ကိုတင်သတင်း ထွက်ပေါ်ခဲ့တဲ့အတိုင်း Asus က Zenfone 3s Max ကို
မိတ်ဆက်ပေးလိုက်ပါတယ်။ အဲ့ဒီဟန်းဆက်ကို ရူပီး ၁၄,၉၉၉ (၂၂၀ ဒေါ်လာ) နဲ့
အိန္ဒိယမှာ စတင်ရောင်းချမယ်လို့ သိရပါတယ်။
Asus Zenfone 3s Max ရဲ့ အကောင်းဆုံး feature က အရွယ်ကြီးမားတဲ့
5,000mAh ဘက်ထရီပါ။ အခြား အရေးပါတဲ့ အချက်အလက်များကတော့ ၅.၂ လက်မ HD
display, MediaTek MT6750 SoC, 3GB/32GB memory configuration နဲ့ 13MP/8MP
camera combo တို့ ဖြစ်ပါတယ်။
Zenfone 3s max မှာ Android 7.0 Nougat ကို အသုံးပြုထားပါတယ်။
လက်ဗွေဖတ်စနစ်ပါဝင်ပြီး အနက်ရောင်၊ ရွှေရောင်တို့နဲ့ ရရှိနိုင်မယ်လို့
သိရပါတယ်။
Ref: GSMArena
သီဟထိုက်
www.thihahtike.net






0 comments:
Post a Comment