♪ " နေလောင်ခြင်းကို ကာကွယ်ပေးမယ့် စမတ်လက်ပတ် " ♫

No automatic alt text available.

နေလောင်ခြင်းဟာ အရေပြားပျက်ဆီးစေပြီး အဆိုးဆုံးကတော့ အရေပြားကင်ဆာအထိ ဖြစ်နိုင်ပါတယ်။ အရေပြားကင်ဆာဖောင်ဒေးရှင်း (Skin Cancer Foundation) ရဲ့အဆိုအရ လွန်ခဲ့တဲ့ ဆယ်စုနှစ်သုံးခု အတွင်းမှာ အရေပြားကင်ဆာဖြစ်သူဟာ အခြားကင်ဆာဖြစ်သူ အားလုံးပေါင်းထက် များပြားပါတယ်။

အဲဒီအတွက် Netatmo Com­pany က သင့်အရေပြားအပေါ် ကျရောက်တဲ့ နေရောင်ကို တိုင်းတာပေးတဲ့ စမတ်လက်ပတ်ကို ဖန်တီးလိုက်ပါတယ်။ JUNE လို့ အမည်ပေးထားပြီး ဒီဇိုင်းလှပပါတယ်။ သူက သင်နေရောင်ထဲမှာ နေတဲ့အချိန်ကို စောင့်ကြည့်ပေးပြီး ခရမ်းလွန်ရောင်ခြည်ထိတွေ့မှုကို တွက်ချက်ပေး ပါတယ်။


 နေရောင်ခြည်ထိတွေ့မှုများပြားရင် JUNE က သင့်စမတ်ဖုန်းမှ App ကနေ သတိပေးနိုင်ပါတယ်။ သင် နေရောင်ထဲမှာနေတဲ့အလေ့အထကို လေ့လာခြင်းဖြင့် သူက သင့်အရေပြားကို စောင့်ရှောက်ပေးပါတယ်။ နေရောင်ကာခရင်လိမ်းဖို့လည်း သူက သတိပေးနိုင်ပါတယ်။ စမတ်လက်ပတ်ကို 99.99 ဒေါ်လာ ဈေးသတ်မှတ်ထားပါတယ်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com



0 comments:

Post a Comment