♪ " Qi ကြိုးမဲ့အားသွင်းစနစ်ပါဝင်လာပြီး မန်မိုရီပိုများလာတဲ့ LG G6 Plus " ♫

Image may contain: phone

LG ကုမ္ပဏီက Qi ကြိုးမဲ့အားသွင်းစနစ်ပါဝင်လာပြီး မန်မိုရီပိုများလာတဲ့ LG G6 Plus စီးရီးကို ထပ်မံမိတ်ဆက်လိုက်ပါတယ်။ ယခင်မိတ်ဆက်ခဲ့တဲ့ LG G6 မှာထက် အရောင်လည်းပိုစုံပြီး ရွေးချယ်စရာ ပိုများလာနိုင်မှာပါ။ 4GB RAM 128GB storage ၊ B&O headphones နဲ့ အရောင်အသစ်တွေကိုပါ ရရှိနိုင်မယ့်အပြင် စိတ်ဝင်စားစရာကောင်းတဲ့ လုပ်ဆောင်ချက်တွေ၊ ဆော့ဖ်ဝဲ update တွေကို Plus မော်ဒယ်အတွက် တစ်ပါတည်း သယ်ဆောင်လာခဲ့ပါသေးတယ်။

LG G6 Plus မှာ ရွေးချယ်စရာအရောင်အသစ်တွေဖြစ်တဲ့ Optical Marine Blue ၊ Optical Terra Gold နဲ့ Optical Black တို့ကိုရရှိနိုင်ပြီး နောက်ကျောဘက်အရောင်ကလည်း အလင်းရောင်ပေါ်မူတည်ပြီး အရောင်ပြောင်းလဲ သွားမှာဖြစ်တယ်လို့ သိရပါတယ်။ 5.7 လက်မ QHD display နဲ့ ဘေးထောင့်တွေက အဝိုင်းပုံစံချိုးထားတာ တွေ့ရမှာပါ။ Snapdragon 821 processor အသုံးပြုထားပြီး 13MP dual camera 3300 mAh battery တို့လည်း ထည့်သွင်းပေးထားပါတယ်။ တောင်ကိုရီးယားမှာ ဦးစွာရောင်းချမှာဖြစ်ပြီး အမေရိကမှာလည်း မကြာခင်ရရှိမယ်လို့ သိရပါတယ်။ အိန္ဒိယမှာလည်း မကြာခင်ရောင်းချမယ်ဆိုတဲ့ သတင်းထွက်ပေါ်နေပြီး တစ်ကမ္ဘာလုံးမှာ ရောင်းချမယ့်နေ့ရက်ကိုတော့ မသိရှိရသေးပါဘူး။ LG G6 မှာပါဝင်လာတဲ့ ဆော့ဖ်ဝဲ update ကြောင့် ဖုန်း lock ချထားချိန်မှာတောင် ဝန်ဆောင်မှုတွေ အသုံးပြုနိုင်မှာဖြစ်ပြီး မျက်နှာအသုံးပြုပြီး lock ဖွင့်နိုင်လာမှာပါ။ 

Premium B&O headphone ၊ Hi-Fi Quad audio တို့က ကောင်းမွန်တဲ့အသံစနစ် ထောက်ပံ့ပေးမှာဖြစ်ပြီး ကြိုးမဲ့အားသွင်းစနစ် ၊ ဘက်ထရီကုန်ကျမှု လျော့နည်းအောင်ထိန်းသိမ်းပေးနိုင်တဲ့စနစ်နဲ့ Face print နည်းပညာတွေလည်း ပါဝင်လာပါတယ်။ LG G6 ကိုအဆင့်မြှင့်ပြီး storage ပိုင်း၊ အရောင်ရွေးချယ်မှုပိုင်း ပိုသာလာတဲ့ G6 plus ကို နောက်လထဲမှာ စတင်မိတ်ဆက်မှာဖြစ်ပြီး ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ 890 နီးပါးရှိနိုင်တယ်လို့ သိရပါတယ်။



သံစဉ်ချို

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment