♪ " Samsung Galaxy J7 Prime " Price - 360,000 Ks ♫

Image may contain: phone and screen

Samsung ရဲ့ J series ဖုန်းတွေဟာ ဈေးနှုန်းသက်သာတဲ့ အလယ်အလတ်တန်းစား စမတ်ဖုန်းတွေဖြစ်ပြီး ဈေးကွက်ထဲမှာလည်း ရောင်းအားကောင်းလှပါတယ်။ ၄င်း series ထဲက Samsung Galaxy J7 Prime ဟာလည်း ပေးရတဲ့ဈေးနှုန်းနဲ့ ထိုက်တန်တဲ့အရည်အသွေးတွေကို ပေးစွမ်းနိုင်ပါတယ်။ J7 Prim က 2015 ခုနှစ်လောက်က ထုတ်လုပ်ခဲ့တဲ့ J7 ကို အဆင့်မြင့်တင်ထုတ်လုပ်ပေးထားတဲ့ အဆင့်မြင့်စမတ်ဖုန်းတစ်လုံးပဲ ဖြစ်ပါတယ်။

ဒီဇိုင်းပုံစံ premium ကျ လှပခြင်း၊ ကိုယ်ထည်တည်ဆောက်ပုံ ခိုင်ခံ့ခြင်း၊ မျက်နှာပြင်စွမ်းအား ကောင်းမွန်ခြင်း၊ ဘက်ထရီစွမ်းအား ပြည့်ဝခြင်းနဲ့ စက်စွမ်းဆောင်ရည် ကောင်းမွန်ခြင်းတွေကြောင့် လူကြိုက်များတဲ့ ဖုန်းတစ်လုံးပါပဲ။ GSM ၊ HSPA နဲ့ LTE networks တွေကို ထောက်ပံ့ပေးထားပြီး Nano SIM card ကိုထည့်သုံးနိုင်တဲ့ Single SIM နဲ့ Dual SIM ဆိုတဲ့ version 2 မျိုးကို ထုတ်လုပ်ပေးထားပါတယ်။ ဖုန်းလုံခြုံရေးပိုင်းကိုလည်း Fingerprint sensor နဲ့ ကာကွယ်ပေးနိုင်တဲ့အပြင် ယုံကြည်စိတ်ချရတဲ့ S Secure Mode လည်းပါရှိတာကြောင့် data တွေအတွက်လည်း စိတ်ပူစရာမလိုတော့ပါဘူး။

* Design & Build *

ဖုန်းရဲ့ဒီဇိုင်းပုံစံက Samsung ရဲ့ မူလဒီဇိုင်းပုံစံအတိုင်းပဲဖြစ်တာကြောင့် ဘေးထောင့်လေးတွေက အနည်းငယ် အ၀ိုင်းပုံသဏ္ဍာန်ရှိပါတယ်။ ကိုယ်ထည်တစ်ခုလုံးကို သတ္တုနဲ့တည်ဆောက်ပေးထားလို့ အကြမ်းခံပြီး ခိုင်ခံ့မှုလည်း ရှိပါတယ်။ ဖုန်းအရွယ်အစားက 151.7 x 75 x 8 mm ရှိပြီး 167g လေးပါတယ်။ ဒါကြောင့် အထူအပါးနဲ့ အရွယ်အစားက ကိုင်တွယ်သုံးစွဲလို့အဆင်ပြေပြီး ဘေးဘောင်ကလည်း အရမ်းကြီးမကျယ်တဲ့အတွက် လက်တစ်ဖက်တည်းနဲ့လည်း သုံးစွဲလို့ရပါတယ်။ ဖုန်းရဲ့မျက်နှာပြင်အပေါ်ဘက်မှာ အရှေ့ကင်မရာ Lens ၊ အောက်ခြေဘက်မှာ home button နဲ့ Capacitive button 2 ခု ပါရှိပါတယ်။ Fingerprint sensor ကိုလည်း အရှေ့ဘက် home button မှာ တပ်ဆင်ထားပြီး ၄င်းရဲ့လုပ်ဆောင်ချက်တွေကလည်း တိကျမြန်ဆန်မှု ရှိပါတယ်။ နောက်ကျောဘက်ရဲ့ အပေါ်အလယ်တည့်တည့်မှာ အနောက်ကင်မရာ Lens နဲ့ LED မီးလုံးကို ဘေးတိုက်ယှဉ်ထားပါတယ်။ ဖုန်းရဲ့ညာဘက်ဘေးဘောင်မှာ ပါဝါခလုတ်နဲ့ ဘယ်ဘက်မှာတော့ အသံအတိုးအကျယ်ခလုတ်တို့တည်ရှိပြီး အောက်ခြေမှာ USB Charger ၊ Headphone ပေါက်တွေ အသီးသီးပါရှိပါတယ်။ ၄င်းကို Black ၊ Gold နဲ့ Rose Gold ဆိုတဲ့ အရောင် 3 မျိုးကို ခွဲခြားထုတ်လုပ်ပေးထားတာမို့ ကြိုက်နှစ်သက်ရာ ရွေးချယ်ပါတယ်။

* Display *

ဖုန်းမျက်နှာပြင်ကို 5.5-inch ကျယ်တဲ့ PLS TFT capacitive touchscreen display အမျိုးအစားနဲ့ ပြုလုပ်ထားပြီး 1080 x 1920 pixels ရှိတဲ့ Full HD မြင်ကွင်းစွမ်းအားတွေကို ပြသပေးနိုင်ပါတယ်။ 1 လက်မမှာ သိပ်သည်းဆပမာဏက ~401 ppi pixels ရှိပါတယ်။ မျက်နှာပြင်ပေါ်မှာ multitouch စနစ်ပါရှိပြီး မျက်နှာပြင်ကို Corning Gorilla Glass နဲ့ ထပ်မံဖုံးအုပ်ကာကွယ်ပေးထားပါတယ်။

* Operating System and Camera *

ကိုယ်ထည်အတွင်းထဲမှာ Android OS, v 6.0.1 (mashmallow) ကို run ထားပြီး Samsung ရဲ့ သုံးနေကျ User Interface ကိုပဲ အသုံးပြုထားပါတယ်။ အနောက်ကင်မရာက 13 MP ၊ f/1.9 aperture စွမ်းအားရှိလို့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုအရည်အသွေးတွေကို ကောင်းမွန်စွာရိုက်ကူးနိုင်ပြီး အရှေ့ကင်မရာကတော့ 8MP, f/1.9 aperture စွမ်းအားပါရှိတာကြောင့် သင့်တင့်တဲ့ ကောင်းမွန်တဲ့ selfie ဓာတ်ပုံတွေကို ရိုက်ယူနိုင်ပါတယ်။

* Performance *

ကိုယ်ထည်ထဲမှာ စက်လုပ်ဆောင်နိုင်စွမ်းတွေကို တိကျလျင်မြန်စွာ လှုပ်ရှားနိုင်ဖို့ Exynos 7870 Octa Chipset နဲ့ Octa-core 1.6GHz Cortex-A53 processor တို့ကို ထောက်ပံ့ထားပြီး ရုပ်ထွက်ပိုင်းတွေအတွက် Mali-T830MP2 GPU က ပံ့ပိုးပေးထားတဲ့အတွက် သဘာဝကျတဲ့ ပုံရိပ်တွေကို ရရှိနိုင်မှာပါ။ ဒါ့အပြင် RAM 3GB ပါရှိတဲ့အတွက် ဂိမ်းတွေ၊ apps တွေ တော်တော်များများ အသုံးပြုနိုင်ပါတယ်။

* Battery *

ဘက်ထရီစွမ်းအားပိုင်းအနေနဲ့တော့ Non-removable Li-Ion 3300 mAh battery ကိုသုံးစွဲထားလို့ နာရီပေါင်း 21 နာရီခန့် ဖုန်းဆက်တိုက်ပြောနိုင်ပြီး 84 နာရီခန့် သီချင်းတွေကို နားထောင်နိုင်မှာပဲ
ဖြစ်ပါတယ်။

Specification

Display : 5.5 inch, IPS LCD Capacitive Touchscreen
Memory : 32 GB, 3GB RAM, microSD, up to 256 GB
Camera : 13 MP (Back), 8 MP (Front), autofocus, LED Flash
OS : Android OS, v 6.0.1(Marshmallow)

Phone - 09-774788861 (C4E Computer & Mobile)

Price - 360,000 Ks



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com


0 comments:

Post a Comment