♪ Huawei သုံးစွဲသူများအတွက် အသစ်ထွက်ရှိလာသည့် Huawei Y မိသားစု ♫


Huawei မှ မျိုးဆက်သစ်များဖြစ်သည့် မြန်ဆန်ပြီး စတိုင်လ်ကျလှသော Y7 Prime၊ Y6 II Prime နှင့် Y5 2017 တို့ကို Huawei Y မိသားစုဝင်အသစ်များအဖြစ် ဝယ်ယူရရှိမည်ဖြစ်တယ် လို့ သိရပါတယ်။

Huawei Y စီးရီးဟုဆိုလိုက်လျှင် သုံးစွဲသူများ၏ စိတ်ထဲတွင် ပေးရသောဈေးထက် ရရှိသော တန်ပြန် ရလဒ်၊ ပါဝင်သော လုပ်ဆောင်ချက်များက ပိုမိုနေသဖြင့် သုံးစွဲသူများနှစ်သက်ကြသည့် စီးရီးတစ်ခုလည်း ဖြစ်တယ် လို့ Huawei Myanmar က ဆိုထားပါတယ်။ အဲဒီ အပြင် မှာ Huawei ဟု ဆိုလိုက်လျှင် လိုင်းဆွဲအားနှင့် အကြမ်းခံမှု၊ အသုံးခံမှုတို့မှာ သာလွန်လှသည်ကို အားလုံးလက်ခံကြတဲ့ စမတ်ဖုန်း တစ်လုံး လည်း ဖြစ်တယ် လို့ သိရပါတယ်။

Y မိသားစုဝင်အသစ်ထဲမှာ အကြီးဆုံး လို့ ဆိုနိုင်တဲ့ Y7 Prime ကို လက်ရာမြောက် ဒီဇိုင်း၊ လျှပ်တပြက်ရိုက်ချက်တွေမှာပင် အသက်ဝင်နိုင်စေသော ကင်မရာ၊ သွက်လက်မြန်ဆန်လှသော လုပ်ဆောင်ချက်များအပါအဝင်နောက်ဆုံးပေါ်android N ကိုအခြေခံသော EMUI 5.1နှင့် ဖန်တီးထားပါတယ်။ အသေးစိတ်ဖန်တီးထားတဲ့ သတ္တုကိုယ်ထည်၊ 5.5” HD မျက်နှာပြင်နှင့် 2.5D မှန်သား၊ မြန်မြန်ဆန်ဆန်၊ ချောချောမွေ့မွေ့ လုပ်ဆောင်နိုင်မည့် 3GB RAM၊ 32 GB ROM၊ စွမ်းအင်ချွေတာနိုင်မည့် နည်းပညာ (smart battery saving technology) ဖြင့် အားအင်အပြည့် 4,000 mAh ဘက်ထရီ၊ လျှပ်တပြက်ရိုက်ချက်များမှာပင် တောက်ပပြီး ပြီးပြည့်စုံမည့် ကင်မရာတို့ ပါဝင်တယ် လို့ ဆိုပါတယ်။

အလယ်အလတ်တန်းစား လို့ ဆိုနိုင်တဲ့ Y6 II Prime ကို Google AndroidTM 6.0 နဲ့  ဖန်တီးထားပြီး 5.5” မျက်နှာပြင်က ကြည်လင်တောက်ပသော အရည်အသွေးကို ပေးစွမ်းနိုင်မည့်အပြင် အနောက်ကင်မရာ 13MP နဲ့ အရှေ့ကင်မရာ 8MP တို့က ရိုက်လိုက်တဲ့ ရိုက်ချက်တိုင်းကို အပြည့်အဝ ကျေနပ်စေမည်ဖြစ်တယ် လို့ ဆိုပါတယ်။ 3,000 mAh ပါဝင်တဲ့ ဘက်ထရီမှာ စွမ်းအင်ချွေတာစနစ်ပါ ပါဝင်သည့်အတွက် တစ်နေ့တာအတွက် ကောင်းမွန်စွာ လုံလောက်သော ပမာဏဖြစ်သဖြင့် power bank ဆောင်သွားစရာပင် လိုအပ်မှ မဟုတ်ဘူး လို့ ဆိုပါတယ်။

5” လက်မ မျက်နှာပြင်နှင့် လက်ထဲတွင် ကျစ်ကျစ်လျစ်လျစ် ကိုင်ဆောင်နိုင်မည့် အငယ်ဆုံး Y5 2017 ကို သေသပ်လှပသော အနုစိတ်လက်ရာများဖြင့် ဖန်တီးထားပြီး ရွေးချယ်စရာအရောင်များနှင့် ပံ့ပိုးပေးထားပါသည်။ Flash မီးနှစ်လုံးပါဝင်ပြီး 8MP အနောက်ကင်မရာက လှပသော ပုံရိပ်များဖန်တီးရန် လုံလောက်စေမှာ ဖြစ်ပါတယ်။  စွမ်းအင်အပြည့်နှင့် ဘက်ထရီ 3,000 mAh က တစ်နေ့တာအတွက် အဆင်ပြေစေပြီး Y5 2017 ဟာ အခု အချိန်မှ စမတ်ဖုန်း စတင်သုံးစွဲသူတွေ အတွက် ရည်ရွယ်ထားပုံရပါတယ်။

Huawei Y7 Prime နှင့် Y 6II Prime ၀ယ်ယူသူများအတွက် Telenor SIM ကဒ်အတွင်း ငါးထောင်ကျပ်ဖြည့်ပေးရုံဖြင့် အင်တာနက် အခမဲ့ သုံးစွဲခွင့် 1GB နှင့် လစဉ် မိနစ် ၆၀ (Telenor အချင်းချင်း) အခမဲ့ပြောဆိုခွင့် ခြောက်လဆက်တိုက် ခံစားခွင့်ရှိမည် ဖြစ်သည်။ Y5 2017 ၀ယ်ယူသူများ အတွက် Telenor SIM ကဒ်အတွင်း ငွေကျပ် သုံးထောင်ကျပ် ဖြည့်ပေးရုံဖြင့် အင်တာနက် 800 MB အခမဲ့ သုံးစွဲခွင့်ကို ခြောက်လဆက်တိုက် ရရှိမှာ ဖြစ်တယ် လို့ ဆိုပါတယ်။

Huawei Y7 Prime ကို ၂၇၉,၀၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်ကာ အရောင်အနေနှင့် ရွှေရောင်၊ မီးခိုရောင်နှင့် ငွေရောင် တို့ကို ရွေးချယ်နိုင်မည်ဖြစ်ပြီး Huawei Y6 II Prime ကို ၂၃၉,၀၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်ကာ အရောင်အနေနှင့် ရွှေရောင်၊ အဖြူရောင်နှင့် အနက်ရောင်တို့ကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ Y5 2017 ကိုတော့ အဖြူ၊ ရွှေရောင် ၊ မီးခိုးရောင်တွေ ရရှိနိုင်ပြီး ဈေးနှုန်း ကတော့ ၁၇၉,၀၀၀ ကျပ် လို့ သိရပါတယ်။




Credit to ==> DigitalTimes.com.mm







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 
www.pyaephyo.com


0 comments:

Post a Comment