♪ 4G နဲ့ Touchscreen ပါတဲ့ ကမ္ဘာ့ပထမဆုံး ၃၆၀ ဒီဂရီ ကင်မရာ ♫

https://i2.wp.com/digitaltimes.com.mm/wp-content/uploads/2017/04/GHxowZ9obbw47JfTuKBU8A-650-80.jpg?fit=800%2C450&ssl=1

Acer က နယူးယောက်မှာ ပွဲတစ်ခု ကျင်းပပြီး ထုတ်ကုန် အသစ်များကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီအထဲမှာ အထူးခြားဆုံးက 4G ဆက်သွယ်မှုနဲ့ Touchscreen ပါတဲ့ ကမ္ဘာ့ ပထမဆုံး ၃၆၀ ဒီဂရီ ကင်မရာ ဖြစ်ပါတယ်။ ဒါ့အပြင် ၀ိုင်ဖိုင်ဆက်သွယ်မှု လည်း ပါရှိပါတယ်။ နောက်ထပ် ထူးခြားတာက Android OS ထည့်သွင်းထားခြင်း ဖြစ်ပြီး Facebook , Instagram , Twitter Apps တို့မှာ ရိုက်ကူးထားတဲ့ ၃၆၀ ဒီဂရီ ဗီဒီယိုများကို မျှဝေနိုင်မှာ ဖြစ်ပါတယ်။

Acer က ကင်မရာကို Halo 360 လို့ အမည်ပေးထားပြီး အခြား ၃၆၀ ဒီဂရီ ကင်မရာများလို စက်လုံး ပုံသဏ္ဍာန် မဟုတ်ဘဲ စမတ်ဖုန်း ပုံသဏ္ဍာန် ဖြစ်ပါတယ်။ ကင်မရာရဲ့ အရှေ့နဲ့ အနောက် ထိပ်ပိုင်းမှာ စက်လုံး ပုံသဏ္ဍာန် ကင်မရာ တစ်လုံးစီ တပ်ဆင်ထားပါတယ်။ Acer ရဲ့ ကမ္ဘာလုံးဆိုင်ရာ စီအီးအို ဖြစ်သူ Jason Chen က ကင်မရာကို စမတ်ဖုန်းနဲ့ ချိတ်ဆက်ဖို့ မလိုဘဲ ဖုန်းပြောနိုင်တယ်လို့ ပြောပါတယ်။

Acer Halo 360 ဟာ ထိတွေ့မျက်နှာပြင်ပါတဲ့ ပထမဆုံး ၃၆၀ ဒီဂရီ ကင်မရာလည်း ဖြစ်ပြီး ရိုက်ကူးထားတဲ့ ဗီဒီယိုများကို မျက်နှာပြင်ကနေ ကြည့်ရှုနိုင်ပါတယ်။ ကင်မရာရဲ့ ဈေးနှုန်း၊ ရောင်းချမယ့် အချိန်၊ ရိုက်ကူးနိုင်တဲ့ အရည်အသွေး စတဲ့ သတင်းအချက်အလက်များကို ကုမ္ပဏီက ပွဲမှာ ကြေညာခြင်း မရှိခဲ့ပါဘူး။ ဒါ့အပြင် Facebook လို လူမှုကွန်ရက်များမှာ ၃၆၀ ဒီဂရီ ဗီဒီယိုများကို တိုက်ရိုက် ထုတ်လွှင့်နိုင်မလား ဆိုတာကိုလည်း မသိရသေးပါဘူး။ Acer က ကင်မရာကို ပြသခြင်း မရှိဘဲ စကရင်ကနေသာ မိတ်ဆက်ခဲ့တဲ့အတွက် သူ့ရဲ့ အရွယ်အစားကိုလည်း မသိရသေးပါဘူး။



Credit to ==> DigitalTimes.com.mm







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 
www.pyaephyo.com

0 comments:

Post a Comment