင်းပေးထားပါတယ်။ G6 မှာ 3300mAh Battery တပ်ဆင်ထားပြီး ၉၆ မိနစ်အတွင်းမှာ အားအပြည့်သွင်းပေး နိုင်ပါတယ်။ ၃၂ မိနစ်အားသွင်းရင် ၅၀ ရာခိုင်နှုန်း အားဖြည့်ပေးပါတယ်။ အနက်၊ အဖြူနဲ့ ပလက်တီနမ် အရောင်များ ထုတ်လုပ်ပေးထားပြီး ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။



Credit to ==> DigitalTimes.com.mm




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment