♪ “Gionee M5” Price - 319,000 Ks ♫

No automatic alt text available.

Gionee M5 မှာ မျက်နှာပြင်ပုံရိပ်ဖော်ပြမှုကို အကောင်းဆုံး စွမ်းဆောင် ပေးနိုင်မယ့် 720×1280 pixels ကို ပေးစွမ်းထားပါတယ်။ Display ကတော့ AMOLED ဖြစ်ပြီး ၅.၅ လက်မမျက်နှာပြင်မှာ ပုံရိပ်တွေကို အသေးစိတ် မြင်တွေ့နိုင်ဖို့ 267ppi နဲ့ထောက်ပံ့ပေးထားပါတယ်။ Black screen အပြည့်သုံးစွဲတာဖြစ်ပြီး ၆ လက်မနီးပါးအပြည့်ကို သုံးစွဲနိုင်မှာဖြစ် ပါတယ်။

အလင်းရောင်တိုက်ရိုက်ကျတဲ့နေရောင်ထဲမှာ ဖုန်းကိုအသုံးပြုရင် တောင်မှမြင်ကွင်းတွေကို အနှောင့်အယှက် မဖြစ်ဘဲကြည့်နိုင်ပါလိမ့်မယ်။ Gionee က သူ့ဆီကထုတ်တဲ့ဖုန်းတွေမှာ သုံးနေကြအတိုင်း Amigo ကို ထည့်သွင်းထားပါတယ်။ ယခုဖုန်းတွင် Android 5.1 ဖြစ်ခြင်းကြောင့် 3.1 UI ကို သုံးစွဲနိုင်မှာဖြစ်ပါတယ်။ Accelerometer, Gyro, Proximity, Compass ဆိုတဲ့ Sensor 4 မျိုးကိုသုံးနိုင်မှာဖြစ်ပြီး UI အသစ်ရဲ့ ထောက်ပံ့ပေးမှုတွေကို သုံးနိုင်မှာပါ။ UI အသစ်မှာ လုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်တွေကိုပါ ထောက်ပံ့ပေးလာမှာပါ။ Privacy Protection လုပ်ဆောင်ချက် ၅ ခုကိုသုံးစွဲနိုင်မှာဖြစ်ပါတယ်။ အသံပိုင်းဆိုင်ရာ အတွက် ဆိုရင် ကြည်လင်ပြတ်သားတဲ့ အသံစွမ်းဆောင်ရည်ကိုရရှိနိုင်စေဖို့အတွက် HiFi, smart PA, DTS အသံစနစ်တွေကို ရရှိနိုင်မှာဖြစ်ပါတယ်။

အဓိက,ကင်မရာဟာ 13MP ဖြစ်ပြီး၊ ဓာတ်ပုံတွေရိုက်ကူးမယ်ဆိုရင် 4128 × 3096 p အရည်အသွေး ရရှိနိုင်မှာဖြစ်ပြီး HDR mode သုံးပြီး ရိုက်မယ်ဆိုရင်တော့စိုပြည်ပြီး အရောင်စိုတဲ့ ပုံတွေကိုရပါလိမ့်မယ်။ သူငယ်ချင်းတွေနဲ့ အုပ်စုလိုက် Selfie ရိုက်ကူးလိုသူတွေအတွက်ကတော့ 5MP ကင်မရာကိုသုံးစွဲနိုင်ပါလိမ့်မယ်။ Gionee M5 မှာ Quad-Core 1.3 GHz ပရိုဆက်ဆာကိုသုံးစွဲနိုင်မှာဖြစ်ပါတယ်။ RAM ကတော့ 3GB ထောက်ပံ့ပေးထားပါတယ်။ ဘက်ထရီကို ပြန်လည်အားဖြည့်သွင်းတဲ့ အခါမှာ မြန်ဆန်စွာအားပြည့် သွားစေမယ့် Fast Charge နည်းပညာ သုံးနိုင်ပါတယ်။ အချက်အလက်များကိုသိမ်းဆည်း နိုင်ဖို့အတွက် 32GB ပါရှိပါတယ်။



<Specifications>

Network - GSM/WCDMA/LTE Memory - 32GB
CPU - Quad-Core 1.3GHz Camera - 13MP
Screen - 5.5 inches
OS - Android OS, v5.1 Contact - 09-255803352

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 
www.pyaephyo.com


0 comments:

Post a Comment