♪ " Screen Fingerprint နည်းပညာအပြီးမသတ်သေးလို့ iPhone 8 ရောင်းချမယ့်ရက် နောက်ကျမည်ဟုခန့်မှန်း " ♫

Image may contain: text

Apple ကုမ္ပဏီအနေနဲ့ လက်ရှိအချိန်အထိ Screen Fingerprint နည်းပညာအတွက် အပြီးသတ်ရွေးချယ်မှု မပြုလုပ်နိုင်သေးတာကြောင့် iPhone 8 ရောင်းချမယ့်ရက် အနည်းငယ်နောက်ကျနိုင်တယ်လို့ ကုမ္ပဏီနဲ့ နီးစပ်သူတွေက ပြောပါတယ်။ မကြာသေးခင်က သတင်းတွေအရ Samsung Galaxy Note 8 မှာ မျက်နှာပြင်မှာ မြှုပ်ထားတဲ့ fingerprint scanner ပါဝင်ခြင်းမရှိခဲ့ဘူးလို့ သိရပြီး Apple ရဲ့ ဒီလုပ်ဆောင်ချက် အပေါ်မှာ အခက်အခဲဖြစ်နေပုံပါပဲ။

 နောက်ဆုံးထွက်ခဲ့တဲ့ သတင်းက ယုံကြည်စိတ်ချရပြီး မှန်ကန်တဲ့သတင်းဆိုရင်တော့ Cupertino က ကုမ္ပဏီက မျက်နှာပြင်မှာ fingerprint sensor မြှုပ်ထားဖို့အတွက် အဆုံးမသတ်နိုင်သေးတာကြောင့် iPhone 8 ထုတ်လုပ်မှုက နောက်ကျလိမ့်မယ်လို့ ယူဆရပါတယ်။ Investment firm ဖြစ်တဲ့ Cowen & Co က iPhone 8 မှာ Touch ID အကောင်အထည်ဖော်ဖို့အတွက် အစီအစဉ်တွေကို နောက်ဆုံးအဆင့် ဆုံးဖြတ်ရဦးမှာပါလို့ ဆိုပါတယ်။ လက်ရှိမှာတော့ Apple က ထွက်ရှိလာမယ့် iPhone 8 ရဲ့ fingerprint sensor အတွက် နည်းလမ်း 3 မျိုးထဲက တစ်ခုကို ရွေးချယ်နေဆဲပဲ ဖြစ်ပါတယ်။ ပထမရွေးချယ်စရာတစ်ခုအဖြစ် ကုမ္ပဏီက fingerprint ဧရိယာအတွက် ပါးလွှာတဲ့ cove glass ကို စဉ်းစားနေပါတယ်။ 

ဒုတိယတစ်ခုအဖြစ် fingerprint sensor သို့မဟုတ် မျက်စိအတွက် မှန်ကိုဖြတ်ပြီး pin hole ကိုဖန်တီးဖို့စဉ်းစားနေပြီး နောက်ဆုံးတစ်ခုအဖြစ် AuthenTec Touch ID နဲ့ film fingerprint sensor ကို မျက်နှာပြင်မှာ အစားထိုးဖို့ပဲလို့ သိရပါတယ်။ ပြီးတော့ ဒီနည်းပညာကို iPhone 8 မှာပါဝင်နိုင်ဖို့လည်း အပြင်းအထန် ကြိုးစားနေတာပါ။ Investment firm ကတော့ iPhone 8 ရောင်းချမှုဟာ တစ်လ၊ နှစ်လလောက် နောက်ကျလိမ့်မယ်လို့ အခိုင်အမာဆိုထားပြီး ဒီနှစ်ရဲ့ စတုတ္ထလေးလပတ်မှ ရောင်းချနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ မျှော်မှန်းထားတဲ့ ရက်ထက်နောက်ကျတဲ့အတွက် iPhone ဟာ 2017 စတုတ္ထလေးလပတ်မှာ iPhone သန်း 90 ကိုရောင်းချဖို့ သိုလှောင်ထားနိုင်တယ်လို့ ဆိုပါတယ်။ အထက်မှာဖေါ်ပြခဲ့တဲ့ ရွေးချယ်စရာများအရတော့ fingerprint scanner က မျက်နှာပြင်ဘက်မှာပဲရှိပြီး နောက်ဘက်မှာရှိမယ့်ပုံ မပေါ်ပါဘူး။ 


စိတ်ဝင်စားစရာကောင်းတာကတော့ Apple ကတော့ iPhone 8 ရဲ့ မျက်နှာပြင်မှာ fingerprint sensor ပါဝင်မှုက အောင်မြင်ခဲ့ပြီး Galaxy Note 8 မှာတော့ လုံခြုံရေးပိုင်းကြောင့် မျက်နှာပြင်မှာ fingerprint sensor မရရှိသေးတာပါပဲ။ apple နဲ့ လက်တွဲလုပ်နေတဲ့ Cupertino ကုမ္ပဏီကြောင့် ဒီနည်းပညာသစ် အတည်ပြုနိုင်ဖို့လည်း မျှော်မှန်းရပါတယ်။




သံစဉ်ချို

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 
www.pyaephyo.com


0 comments:

Post a Comment