♪ " MECTel မှ သုံးစွဲသူများအတွက် ငွေဖြည့်အပိုထပ်ဆောင်းငွေ ရရှိမည့်အစီအစဉ်ကို ယခုလ (၃၀) ရက်နေ့အထိ ပြုလုပ်ပေးလျက်ရှိ " ♫

Image may contain: one or more people and text

MECTel မှ သုံးစွဲသူများအတွက် ငွေဖြည့်အပိုထပ်ဆောင်းငွေ ရရှိမည့်အစီအစဉ်ကို ယခုလ (၃၀) ရက်နေ့အထိ ပြုလုပ်ပေးလျက်ရှိကြောင်း သိရှိရသည်။ MECTel CDMA 800 MHz ဆင်းကတ်အသုံးပြုသူများသည် ငွေကျပ် (၁၀၀၀) ဖြည့်သွင်းပါက (၃၀) ရာခိုင်နှုန်း၊ ငွေကျပ် (၃၀၀၀) ဖြည့်သွင်းပါက (၅၀) ရာခိုင်နှုန်း၊ ငွေကျပ် (၅၀၀၀) နှင့်အထက် ဖြည့်သွင်းပါက (၇၀) ရာခိုင်နှုန်း အသီးသီး အပိုထပ်ဆောင်းငွေများရရှိမည်ဖြစ်သည်။

စတင်ငွေဖြည့်သည့်နေ့မှ (၅) ရက်အတွင်း အပိုထပ်ဆောင်းငွေဖြင့် MECTel CDMA 800 MHz ဖုန်းအချင်းချင်းခေါ်ဆိုမှုများ၊ SMS ပေးပို့မှုများ၊ Viber နှင့် အင်တာနက် Data များ အသုံးပြုနိုင်သည်။ ထို့အပြင် ဆင်းကတ်မှတ်ပုံတင်ခြင်း မပြုလုပ်ရသေးသော သုံးစွဲသူများသည် ဆင်းကတ်မှတ်ပုံတင်ခြင်းဆိုင်ရာများကို အင်းဝဘဏ်ခွဲများတွင်လည်းကောင်း၊ MECTel ဆင်းမ်ကတ် အရောင်းကိုယ်စားလှယ်ဆိုင်များတွင် လည်းကောင်း၊ အွန်လိုင်းမှတဆင့်သော်လည်းကောင်း အသီးသီးပြုလုပ်နိုင်ပြီး မှတ်ပုံတင်ရာတွင် အခက်အခဲတစ်စုံတစ်ရာရှိပါက 3456 (သို့မဟုတ်) 0931160249 သို့ဆက်သွယ်၍ အကူအညီရယူနိုင်ကြောင်း သိရှိရသည်။


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment