♪ YouTube အတွက် အသုံးဝင်တဲ့ URL Tricks များ ♫


ပြိုင်ဖက်များ ရှိနေပေမယ့် YouTube ဟာ အင်တာနက်မှာ နာမည်အကြီးဆုံး ဗီဒီယို ၀က်ဆိုက် ဖြစ်ပါတယ်။ နေ့စဉ်နေ့တိုင်း Upload လုပ်တဲ့ ဗီဒီယို အရေအတွက်ကလည်း ပြိုင်ဖက်များထက် သာလွန်ပါတယ်။ ဗီဒီယိုနဲ့ ပတ်သက်ရင် YouTube က အကောင်းဆုံးဖြစ်တဲ့အတွက် အသုံးဝင်တဲ့ URL Tricks များကို တင်ဆက်လိုက်ပါတယ်။

၁။ ဗီဒီယိုရဲ့ အစနေရာကို သတ်မှတ်၍ Link ဖန်တီးပါ။

သာမာန်အားဖြင့်တော့ YouTube Video တစ်ခုရဲ့ လင့်ကို အခြားလူထံ မျှဝေရင် ဗီဒီယိုကို အစကနေ ပြသမှာပါ။ မလိုအပ်ဘဲ ရှည်လျားနေတဲ့ Intro များကို ကျော်ပြီး အခြားလူများကို ပြသချင်ရင်တော့ ဒီနည်းလမ်းကို သုံးပါ။ Video URL ရဲ့ အဆုံးမှာ &t=YmXXs ကိုထည့်ပေးပြီး Y နေရာမှာ မိနစ်နဲ့ XX နေရာမှာ စက္ကန့်ကို သတ်မှတ်ပါ။ မိနစ်မထည့်ဘဲ စက္ကန့်ပဲ ထည့်နိုင်ပါတယ်။ ဥပမာအားဖြင့်
youtube.com/watch?v=7RWI3-8N_-Y
အထက်ပါ လင့်မှ ဗီဒီယိုရဲ့ အစပိုင်းကို ကျော်ပြီး ၁ မိနစ်နဲ့ ၃၀ စက္ကန့်မှစ၍ ပြသချင်ရင်
youtube.com/watch?v=7RWI3-8N_-Y&t=1m30s
လို့ ထည့်ပေးရမှာပါ။
နောက်တစ်နည်းကတော့ သင်စပြချင်တဲ့ နေရာမှာ ဗီဒီယိုကို Pause လုပ်ပါ။ Right-Click နှိပ်ပြီး Copy video URL at current time ကို နှိပ်ပါ။ ပြီးရင်တော့ သင့် သူငယ်ချင်းထံ Paste လုပ်၍ မျှဝေနိုင်ပါပြီ။

၂။ ဗီဒီယိုကို Loop လုပ်ပါ။

YouTube မှာ သီချင်းများကို ထပ်ခါတလဲလဲ နားဆင်ချင်ရင် URL မှ YouTube စာသားရဲ့ အနောက်မှာ Repeater လို့ ထည့်ပေးပါ။ ဒါဆိုရင် ဗီဒီယိုကို youtuberepeater.com ကနေ ဖွင့်ပေးမှာ ဖြစ်ပြီး ဗီဒီယိုကို သင် မပိတ်မချင်း Loop လုပ်ပေးမှာပါ။ ဥပမာအားဖြင့်
youtube.com/watch?v=oeb5LdAyLC8
အထက်ပါ လင့်ကို အောက်ပါ အတိုင်း ပြောင်းပေးပါ။
youtuberepeater.com/watch?v=oeb5LdAyLC8
Loop လုပ်မယ့် ဗီဒီယိုရဲ့ အစနဲ့ အဆုံးအမှတ်များကို သတ်မှတ်နိုင်ပါတယ်။

၃။ အသက် ကန့်သတ်ချက် ရှိတဲ့ ဗီဒီယိုကို ကြည့်ပါ။

YouTube မှ အချို့ဗီဒီယိုများဟာ အသက်ပြည့်မှ ကြည့်လို့ရပါတယ်။ သင်ဟာ အသက်မပြည့်သေးဘဲ အဲဒီ ဗီဒီယိုများကို ကြည့်ချင်ရင် အောက်ပါနည်းလမ်းကို သုံးပါ။ သင့်အကောင့်ကနေ Signout လုပ်ပါ။ ( YouTube အကောင့် မရှိသူများအတွက်လည်း ဒီနည်းက အဆင်ပြေပါတယ်။ ) ဥပမာအားဖြင့်
youtube.com/watch?v=wvZ6nB3cl1w
အဲဒီ လင့်မှ watch? ကို ဖျက်ပြီး = နေရာမှာ / ကို ထည့်ပေးပါ။ အောက်ပါ လင့်လို ဖြစ်အောင် လုပ်ရမှာပါ။
youtube.com/v/wvZ6nB3cl1w

၎။ ဒေါင်းလုပ်လုပ်ပါ။

YouTube Video များကို ဒေါင်းလုပ်လုပ်ပေးနိုင်တဲ့ URL Tricks များလည်း ရှိပါတယ်။ URL မှ youtube.com ရဲ့ အရှေ့မှာ pwn or kick ကို ထည့်ပေးပါ။ ဥပမာအားဖြင့်
youtube.com/watch?v=kFIsoq63lwo
ကို အောက်ပါ လင့်များလို ပြောင်းပေးပါ။

pwnyoutube.com/watch?v=kFIsoq63lwo

kickyoutube.com/watch?v=kFIsoq63lwo

၅။ ဗီဒီယိုကနေ GIF ဖန်တီးပါ။


ဗီဒီယိုတစ်ခုမှ အစိတ်အပိုင်းတစ်ခုကို GIF ဖန်တီးချင်ရင် လင့်ရဲ့ အရှေ့မှာ gif ကို ထည့်ပေးပါ။ ဥပမာအားဖြင့်

youtube.com/watch?v=gy1B3agGNxw
ကို အောက်ပါ အတိုင်း ပြောင်းပေးပါ။
 gifyoutube.com/watch?v=gy1B3agGNxw

ပြီးရင် Gifs.com ကို ရောက်ရှိမှာ ဖြစ်ပြီး GIF ကို Crop လုပ်ခြင်း၊ Effects များ ထည့်ခြင်းများကို ပြုလုပ်နိုင်ပါတယ်။ ဗီဒီယိုများဟာ တစ်နာရီ မကျော်ရပါဘူး။

၆။ YouTube Videos များကို ပေါင်းစပ်ပါ။

ဒီတစ်ခုကတော့ URL Trick မဟုတ်ပေမယ့် YouTube URLs များကို အသုံးပြုထားပါသေးတယ်။ YouTubeDoubler.com ၀က်ဆိုက်ကို သွားပါ။ YouTube URLs နှစ်ခုကို ထည့်ပေးပြီး ဗီဒီယို နှစ်ခုကို ပေါင်းစပ်နိုင်ပါတယ်။ ဗီဒီယိုများရဲ့ အစမှတ်ကိုလည်း သတ်မှတ်နိုင်ပါတယ်။ သီချင်း နှစ်ပုဒ်ကို ပေါင်းစပ်ခြင်းဖြင့် ရီစရာကောင်းတဲ့ သီချင်းများကို ဖန်တီးနိုင်ဖို့အတွက် အသုံးဝင်ပါတယ်။




Credit to ==>> DigitalTimes.com.mm







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment