♪ “Android O ကို မြည်းကြည့်မယ်ဆိုရင်” ♫

Image may contain: text

Android 7.0 လို့ခေါ်တဲ့ Android N (Nougat) မှ အပတ်မလည်သေးဘူး။ လာပြန်ပြီ Android O တဲ့ “အဲဒီ O က ဘာကို ရည်ညွှန်းသလဲ။ Oreo Evens လား၊ Orange လား၊ Oatimeal cookie လား၊ Chocolate Orange လား၊ Opal Fruits လား၊ အမျိုးမျိုးမှန်းကြတာပဲ။ အောင်မယ် လောင်းကြေးတောင်ထပ်လိုက်သေး။ ဒါပေမယ့် ဘယ်သူမှ အတိအကျမပြောနိုင်ပါဘူး။ Android N လိုပေါ့။

ဘာတွေဘယ်လိုပဲပြောပြော Android version အသစ်တစ်ခု ထွက်လာပြီဆိုရင် ထူးခြားချက်ကလေးတွေက ပါလာစမြဲ ပဲ။ တစ်ခါတလေမှာ သိသိသာသာထူးခြားလာတာလေးတွေ အတော်များများပါတယ်။ တစ်ခါတလေကြတော့လည်း version တက်လာတယ်သာဆိုတယ် အပြောင်းအလဲလေးတွေက မသိမသာပဲပါတယ်။ Version အသစ်တစ်ခုပေါ်ပြီ ဆိုရင် လူတွေက စမ်းသုံးချင်ကြတာ ဓမ္မတာပါ” စမ်းသပ်ဆဲအဆင့်မှာ Developer preview တွေပေးပြီး စမ်းသုံးခွင့်ပေးတာကိုး။

Android O ရဲ့ feature အသစ်တွေကို ဖန်တီးပေးတဲ့ tool အစုအဝေးကို သုံးကြည့်ချင်တာမဟုတ်ဘဲ Android O အစစ်အမှန်ကို သုံးချင်တယ်ဆိုရင် Developer Preview ကို download ချရမယ်။ Preview ကိုသုံးခွင့်ရတယ်ဆိုပေမယ့် သူ့ အတွက်ပေးဆပ်ရတာတွေလည်း ရှိပါတယ်။ ပထမဆုံးသတိထားရမှာက Preview ဟာ Preview သာ ဖြစ်ပြီး stable version မဟုတ်ဘူးဆိုတဲ့အချက်ပါ။ ဒါကြောင့် main device ပေါ်တင်သုံးတဲ့အခါ stable ဖြစ်ချင်မှဖြစ်လိမ့်မယ်။ ကံဆိုးရင် ဖုန်းကို factory reset ချပစ်ပါမယ်။ အဲဒီလိုလုပ်လိုက်ရင် ဖုန်းထဲက data တွေအားလုံးသုံးမယ်။ ဒါကြောင့် Developer Preview ကို install လုပ်မယ်ဆိုရင် ဖုန်းထဲကမရှိမဖြစ် data တွေအားလုံးကို backup လုပ်သင့်ပါတယ်။

ဒါထက်ပိုပြီး မကောင်းတဲ့အချက်က နောက်ဆုံးပေါ် Android version မှန်သမျှဟာ preview ဘ၀မှာ စမတ်ဖုန်းအားလုံး အတွက် အဆင်မပြေဘူးဆိုတဲ့အချက်ပါ။ များသောအားဖြင့် Google ကထုတ်တဲ့ device တချို့မှာပဲ အဆင်ပြေပါတယ်။ ဥပမာ ပြောရရင် Pixel ၊ Pixel XL နဲ့ Pixel C ၊ Nexus 6P ၊ Nexus 5X နဲ့ Nexus Player ဆိုတဲ့ စမတ်ဖုန်းတွေမှာ အဆင်ပြေနိုင်တယ်။ ဒါကြောင့် Preview ရပြီ၊ အစမ်းသုံးလို့ရပြီဆိုတိုင်း ကိုယ်သုံးနေတဲ့ဖုန်းအတွက် အဆင်ပြေနိုင်မပြေနိုင် လေ့လာဖို့လိုပါတယ်။ ကိုယ့်ဖုန်းမှာသုံးချင်တယ်ဆိုရင်တောင် အဲဒီဖုန်းဟာ အနည်းဆုံး Android 7.1 သုံးထားတာဖြစ်ဖို့ လိုပါတယ်။ ဒါက အပေါ်မှာ ပြောခဲ့တဲ့ ဖုန်းအမျိုးအစား တစ်မျိုးမျိုးထဲမှာ အကြုံးမ၀င်ခဲ့ရင် ကိုယ့်ဖုန်းအတွက် စဉ်းစားရမယ့် အချက်ဖြစ်ပါတယ်။

ကိုယ့်ဖုန်းကို Android O Compatible device စာရင်းထဲမှာ တွေ့ပြီဆိုရင် ပထမဆုံးလုပ်ရမှာက Firmware အပါအ၀င် အရေးကြီး data အားလုံးကို backup လုပ်ပါ။ backup ရှိထားပြီဆိုမှ ရှေ့တစ်ဆင့်တက်ပြီး စွန့်စားလို့ရမယ်။ ပြီးရင် လိုအပ်တဲ့ဖိုင် တွေကို download ဆွဲဖို့လိုပါတယ်။ Android O ကို စမ်းသုံးဖို့အတွက် download ဆွဲရမယ့် ဖိုင်တွေထဲမှာ Andriod O image ပါတယ်။ Android fastboot နဲ့ ADB ပါတယ်။ Android O image ကို www.bit.ly/ao 422 ကနေ download ဆွဲနိုင်တယ်။ ကိုယ်ဆွဲတဲ့ image ဖိုင်က ကိုယ့် device အတွက် မှန်ကန်တဲ့ image ဖိုင်ဖြစ်ဖို့လိုပါတယ်။

Android Fastboot နဲ့ ADB ဖိုင်တွေကိုတော့ www.bit.ly/debug 422 ကနေ download ဆွဲနိုင်ပါတယ်။ ဒါက Windows ကွန်ပျူတာသုံးသူတွေအတွက်ပါ။ အဲဒီဖိုင်တွေအပြင် Google use drive ကိုလည်း www.bit.ly/gusb422 ကနေ download ဆွဲယူရပါမယ်။ Developer preview ကို စမ်းမသုံးခင်မှာ Android Fastboot နဲ့ ADB tools တွကို Windows ထဲမှာ install လုပ်ရပါမယ်။ ပြီးရင် Android O image ကို unzip လုပ်ရမယ်။ ဒါကို hard drive ထဲမှာ ဖြည်ချရပါမယ်။

ဒါတွေပြီးသွားပြီဆိုရင် Android O Developer Preview ကို install လုပ်ကြပါမယ်။ ပထမဆုံးလုပ်ရမှာက ကိုယ့်ရဲ့ device ထဲမှာ Developer options ကို enable လုပ်ရမယ့် အရင်တုန်းက Android version မှာ Developer Options ကို ဖော်ထားပေမယ့် Android 4.4 လောက်ကစပြီး Developer Options ကို device ထဲမှာ မြှုပ်ထည့်လာပါတယ်။ ဒါကိုပြန်ဖော် ပေးဖို့အတွက် settings> About Phone အတိုင်းဝင်သွားပါ။ ပြီးရင် build number နေရာမှာ ခုနှစ်ချက်ခေါက်ပါ။ ပြီးရင် setting ထဲကို ပြန်ထွက်လိုက်ပါ။ Developer Options menu ဟာ screen ရဲ့ အောက်ခြေနားမှာ ပေါ်လာတာတွေ့ရပါမယ်။

Developer Options menu ထဲဝင်ပါ။ ပြီးရင် USB debugging ကို enable လုပ်ပေးပါ။ ပြီးရင် OEM unlock လုပ်ပေးပါ။ Power button နဲ့ volume down button ကို တစ်ပြိုင်တည်း ဖိထားပြီး ဖုန်းကို Fastboot mode ထဲဝင်ပါ။ ပြီးရင် ဖုန်းနဲ့ကွန်ပျူတာကို USB ကြိုးနဲ့ဆက်ပါ။ ပြီးရင် Windows ထဲသွားပါ။ Start နေရာမှာ ကလစ်နှိပ်ပါ။ Start menu ပေါ်လာပြီ ဆိုရင် အဲဒီမှာမြင်နေရတဲ့ ကွက်လပ်ထဲမှာ Cmd လို့ရိုက်ထည့်ပါ။ Command line ထဲဝင်ဖို့ဖြစ်ပါတယ်။ ပြီးရင် enter ခေါက်ပါ။ Command Prompt window တက်လာပြီဆိုရင် fastboot flashing unlock လို့ ရိုက်ထည့်ပါ။ Device ရဲ့ Volume key တွေရယ် Power button ရယ်ကိုစုံနှိပ်ပြီး boot loader ကို unlock လုပ်ချင်တဲ့ အကြောင်း အတည်ပြုပေးပါ။

ပြီးရင် Command prompt ထဲမှာ Android O ဖိုင်တွေရှိတဲ့ဆီကို လှည့်ပတ်ပြီး ၀င်သွားပါ။ အဲဒီဖိုင်တွေဟာ တကယ် လည်း Desktop ပေါ်မှာ ရှိတယ်ဆိုရင် cd Desktop / Android O လို့ ရိုက်ပါ။ ပြီးသွားရင် fastboot devices ကို ရိုက်ထည့် ပေးပါ။ ဒီလိုရိုက်ထည့်လိုက်ရင် ဒီလိုရိုက်ထည့်လိုက်ရင် ကိုယ့်ဖုန်းရဲ့ serial number ကိုလာပြသင့်ပါတယ်။ ဒီလိုမြင်လာ ရပြီဆိုရင် flashall ကို ရိုက်ထည့်ပါ။ Android O Developer Preview ကို install လုပ်ပါလိမ့်မယ်။

Developer preview ကိုကြည့်ပြီးရင် Android O ရဲ့ ထူးခြားချက်တွေကိုတွေ့ရပါမယ်။ အဲဒီအထဲက တော်တော်လေး ကို ထူးခြားတဲ့အချက်တချို့ကို ကောက်နုတ်ဖော်ပြချင်ပါတယ်။ ပထမထူးခြားချက်က Picture in Picture mode ဖြစ်ပါတယ်။ app တစ်ခုကို သုံးနေတုန်း ဗီဒီယို ကြည့်နိုင်တာမျိုးဖြစ်ပါတယ်။ Android 7.0 မှာ Split screen mode အနေနဲ့ တစ်စိတ်တစ်ပိုင်း မြင်ခဲ့ရပါပြီ။ ဒါပေမယ့် Android O မှာ ပိုကောင်းပါတယ်။ ဒုတိယထူးခြားချက်က lock-screen shortcuts ဖြစ်ပါတယ်။ ဒါက တော့ ကိုယ်စိတ်ကြိုက် app တွေကို lock screen ပေါ် ပို့ပေးတာဖြစ်ပါတယ်။ အဲဒီ app ကို အမြန်ဆုံးဖွင့်နိုင်ပါမယ်။

တတိယထူးခြားချက်က တိုးတက်ကောင်းမွန်လာတဲ့ file manager ဖြစ်ပါတယ်။ ထူးထူးခြားခြားပြနိုင်တာက Solid Explorer file Manager ဖြစ်ပါတယ်။ သူ့အကြောင်းကို www.bit.ly/sol422 မှာကြည့်နိုင်ပါတယ်။ သူက အခမဲ့နေရာတော့ မဟုတ်ပါဘူး။ စတုတ္ထထူးခြားချက်က Quick access to the app drawer ဖြစ်ပါတယ်။ screen ရဲ့ ဘယ်နေရာကမဆို ပွတ်ဆွဲရုံနဲ့ app drawer ထဲရောက်နိုင်ပါတယ်။ ထူးခြားလှတာမဟုတ်ပေမယ့် လက်ခံကြိုဆိုသင့်တဲ့ ထူးခြားချက်ဖြစ်ပါတယ်။ Android O ဆိုပေမယ့် မိုဘိုင်းဖုန်းထုတ်လုပ်ရာ ကုမ္ပဏီပေါ်မူတည်ပြီး Flavour တွေ ကွဲပြားသွားနိုင်ပါတယ်။



နောင်စိုး(ထားဝယ်)

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com


0 comments:

Post a Comment