♪ OnePlus 5 က Galaxy S8 နဲ့ ဘက်ထရီချင်း နှိုင်းယှဉ်ခဲ့ပြီး iPhone 7 Plus နဲ့ ကင်မရာချင်း နှိုင်းယှဉ်ခဲ့ ♫


ပြီးခဲ့တဲ့ ၃ ရက်အတွင်း ကပ စတင်ဖြန့်ချိခဲ့ပြီး အကောင်း၊ အဆိုး နှစ်မျိုးစလုံး နဲ့ ဝေဖန်မှုတွေ ညံစီနေခဲ့တဲ့ OnePlus 5 ဟာ အခုလည်း ပြီးခဲ့တဲ့ ၂ လ က ထွက်ခဲ့ပြီးသား ကမ္ဘာ့ထိပ်တန်းအဆင့် ရှိတဲ့ ဆမ်ဆောင်း Galaxy S8 နဲ့ နှိုင်းယှဉ်ပြီး ဘက်ထရီ အားသွင်းမှု ဗွီဒီယို ဖိုင် ကို ထုတ်ဖော်ပြသခဲ့ပါတယ်။ နောက်ဗွီဒီယို ဖိုင်တစ်ခု ကတော့ နာမည်ကျော် iPhone 7 Plus နဲ့  ကင်မရာချင်း နှိုင်းယှဉ်ပြခဲ့တယ် လို့ သတင်း ရရှိပါတယ်။

ဘက်ထရီချင်း အားပြိုင်မှုမှာ Video ဖိုင်တွေ ရဲ့ ဖော်ပြမှုတွေ အရ OnePlus 5 ဟာ Galaxy S8 ထက် ဘက်ထရီအားသွင်းမှုနှုန်း ၁.၅ ဆ မြန်ဆန်ခဲ့ပြီး OnePlus5 ဟာ ၂၉ ရာခိုင်နှုန်း အားသွင်းပြီးခဲ့တဲ့ အချိန်မှာ S8 ကတော့ ၂၀ ရာခိုင်နှုန်း သာ ရှိသေးတယ် လို့ တွေ့ရခဲ့ပါတယ်။ လုံခြုံစိတ်ချရတဲ့ ဘက်ထရီ ပါဝါကိုလည်း သုံးစွဲထားတာ တွေ့ရတယ် လို့ Android Police က ရေးပါတယ်။ OnePlus 5 ဟာ 3300 mAh ဘက်ထရီ ကို သုံးစွဲပြီး Galaxy S8 ကတော့ 3000 mAh သုံးစွဲထားပါတယ်။

ကင်မရာချင်း နှိုင်းယှဉ်ခဲ့ချိန်မှာလည်း အံ့သြစရာကောင်းလောက်အောင် နာမည်ကျော် Apple ရဲ့ iPhone 7 plus က အရှုံးပေးခဲ့ရပါတယ်။ OnePlus 5 ရဲ့ pixel ရုပ်ထွက်တွေဟာ ကြည်လင်ပြတ်သားလွန်းပြီး အရေးအကြောင်း ငယ်လေးတွေ ပါ မြင်ရတဲ့ အထိ အနုစိတ်ခဲ့တယ် လို့ ဆိုပါတယ်။


OnePlus 5 နဲ့ Galaxy S8 တို့ ဘက်ထရီချင်း နှိုင်းယှဉ်နေပုံ








OnePlus 5 နဲ့ iPhone 7 Plus ကင်မရာချင်း နှိုင်းယှဉ်ခဲ့ပုံ










Credit to ==> DigitalTimes.com.mm





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com


0 comments:

Post a Comment