♪ “ဘက်ထရီစွမ်းအားမြင့်မားသော Meizu M5 Note” ♫

Image may contain: phone

M5 Note ဟာ ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းက ထုတ်လုပ်ပေးထားသော ဖုန်းဖြစ်ပါတယ်။ Metal body နဲ့ဖုန်းကို ကိုင်ဆောင်အသုံးပြု သည့်အခါ၌ ကျစ်လျစ်သော ကိုယ်ထည်ဖြစ်စေရန် 153.6 x 75.8 x 8.2mm ဖြစ်အောင် ဖန်တီးပေးထားပါတယ်။ဖုန်းရဲ့အနောက်ကိုင်ထည်ဟာ အနည်းငယ်ကွေးညွှတ်သောပုံစံရှိပြီး၊ကိုင်ဆောင် အသုံးပြုသည့်အခါမှာလည်းစတိုင်ကျလှပနေပါလိမ့်မယ်။ M5 Note ဟာ ဆင်းကတ်နှစ်ကတ် ထည့်သွင်း အသုံးပြုနိုင်မယ့် ဖုန်းအမျိုးအစားဖြစ်ပါတယ်။

ထို့ကြောင့် ဆင်းကတ် များစွာ ကိုင် ဆောင်သုံးစွဲနေ သူများအဆင်ပြေစေပါမယ်။ ထည့်သွင်း သုံးစွဲရမယ့် ဆင်းကတ်အရွယ်အစားကတော့ Nano Sim ပါ။ ဖုန်းမျက်နှာပြင် အပိုင်းတွင် LTPS IPS LCD Capacitive touchscreen ကို အသုံးပြုပေးထားပါတယ်။ ဖုန်းရဲ့မျက်နှာပြင်အကျယ်အ၀န်းကတော့ 5.5 inches ရှိပါတယ်။ ဖုန်းအသုံးပြုသည့်အခါ၌ ကောင်းမွန်သော ပုံရိပ်များကို ကြည့်ရှုခံစားနိုင်စေရန်အတွက် မြင်ကွင်းစွမ်းရည် အပိုင်းတွင် 1080x1920 pixels ပမာဏနဲ့ ထောက်ပံ့ပေးထားပါတယ်။ တစ်လက်မ မှာရှိမယ့် pixel ပမာဏ သိပ်သည်းဆကတော့ 403ppi ပါ။

Meizu ဟာ ကိုယ်ပိုင် UI ကိုလည်း အသုံးပြုနိုင်အောင် လုပ်ဆောင်ပေး ထားပါတယ်။ M5 Note ရဲ့ Multi touch စနစ်တွင် Flyme 5.2 ကို သုံးစွဲနိုင် ပါမယ်။ လက်ဗွေရာစနစ်အသုံးပြု နိုင်မယ့်ဖုန်းဖြစ်ပြီး၊ လက်ဗွေရာဆင်ဆာစနစ်ကိုဖုန်းရဲ့အရှေ့ဘက်မှာတပ်ဆင်ပေးထားကာ၊ ဆင်ဆာဟာစက္ကန့်အနည်းငယ် အတွင်းလက်ဗွေရာကိုဖတ်ရှုနိုင်ပါတယ်။ ကင်မရာနှစ်မျိုးနှစ်စား တပ်ဆင်ပေးထားပြီး အဓိက,ကင်မရာဟာ 13MP, f/2.2 စွမ်းရည်ရှိပြီး Dual LED, Dual Tone Flash စနစ် ထောက်ပံ့ပေး ထားပါတယ်။ ရှေ့ကင်မရာငယ်ကတော့ 5MP, f/2.0 စွမ်းရည်ရှိပါ တယ်။ဖုန်းတွင်းမှတ်ဥာဏ်ပမာဏခွဲခြားပြီးတော့လည်းဖုန်းကိုထုတ်လုပ် ပေးထားပါတယ်။ RAM ကို 3GB ထည့်သွင်းပေးထားကာ၊ Internal Storage တွင် 16 (သို့) 32GB ဆိုပြီးနှစ်မျိုးနှစ်စားရှိပါမယ်။ အချက် အလက်အများအပြား သိမ်းဆည်းလိုပါကလည်း မှတ်ဥာဏ်ပမာဏ ကိုချဲ့ထွင် သုံးစွဲနိုင်အောင် Card Slot စနစ် ထည့်သွင်းပေးထားပါသေး တယ်။ CPU ရဲ့ စွမ်းရည်မှာ Octa Core (4x1.8GHz Cortex A-53 & 4x1.0GHz Cortex A-53) ဖြစ်ပါတယ်။

Android OS,v 6.0 ကိုသုံးစွဲနိုင် မှာဖြစ်ပြီး၊ အားသွင်းအသုံးပြုရမယ့် ဘက်ထရီအမျိုးအစားကတော့ 4000mAh ဖြစ်ခြင်းကြောင့်ဖုန်းကို အချိန်ကြာမြင့်စွာသုံးစွဲ နိုင်ပါမယ်။ အားသွင်းမြန်ဆန်သောစနစ်လည်း ထည့်သွင်းပေးထားပါတယ်။ဖုန်းကိုမီးခိုး၊ငွေရောင်နှင့်ရွှေရောင်ဆိုပြီးလှပသော အရောင်များဖြင့်လည်း ထုတ်လုပ်ပေးထားပါတယ်။M5 Note (16GB) ရဲ့ဈေးနှုန်းမှာ 209,000 ကျပ်ဝန်းကျင်ရှိပြီး၊ M5 Note (32GB) ရဲ့ဈေးနှုန်းကတော့ 229,000 ကျပ်ဝန်းကျင်ရှိပါတယ်။Ph: 09456585102 သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com


0 comments:

Post a Comment