♪ လက်မလွှတ်သင့်တဲ့ ဖေဖော်ဝါရီလထွက် Android Apps အသစ်များ ♫


လစဉ်လတိုင်း Android Apps အသစ်များစွာ Google Play Store မှာ ထွက်ရှိနေပါတယ်။ အဲဒီ Apps ပေါင်းများစွာထဲမှ အကောင်းဆုံး Apps များကို ရှာဖွေရတာ မလွယ်ကူပါဘူး။ Digital Times က သင်ရှာဖွေစရာ မလိုအောင် အကောင်းဆုံး Apps များကို ရွေးချယ်ပေးလိုက်ပါတယ်။

FastKey Launcher


Android အတွက် Launcher များစွာ ရှိပေမယ့် တစ်မူထူးခြားတဲ့ စွမ်းဆောင်ချက် ပါလာတာကတော့ FastKey Launcher ဖြစ်ပါတယ်။ သူ့ကို အခမဲ့ အသုံးပြုနိုင်တာကလည်း အားသာချက်တစ်ခုဖြစ်ပါတယ်။ သူ့မှာ အခြား Launcher များလောက် စွမ်းဆောင်ချက်များ မပါပေမယ့် သင် သုံးချင်တဲ့ Apps များကို လျှင်မြန်စွာ ဖွင့်ချင်ရင်၊ သင် ဆက်သွယ်ချင်တဲ့ Contacts ကို လျှင်မြန်စွာ ဖုန်းခေါ်ဆိုချင်ရင် FastKey Launcher က အကောင်းဆုံးပါ။
သင် သုံးချင်တဲ့ Apps သို့မဟုတ် Contacts ရဲ့ အရှေ့ဆုံး အက္ခရာ ၁ လုံး သို့မဟုတ် ၂ လုံးကို Search Box မှာ ရိုက်ထည့်လိုက်တာနဲ့ အဆင်ပြေပါပြီ။ သူ့ရဲ့ User Interface က သိပ်မလှပပေမယ့် အလုပ်ကိစ္စအတွက် တစ်နေ့လုံး ဖုန်းပြောနေရသူများနဲ့ ဖုန်းမှာ Email, Messenger လို Apps များကို အမြဲ သုံးနေရသူများအတွက် FastKey Launcher က အသုံးဝင်ပါတယ်။

Download


Pyrope Browser


Pyrope Browser ဟာ Chromium အပေါ် အခြေခံ တည်ဆောက်ထားတာ ဖြစ်လို့ Private Browsing, Bookmarking တို့လို စွမ်းဆောင်ချက်များ ပါရှိပြီးသား ဖြစ်ပါတယ်။ ဒါ့အပြင် သူ့မှာ အခြား အသုံးဝင်တဲ့ စွမ်းဆောင်ချက်များစွာလည်း ပါသေးတဲ့အတွက် စမ်းသပ် အသုံးပြုသင့်တဲ့ ဘရောက်စာကောင်းတစ်ခု ဖြစ်ပါတယ်။

ဥပမာအားဖြင့် ဘရောက်စာရဲ့ အခြား စွမ်းဆောင်ချက်များကို ကန့်သတ်ထားတဲ့ Power Saving Mode က သင့်ဖုန်းရဲ့ ဘက်ထရီကို သက်သာစေပါတယ်။ Night Mode က ညအချိန်စာဖတ်ရင် သင့်မျက်လုံး မထိခိုက်အောင် ကာကွယ်ပေးပါတယ်။ Immersive Mode ကတော့ ဘရောက်စာကို Full Screen ဖြင့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ သီချင်းချစ်သူများအတွက် အကောင်းဆုံးလို့ ပြောလို့ရတဲ့ စွမ်းဆောင်ချက်တစ်ခုမှာ အခြား Tab တစ်ခုကနေ ၀က်ဆိုက်များ ကြည့်နေရင်းကနေ Tab တစ်ခုမှာ ဖွင့်ထားတဲ့ သီချင်းများကို နားဆင်နိုင်တာပါ။ Tab တစ်ခုကနေ တစ်ခု ကူးပြောင်းဖို့ လက်ဖြင့် ဘယ် သို့မဟုတ် ညာသို့ ပွတ်ဆွဲလိုက်ရုံပါပဲ။ Qualcomm Processor ထည့်သွင်းထားတဲ့ ဖုန်းနဲ့ ဆိုရင် အင်တာနက် ကြည့်ရာမှာ ပိုမိုလျှင်မြန်စေတယ်လို့ တီထွင်သူများက ပြောပါတယ်။ သူ့ကို Android 5.0 နဲ့ သူ့အထက်မှာ သုံးနိုင်ပါတယ်။ အခမဲ့သုံးနိုင်ပေမယ့် ကြော်ညာများ ပါရှိပါတယ်။

Download


Energy Bar


Phone ရဲ့ Notification Bar မှာ Battery Indicator ကို အိုင်ကွန် သို့မဟုတ် ရာခိုင်နှုန်းဖြင့် ဖော်ပြကြပါတယ်။ အဲဒီ အိုင်ကွန်နဲ့ ရာခိုင်နှုန်း ဂဏန်း သေးသေးလေးတွေကို ကြိုးစားကြည့်နေရရင်တော့ Energy Bar က သင့်အတွက်ပါ။ သူက ဘက်ထရီ ပမာဏကို Notification Bar အပြည့် အရောင်ဘားတန်းဖြင့် ဖော်ပြထားတဲ့အတွက် ရှင်းလင်းပြတ်သားပါတယ်။ အရောင်ဘားတန်းရဲ့ အထူနဲ့ အရောင်ကို ချိန်ညှိနိုင်ပါတယ်။ အားသွင်းထားတဲ့အခါမှာ အားစသွင်းချိန်ကတည်းက အားဖြည့်ပေးထားတဲ့ ပမာဏကို ဘားတန်းမှာ ပြသထားပါတယ်။ ရုပ်ရှင် ကြည့်ချိန်၊ ဂိမ်းကစားချိန်များမှာ ဘားတန်းကို ဖျောက်ထားဖို့ သတ်မှတ်ထားနိုင်ပါတယ်။ အခမဲ့ အသုံးပြုနိုင်ပေမယ့် ကြော်ညာများ ပြသမှာပါ။ အခပေး သုံးမှသာ ကြော်ညာများကို မမြင်ရမှာဖြစ်ပါတယ်။


Download


Credit to ==> DigitalTimes.com.mm






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment