♪ “ OPPO R11 ကို ဇွန်လ (22) ရက်နေ့ စင်ကာပူတွင် စရောင်းပြီ ” ♫

Image may contain: phone

OPPO R11 စမတ်ဖုန်းကို ဇွန်လ (22) ရက်နေ့ စင်ကာပူနိုင်ငံမှာ ၀ယ်ယူနိုင်တော့မယ်လို့ သိရပါတယ်။ မကြာသေးမီရက်ပိုင်းအတွင်း တရုတ်နိုင်ငံမှာ စတင်ရောင်းချခဲ့စဉ်ကလည်း OPPO R11 ရဲ့ ရောင်းအားက မိနစ်ပိုင်းအတွင်း အွန်လိုင်းမှာရော offline အရောင်းဆိုင်တွေမှာပါ အောင်မြင်မှုရရှိခဲ့တာ တွေ့ရပါတယ်။ စင်ကာပူနိုင်ငံမှာတော့ ဇွန်လ (22) ရက်နေ့ အင်္ဂါနေ့မှာ စတင်ရောင်းချသွားမှာဖြစ်ပြီး ဈေးနှုန်းကိုတော့ ဖော်ပြမထားပါဘူး။

တရုတ်ပြည်မှာရောင်းချစဉ်က OPPO R11 ကို တရုတ်ယွမ်ငွေ 3000 (အမေရိကန်ဒေါ်လာ 440 ၀န်းကျင်) နဲ့ ရောင်းချခဲ့တာဖြစ်ပြီး ထိုင်ဝမ်မှာတော့ ထိုင်ဝမ်ဒေါ်လာ 16000 (အမေရိကန်ဒေါ်လာ 525 နီးပါး) ဈေးသတ်မှတ်ထားတယ်လို့ သိရပါတယ်။ OPPO R11 ရဲ့ အဓိကထူးခြားချက်က Snapdragon 660 Chipset အသုံးပြုထားတဲ့အချက်နဲ့ (16MP နဲ့ 20MP ) ကင်မရာနှစ်လုံးရဲ့ လုပ်ဆောင်မှုတွေပဲ ဖြစ်ပါတယ်။ 16MP ကင်မရာရဲ့ဆင်ဆာက R9s လို့သိထားကြတဲ့ Sony IMX 398 ဆင်ဆာဖြစ်ပြီး 20MP ကင်မရာကတော့ IMX 376 အသုံးပြုထားပါတယ်။ ဒီဆင်ဆာတွေရဲ့ ထောက်ပံ့မှုက Telephoto ရိုက်ကူးချက်တွေကို အဆင့်မြင့်ရုပ်ထွက်ရရှိစေနိုင်မှာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် 14-bit Spectra 160 IPS နဲ့ HVS လုပ်ဆောင်ချက်တွေကလည်း ရုပ်ထွက်ပိုင်းကောင်းမွန်အောင် ပံ့ပိုးပေးမှာပဲဖြစ်ပါတယ်။ R11 မှာသုံးထားတဲ့ HVS စနစ်က Google ရဲ့ Pixel စမတ်ဖုန်းတွေမှာလည်း တွေ့ရမှာဖြစ်ပြီး HDR+ ရုပ်ထွက်ရရှိဖို့ စွမ်းဆောင်ပေးနိုင်တဲ့ နည်းပညာတစ်ခုပါပဲ။



သံစဉ်ချို

NetGuide Journal (Every Wednesday)
https://web.facebook.com/officialnetguidejournal








<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com

0 comments:

Post a Comment