♪ OnePlus 5 နဲ့ OnePlus 3T ကို နှိုင်းယှဉ် သုံးသပ်ခြင်း ♫


OnePlus 5 ကို တရားဝင် မိတ်ဆက်လိုက်ပြီ ဖြစ်ပြီး စွမ်းဆောင်ရည်မြင့် တန်ဖိုးသင့် စမတ်ဖုန်း ဖြစ်နေတာက ၀ယ်ယူချင်စရာပါ။ လွန်ခဲ့တဲ့ ၇ လလောက်က ရောင်းချခဲ့တဲ့ OnePlus 3T ဟာလည်း အခုထိ ခေတ်မီနေဆဲ ဖြစ်ပါတယ်။ အဲဒီအတွက် မျိုးဆက်ဟောင်း OnePlus 3T နဲ့ မျိုးဆက်သစ် OnePlus 5 တို့ကို နှိုင်းယှဉ် သုံးသပ်ပေးလိုက်ပါတယ်။

ဒီဇိုင်း
OnePlus 5 နဲ့ 3T ဖုန်း နှစ်လုံးစလုံးကို သတ္တုဖြင့် တည်ဆောက်ထားပြီး ဒီဇိုင်းနဲ့ Hardware အချို့ဟာ တူညီကြပါတယ်။ OnePlus Device များမှာ တပ်ဆင်ထားလေ့ရှိတဲ့ Alert Slider ကို OnePlus 5 မှာလည်း ဆက်လက်တပ်ဆင်ထားပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာကို အရှေ့ဘက်မှာ တပ်ဆင်ထားပါတယ်။ အနောက်ဘက်ကတော့ OnePlus 5 ဟာ 3T ထက် ပိုမို ရှင်းလင်းပြီး ကင်မရာ နှစ်လုံးကို ဘယ်ဘက်ထိပ်သို့ ပြောင်းရွှေ့ထားပါတယ်။

OnePlus 5 ဟာ iPhone 7 Plus နဲ့ အလွန် ဆင်တူပါတယ်။ မကြာခင်က မိတ်ဆက်ခဲ့တဲ့ Oppo R11 နဲ့လည်း ဆင်တူနေပါတယ်။ OnePlus ဟာ ဒီဇိုင်းအပိုင်းမှာ အခြား စမတ်ဖုန်းများကို တုပထားတယ်လို့ ထင်စရာပါ။ ဒါပေမယ့်လည်း OnePlus 5 ဟာ အလွန် စွဲဆောင်မှု ရှိပြီး ကိုင်တွယ် အသုံးပြုရတာလည်း ကောင်းမွန်ပါတယ်။

အရွယ်အစား အပိုင်းမှာ OnePlus 5 ဟာ 3T ထက် တိုပြီး ပါးလွှာပါတယ်။ ပိုပြီးလည်း ကျဉ်းမြောင်းပါတယ်။ 3T ရဲ့ ဒီဇိုင်းကို ကြိုက်ရင်တော့ OnePlus 5 ကလည်း သင့်ကို စိတ်ကျေနပ်စေမှာပါ။

Hardware
OnePlus 3T နဲ့ 5 တို့မှာ တူညီတဲ့ ၅.၅ လက်မ AMOLED Display တပ်ဆင်ထားပါတယ်။ Full HD Resolution နဲ့ 16:9 Aspect Ratio ကလည်း အတူတူပါပဲ။ OnePlus ဟာ သူ့ရဲ့ ဖုန်းများကို Quad HD Display ဖြင့် အဆင့်မမြှင့်နိုင်သေးပါဘူး။ ဒါပေမယ့် OnePlus 5 ရဲ့ Full HD Screen ဟာ ကျေနပ်စရာပါ။

3T မှာ 6GB RAM ထည့်သွင်းထားတာက စွမ်းဆောင်ရည်မြင့် ဖုန်းတစ်လုံးအတွက် လုံလောက်ပါတယ်။ OnePlus 5 မှာ 6 or 8GB RAM နဲ့ 64 or 128GB Storage များ ရွေးချယ်နိုင်တဲ့အတွက် 64GB Storage သာပါတဲ့ 3T ထက် သာလွန်နေပါတယ်။ ဒါပေမယ့် OnePlus 5 မှာ microSD Slot မပါပါဘူး။

3T မှာ 3400mAh Battery တပ်ဆင်ထားပြီး ပိုမို ပါးလွှာအောင် ဖန်တီးထားတဲ့ OnePlus 5 မှာတော့ 3300mAh Battery သာ ပါပါတယ်။ ဒါပေမယ့်လည်း OnePlus 5 ဟာ 3T ထက် ဘက်ထရီ သက်တမ်း ၂၀ ရာခိုင်နှုန်း ပိုမို အသုံးခံပါတယ်။ ဒါဟာ စွမ်းအင် စားသုံးမှု နည်းပါးတဲ့ Snapdragon 835 ကြောင့် ဖြစ်ပါတယ်။ ဖုန်းနှစ်လုံးစလုံးမှာ Dash Charge နည်းပညာ ပါပါတယ်။ OnePlus 5 ကို မိနစ် ၃၀ အတွင်းမှာ ၅၀ ရာခိုင်နှုန်း အားသွင်းနိုင်ပါတယ်။ မိနစ် ၉၀ အတွင်းမှာ အားအပြည့်ဖြည့်နိုင်ပါတယ်။

ကင်မရာ
ဖုန်းနှစ်လုံးရဲ့ အဓိက ကွဲပြားချက်မှာ အနောက် ကင်မရာများ ဖြစ်ပါတယ်။ 3T ရဲ့ 16MP Rear Camera က အလွန် ကောင်းပါတယ်။ ဒါပေမယ့် OnePlus 5 ရဲ့ 16+20MP Camera များကတော့ နောက်ထပ် အဆင့်တစ်ခုကို တက်လှမ်းသွားနိုင်ပါတယ်။ ဖုန်းနှစ်လုံးစလုံးမှာ အရည်အသွေးမြင့် Selfie များ ရိုက်ကူးနိုင်တဲ့ 16MP Camera များ တပ်ဆင်ထားပါတယ်။

ဆော့ဖ်ဝဲ
ဖုန်းနှစ်လုံးစလုံးမှာ ကုမ္ပဏီရဲ့ နောက်ဆုံးထုတ် Android 7.1.1 Nougat အခြေပြု OxygenOS ထည့်သွင်းထားပါတယ်။ OnePlus 5 မှာတော့ ဆော့ဖ်ဝဲ စွမ်းဆောင်ချက် အသစ် အနည်းငယ် ပါလာပါတယ်။ အဲဒီအထဲမှာ စာဖတ်ရာမှာ ကောင်းမွန်စေဖို့ Blue Light Filter ပါတဲ့ Reading Mode ပါဝင်ပါတယ်။ ဒါ့အပြင် Automatic Night Mode လည်းပါပါတယ်။ စကရင်ရှော့များကို တည်းဖြတ်နိုင်တဲ့ စွမ်းရည်နဲ့ ဂိမ်းကစားချိန်မှာ အသုံးဝင်တဲ့ Do not disturb mode များကိုလည်း သုံးနိုင်မှာပါ။

ဈေးနှုန်း
OnePlus 5 ရဲ့ 64GB Version ကို ၄၇၉ ဒေါ်လာနဲ့ 128GB Version ကို ၅၃၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ဒီဈေးဟာ 3T ရဲ့ အခြေခံ ဈေးဖြစ်တဲ့ ၄၃၉ ဒေါ်လာထက် အလွန်များပြားနေပါတယ်။ ဒါပေမယ့်လည်း OnePlus 5 ဟာ ပေးရတဲ့ ဈေးထက် ကောင်းတဲ့ စမတ်ဖုန်းလို့ ထင်မိပါတယ်။ အထူးသဖြင့် ပြိုင်ဖက် စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများရဲ့ ဈေးထက် သက်သာပါတယ်။

အနှစ်ချုပ်
OnePlus 5 ဟာ 3T ထက် စွမ်းရည်များစွာ မသာလွန်ပါဘူး။ ဒါ့အပြင် ဈေးလည်း ပိုကြီးပါတယ်။ ဒါပေမယ့် Processor က ပိုမို လျှင်မြန်ပြီး ဘက်ထရီ စွမ်းရည်က ပိုမို ကောင်းမွန်ပါတယ်။ အထူးသဖြင့် အနောက် ကင်မရာ နှစ်လုံးက ခေတ်မီစေပါတယ်။




Credit to ==> DigitalTimes.com.mm





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com



0 comments:

Post a Comment