♪ “Dual-Camera နည်းပညာမှာတစ်ဆင့်တက်လှမ်းနိုင်ခဲ့တဲ့ Huawei” ♫

Image may contain: phone

ပရော်ဖက်ရှင်နယ်အဆင့် ဓာတ်ပုံပညာရပ်အတွက် SLR ဟုခေါ်သည့် single-lens reflex ပါဝင်သောကင်မရာများကို ဓာတ်ပုံဆရာများက မရှိမဖြစ် လိုအပ်သော စက်ကိရိယာတစ်ခုအဖြစ် စံထားလက်ခံ အသုံးပြု ကြပါသည်။ စမတ်ဖုန်းများသည် သာမန်ဒစ်ဂျစ်တယ် ကင်မရာများထက် ကြည်လင်ပြတ်သားသည့် ဓာတ်ပုံများကိုရိုက်ယူနိုင်ပြီး ဓာတ်ပုံရဲ့ pixel အရေအတွက် ပိုကောင်းလာအောင် လုပ်နိုင်သော်လည်း SLR ကင်မရာ များနှင့်ရိုက်ကူးထားသည့် ဓာတ်ပုံအရည်အသွေးကို မီလာနိုင်မည် မဟုတ်ပါ။ အဆိုပါအကြောင်းအရင်းမှာ စမတ်ဖုန်းများတွင်ပါဝင်သည့် ကင်မရာ၏ မှန်ဘီလူးများသည် SLR ကင်မရာများထဲမှ မှန်ဘီလူးများထက် ၂၀စင် တီမီတာခန့် ပိုပြီးပါးလွှာနေသောကြောင့် ဖြစ်ပါသည်။ ယင်းအခက် အခဲကို စမတ်ဖုန်းများအနေဖြင့် မည်သို့မျှကျော်လွှားနိုင်မည်မဟုတ်ပါ။

ယခုလက်ရှိအခြေအနေတွင် စမတ်ဖုန်းများအနေဖြင့် ပိုကောင်းသည့် ဓာတ်ပုံအရည်အသွေးရရှိစေမည့်နည်းလမ်းမှာ ကင်မရာနှစ်လုံးပါဝင်သည့် dual camera နည်းပညာသာဖြစ်ပါသည်။ ကင်မရာတစ်လုံးတည်းကို အသုံးပြုရာမှ ကင်မရာနှစ်လုံး ကို အသုံးပြုသည့်နည်းပညာသည် အမှန် တကယ်မှာ သက်ရှိများ၏ မျက်လုံးတည်ဆောက်မှုကို တုပထားခြင်းဖြစ် သည်။ သက်ရှိ သတ္တ၀ါတို့၏ မျက်လုံးတည်ဆောက်မှုသည် နှစ်သန်းပေါင်း များစွာဆင့်ကဲပြောင်းလဲမှုကြောင့် အကောင်းဆုံးအခြေအနေတွင် ရှိပါ သည်။ လူတို့၏ဦးနှောက်ထဲတွင် အချက်အလက်ထုတ်လွှင့်သိုလှောင်မှု၏ ၉၀ ရာခိုင်နှုန်းသည် ရုပ်ပုံများဖြစ်ပါသည်။ လူ့ မျက်လုံးမှရုပ်ပုံများကို ကြည်လင်ပြတ်သားစွာ ဖမ်းယူနိုင်မှု၊ အလင်းအမှောင်ချိန်ညှိမှု၊ မျက်လုံး အိမ်ထဲ အလင်းဝင်ရောက်မှုကို ထိန်းညှိမှု၊ ရုပ်ပုံကိုတည်ငြိမ်အောင် ဖမ်းယူနိုင်မှုနှင့် ရွှေ့လျားနေသောရုပ်ပုံများကို ဖမ်းယူနိုင်မှုတို့မှာ အံ့သြဖွယ်ကောင်းလောက် အောင် မြင့်မားကောင်းမွန်ပါသည်။

ကင်မရာနှစ်လုံးပါဝင်သည့် နည်းပညာကို အသုံးပြုနိုင်ရန် ဖုန်းထုတ်လုပ် သူများက ဖုန်း၏ CPU အပြင် အခြားနေရာ သုံးခုတွင်လည်း ရင်းနှီး မြှုပ်နှံ မှုပြုရပါသည်။ ပထမဦးဆုံးအနေဖြင့် ကင်မရာတည်ဆောက်ရာတွင် ကျွမ်းကျင်သူများ ပါဝင်သည့် အဖွဲ့ကို ၅ မီလီမီတာရှိသည့် မှန်ဘီလူး ကိုတည်ဆောက်စေပြီး ထိုအစိတ်အပိုင်းက pixel ကောင်းမွန်မြင့်မား စွာဖြင့် သိမ်းဆည်းနိုင်ခြင်း၊ အလင်းရောင်ဖမ်းယူမှု ကောင်းမွန်ခြင်း၊ ရုပ်ပုံကို လျင်မြန်စွာနှင့် ကြည်လင်စွာဖမ်းယူနိုင်ခြင်း၊ အရိပ်မထင်စေ ခြင်းနှင့် ပုံရိပ် ဖမ်းယူမှုတွင် အမှားမရှိစေခြင်း စသည့်လိုအပ်ချက်များ ပြည့်မီစေရန် ဆောင်ရွက်စေပါသည်။ ဒုတိယအဖွဲ့မှ ကင်မရာ နှစ်လုံးကို ဟန်ချက်ညီစွာ ထိန်းညှိနိုင်သည့်နည်းပညာကို ကျွမ်းကျင်သော ဓာတ်ပုံ ဆရာတို့၏ လမ်းညွှန်မှုဖြင့် တည်ဆောက်ရ ပါသည်။ ထိုနည်းပညာက ကင်မရာနှစ်လုံးမှ တစ်ပြိုင်တည်း ရိုက်ယူလိုက်သောပုံရိပ်တို့၏ အကွာ အဝေးနှင့် အနေအထား၊ ကြည်လင်ပြတ်သားမှုနှင့် အရောင်ခွဲခြားမှုတို့ကို အကောင်းဆုံးဖြစ်အောင်ပေါင်းစပ်ပေးပါသည်။ ထို့နောက်တတိယအချက် အနေဖြင့် ISP ဟုခေါ်သော image signal processor အဖွဲ့မှ ဓာတ်ပုံ ရိုက်ရန်ခလုတ် နှိပ်လိုက်သည့်အချိန်တွင် ကင်မရာနှစ်လုံး စလုံးမှ ရိုက်ယူလိုက်သည့်ရုပ်ပုံ ကိုဖမ်းယူခြင်း၊ တိုင်းတာခြင်း၊ ပေါင်းစပ်ခြင်းနှင့် သိမ်းဆည်းခြင်းတို့ကို တစ်ပြိုင်တည်း ဖြစ်ပေါ်နိုင်စေရန် လုပ်ဆောင်ရ ပါသည်။

လက်ရှိအခြေအနေတွင် Apple, Samsung နှင့် Huawei ကုမ္ပဏီ သုံးခုသာဤကဲ့သို့ ရင်းနှီးမြှုပ်နှံမှုမျိုးကို တည်ဆောက် ထားပါသည်။ ဤ ကုမ္ပဏီသုံးခုသာ ၎င်းတို့ကိုယ်ပိုင် image signal processor (ISP) ရှိပါသည်။ Huawei ကုမ္ပဏီတွင် ကင်မရာနှစ်လုံးကို ဟန်ချက်ညီစွာ ထိန်းညှိနိုင်သည့် နည်းပညာကို ဖန်တီးတည်ဆောက်ရန် ကျွမ်းကျင်သူ ၁၀၀ကျော် ရှိပါသည်။ ထို့ပြင် Huawei ကုမ္ပဏီ၏ ကုန်ပစ္စည်းလိုအပ်ချက် အတိုင်း အသေးစိတ်တည်ဆောက်သည့်အဖွဲ့နှင့် ISP ဒီဇိုင်းအဖွဲ့တို့၏ လူ့အရင်းအမြစ်စွမ်းအားအပေါ်တွင် ရင်းနှီးမြုပ်နှံမှုသည် ဖုန်းထုတ်လုပ် သည့် ကုမ္ပဏီအများစု၏ သုတေသနနှင့် တည်ဆောက် ရေးအဖွဲ့ (R&D team)ထက် သာလွန်ကောင်းမွန်ပါသည်။ ဥပမာအားဖြင့် ပြင်သစ်နိုင်ငံရှိ Huawei သုတေသန စင်တာက ISP တည်ဆောက်မှုအတွက်သာ တာဝန်ယူရသည်။ ၎င်းတို့ထံမှရရှိလာသော ISP ဒီဇိုင်းကို HiSilicon ကုမ္ပဏီမှ ထုတ်လုပ်သော Kirin SoC တွင် ပေါင်းစပ်တည်ဆောက်စေ သည်။ Leica ကင်မရာနှစ်လုံးအတွက် ဟန်ချက်ညီစွာထိန်းညှိနိုင်သည့် နည်းပညာ၏ နောက်ဆုံး ပေါ်တွေ့ရှိချက်များကို ပြင်သစ်နိုင်ငံရှိ Huawei Mathematics သုတေသနစင်တာနှင့် Max Berek ဖန်တီးမှုဆိုင်ရာ ဓာတ်ခွဲခန်းတို့၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ရရှိလာခဲ့ခြင်းဖြစ်သည်။ Huawei ကုမ္ပဏီသည် ဂျပန်နိုင်ငံတွင်လည်း ကင်မရာ ကို လိုအပ်ချက်ပေါ် မူတည်ပြီး စံချိန်မီအောင် တည်ဆောက်ဖန်တီးသည့် တီထွင်သူများအဖွဲ့ ရှိပါသည်။

၂၀၁၆ခုနစ်တွင် ထုတ်ဝေခဲ့သည့် HUAWEI P9 ဖုန်းသည် စမတ်ဖုန်း သမိုင်းတွင် မှတ်ကျောက်တင်နိုင်ခဲ့ပါသည်။ HUAWEI P9 မတိုင်မီ အချိန်က စမတ်ဖုန်းဓာတ်ပုံဆိုင်ရာ တီထွင်ဆန်းသစ်မှုများသည် ဓာတ်ပုံ၏ကြည်လင်ပြတ်သားမှုနှင့် ပုံရိပ်ဖမ်းယူနိုင်သည့် အမြန်နှုန်း အပေါ်တွင်သာ အဓိကထားသည်။ ယခုအခါ Leica မှန်ဘီလူးနှစ်ခု ကြောင့် HUAWEI P9 က စမတ်ဖုန်းဓာတ်ပုံပညာကို တစ်ခေတ် ဆန်းစေခဲ့ပါသည်။ ဓာတ်ပုံ၏ ကြည်လင်ပြတ်သားမှုနှင့် အမြန်နှုန်းတို့ အပြင် HUAWEI P9 ကင်မရာက SLR ကင်မရာနှင့် ရိုက်ယူမှသာရနိုင် သည့် ဘိုခေးလုပ်ဆောင်ချက် (bokeh effect - ဓာတ်ပုံ၏ ဗဟိုချက် မဟုတ်သည့် နေရာများကိုေ၀၀ါးနိုင်ခြင်း) နှင့် အရောင်ပါဝင်ပေါင်းစပ် မှုတို့ကို ဖန်တီးနိုင်ခဲ့ပါသည်။ HUAWEI P9 နှင့်ရိုက်ယူထားသော ဓာတ်ပုံများကိုဓာတ်ပုံပညာအရ ကွာခြားမှုကိုမပြောနိုင်သည့်တိုင် ဓာတ်ပုံ အရည်အသွေးကို သင်မလွဲမသွေ ကြိုက်နှစ်သက်လိမ့်မည်ဖြစ်ပါသည်။ HUAWEI P9 တွင် ပါဝင်သည့် Leica ကင်မရာ နှစ်လုံးနှင့်ရိုက်ယူသည့် ဘိုခေးလုပ်ဆောင်ချက် (bokeh effect)သည် ဓာတ်ပုံကိုပို၍ အသက်ဝင် စေပါသည်။ အခြားမည်သည့် ကုန်ပစ္စည်းများနှင့်မျှမတူညီ သည့် ဂျာမန် Leica ၏ အရောင်အသွေးက ဓာတ်ပုံတိုင်းတွင်ပါဝင်သော ရသနှင့် ခံစားချက်တို့ကိုပါ ဖမ်းယူနိုင်ပါသည်။

၂၀၁၇ မှာတော့အရည်အသွေး ပိုမိုကောင်းမွန်သော ဓာတ်ပုံများ ရိုက်ကူးနိုင်ရန်အတွက် HUAWEI P9 တွင် ပါဝင်သော ကင်မရာကို အဆင့် မြှင့်တင်ထားပြီး HUAWEI P10 တွင် တပ်ဆင်ထားပါသည်။ HUAWEI P10 ၊ P10 Plus စမတ်ဖုန်းတို့၏ နောက်ကျောဘက်တွင် 12 MP RBG (ကာလာ)ကင်မရာနှင့် 20 MP monochrome (အဖြူအမည်း)ကင်မရာတို့ ပါဝင်ပါသည်။ လူ၏မျက်လုံးတွင် အရောင်ကိုခွဲခြားသည့် အစိတ်အပိုင်းနှင့် အလင်းရောင်ကိုဖမ်းယူသည့်အစိတ်အပိုင်းနှစ်ခုရှိပြီး ထိုလူ့မျက်လုံး တည်ဆောက်ပုံကိုအတုယူပြီး တည်ဆောက်ထားသည့်ကင်မရာနှစ်လုံး နည်းပညာတွင်လည်း ကင်မရာတစ်လုံးက ပုံရိပ်၏ အရောင်ကိုဖမ်းယူမည် ဖြစ်ပြီး အခြားတစ်လုံးက အလင်းရောင်နည်းပါးသည့်အချိန်တွင် အလင်းရောင်ကို ဖမ်းယူရန်ဖြစ်ပါသည်။ ကင်မရာတွင်ပါဝင်သော အလင်းရောင် ကိုဖမ်းယူသည့်အစိတ်အပိုင်းသည် အလင်းရောင်၏ သိပ်သည်းမှုကိုသာ ဖမ်းယူနိုင်ပြီး အရောင်ကွဲပြားမှုကိုခွဲခြားနိုင်စွမ်းမရှိပါ။ ကင်မရာ၏ အလင်းရောင်ဖမ်းယူသည့် ပစ္စည်းအပေါ်တွင်ပါရှိသော အစိတ်အပိုင်းက အနီ၊ အစိမ်း၊ အပြာစသည့်အရောင်များကိုဖမ်းယူသည်။


P10 နှင့် P10 Plus တို့တွင်ပါဝင်သောကင်မရာနှစ်လုံးတွင် ရောင်စုံ ကင်မရာက အရောင်များကိုဖမ်းယူပြီး ကျန်ရှိသော အဖြူအမည်း (monochrome)ကင်မရာက အလင်းရောင်သိပ်သည်းမှုကို ဖမ်းယူသည်။ ထိုကင်မရာနှစ်လုံးမှရရှိလာသော ပုံရိပ်နှစ်ခုကို ပေါင်းစပ်လိုက်သောအခါ ရောင်စုံကင်မရာတစ်လုံးတည်းဖြင့် ရိုက်ကူးသောဓာတ်ပုံများထက် ပိုမို၍မှန်ကန်သည့် အရောင်ရောစပ်မှုနှင့် တိကျကောင်းမွန်သော အလင်းရောင်ပါဝင်မှုတို့ကိုရရှိပါသည်။ အလင်းရောင်နည်းပါးသည့် အချိန်တွင် ရိုက်ကူးသော ဓာတ်ပုံများကိုလည်း ပိုမိုတိကျကြည်လင်စေ ပါသည်။ ကင်မရာနှစ်လုံးတွင် ပါဝင်သော အကွာအဝေးထိန်းညှိသည့် နည်းပညာက ဓာတ်ပုံထဲတွင်ပါဝင်သည့်အရာတိုင်း၏အကွာအဝေးကို တိုင်းတာမှတ်ယူထားသဖြင့် ဓာတ်ပုံရိုက်ပြီးသည့်အခါမှ ဓာတ်ပုံ၏ focus ကို ပြန်လည်ပြောင်းလဲနိုင်ပါသည်

ပုံမှန်အားဖြင့် ဓာတ်ပုံအများစု၏ ၄၀% သည်ပေါ့ထရိတ် (Portrait) ပုံများဖြစ်ကြသည်။ ထို့ကြောင့် လူတော်တော် များများက လှပတဲ့ရှုခင်း တွေနဲ့ ရိုက်ရတာကို သဘောကျသည်ဟု ကောက်ချက်ချနိုင်သည်။ HUAWEI P10 တွင် Leica ကင်မရာနှစ်လုံး၏စွမ်းဆောင်ချက်ကို တိုးမြှင့်ထားသည့်အပြင် လူပုံအနီးကပ်ရိုက်ကူးရာတွင်ပိုမိုကောင်းမွန် စေမည့် ရုပ်ပုံဖမ်းယူသည့် နည်းပညာကိုလည်း ထည့်သွင်းထားပါသည်။ ထိုနည်းပညာက ဘိုခေး(Bokeh Effect)လုပ်ဆောင်ချက်ထည့်ပေးခြင်း၊ လူ့မျက်နှာကိုတိကျစွာဖမ်းယူခြင်း၊ Leica မှန်ဘီလူးဖြင့် အရောင် အသွေးနှင့် အဖြူအမည်းတို့ ကိုဖမ်းယူခြင်းနှင့် ရိုက်ပြီးမှ focus ပြောင်းနိုင်ခြင်းစသည်တို့ကို ပြုလုပ်နိုင်ပါသည်။


HUAWEI P10 သည်ပေါ့ထရိတ်ကို ဘိုခေးလုပ်ဆောင်ချက် (Bokeh Effect)နှင့် ရိုက်ကူးသည့်ပထမဦးဆုံးဖုန်းဖြစ်ပါသည်။ အကွာအဝေးတိုင်းတာ တွက်ချက်သည့် အစိတ်အပိုင်းကို Kirin 960 တွင် ထည့်သွင်း တည်ဆောက်ထားသည့်အတွက် ဓာတ်ပုံအတွင်းတွင် ပါဝင်သော အရာဝတ္ထုများ၏ အကွာအဝေးတွက်ချက်မှုကိုလျော့ကျစေပြီး ဓာတ်ပုံ အရည်အသွေးကို တိုးတက်စေပါသည်။ ထို့အပြင် အကွာအဝေးတိကျ မှန်ကန်မှုကိုလည်း ၅၀%ပိုမိုကောင်းမွန်စေပါသည်။ P10 Plus တွင် ပါဝင်သော F/1.8 wide aperture နှစ်ခုကလည်း အလင်းရောင် ဖမ်းယူမှုကို သိသိသာသာပိုမိုကောင်းမွန်စေပါသည်။ အဆိုပါနည်းပညာ များကြောင့် အလင်းရောင်နည်းပါးချိန်တွင်လည်း ပေါ့ထရိတ် (Portrait) ပုံကောင်းကောင်းကို ရိုက်ယူနိုင်ပါပြီ။

ပေါ့ထရိတ်လုပ်ဆောင်ချက် (Portrait Mode)တွင် 3D ပုံစံကျကျ ဖမ်းယူနိုင်သည့်နည်းပညာကို ထည့်သွင်းထားပါသည်။ အကွာအဝေးကို တိကျစွာ ဖမ်းယူခြင်းနှင့်အတူ ISP processor ကို Kirin 960 ထဲတွင် ထည့်သွင်းတည်ဆောက်ထားခြင်းက လူ၏မျက်နှာကို အသေးစိတ်ပုံဖော် ဖမ်းယူနိုင်စေပါသည်။ အထူးသဖြင့် မျက်ရိုး၊ မျက်လုံး၏ ထောင့်နေရာများ၊ နှာခေါင်းပေါက် ပါဝင်သည့် ဧရိယာ၊ ပါးရိုးနှင့် မေးစေ့ရိုးတို့ကို တိကျ စွာဖမ်းယူနိုင်ပါသည်။ 3D face detection model ကိုအခြေခံပြီး တည် ဆောက်ထားသော P10 portrait mode သည် တိကျကောင်းမွန်သော အလင်းရောင်ဖြင့် မျက်နှာကိုပိုမိုပေါ်လွင်ပြီး ကြည့်ကောင်းစေသည့် အတွက် ဓာတ်ပုံထဲတွင်ပါဝင်သူကို ပိုပြီးအသက်ဝင်စေပါသည်။ HUAWEI P9 ဖုန်းက စမတ်ဖုန်းဓာတ်ပုံပညာကို တစ်ခေတ်ဆန်းစေခဲ့သလို HUAWEI P10 ၏ဆရာတစ်ဆူဖြစ်သည့် ပေါ့ထရိတ်လုပ်ဆောင်ချက် ကလည်း ကင်မရာနှစ်လုံးပါဝင် သည့် နည်းပညာတို့ကို နေရာသစ်တစ်ခု သို့ ပို့ဆောင်ပေးနိုင်ခဲ့ပါပြီလို့ ဆိုနိုင်ပေသည်။




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com


0 comments:

Post a Comment