♪ “ကိုယ်ရေးလုံခြုံမှုအတွက် အကောင်းဆုံး Browsers” ♫

No automatic alt text available.

အွန်လိုင်း website များသို့ တိုက်ရိုက်သွားနိုင်သည့် app အချို့ပေါ်ပေါက် နေပြီဖြစ်သော်လည်း အင်တာနက်တစ်ခွင် ပြဲပြဲစင်အောင် လှည့်လည် လိုလျှင်မူ browser များကို သုံးရတုန်း။ အင်တာနက်ဆိုသည်ကလည်း ဘေးရန်အလွန်များသည့် နေရာ။ စောင့်ကြည့်ချောင်းမြောင်းနေပြီး ဒုက္ခပေးမည့်သူတွေ အများအပြားရှိသည်။ ထို့ကြောင့် အင်တာနက်ထဲမှာ မိမိဘယ် သွားပြီး ဘာတွေလုပ်သည်ကို အခြားလူမသိတာ အကောင်းဆုံးဖြစ်သည်။ ယင်းသို့မသိစေရန်အတွက် ယနေ့ခေတ် browser အချို့က အထောက်အကူပေးနိုင်သည်။ ထို browser တို့မှာ မည်သည်တို့နည်း။

<Epic browser>

www.epicbrowser.com မှနေ၍ download ဆွဲချပြီး အခမဲ့ အသုံးပြုနိုင် သည်။ Feature အစုံလင်ဆုံးဖြစ်ရန် မသေချာ သော်လည်း ကိုယ်ရေး လုံခြုံမှုကို အကာအကွယ်ပေးနိုင်သည့် browser များထဲ၌ အကောင်းဆုံး အဆင့်တွင်ရှိနေသည်။ Google Chrome ကို အခြေခံ၍ တည်ဆောက် ထားသဖြင့် သုံး၍ကောင်းမှာတော့ သေချာသည်။ နေ့စဉ်သုံး အင်တာနက် ကိစ္စများတွင် မြန်ဆန်စွာအလုပ်လုပ်စေရန် ရည်ရွယ်၍ Epic browser ကို တည်ဆောက်ထားပါသည်။ ကိုယ်ရေးလုံခြုံမှုကို အကာအကွယ်ပေး သော စွမ်းဆောင်ချက်များနှင့် အသုံးတည့်မှုတို့ကို မျှတအောင်ပေါင်းစပ်၍လည်း ထားပါသည်။

Browser အများစုတွင် ပါဝင်သည့် private browsing mode သို့မဟုတ် in cognito mode ကို Epic browser တွင် အမြဲတမ်း On ထားပါသည်။ ထို့ကြောင့် browser ပိတ်ချလိုက်သည့်အချိန်တွင် browsing data အားလုံး (cookies ၊ history နှင့် login data အားလုံး)ကိုဖျက်ပစ်ပါသည်။ ထို့ပြင် Epic ထဲ၌ အလွန်စေ့စပ်သေချာစွာ အလုပ်လုပ်ပေးသော ad and tracker blocking ကိုလည်း တစ်ပါတည်း ထည့်သွင်းပေးထားပါသည်။ ထို့ပြင် သက်ဆိုင်ရာ website တစ်ခုချင်းအလိုက် ကြော်ငြာမည်မျှနှင့် tracker မည်မျှအား ပိတ်ဆို့လိုက်သည်ကိုလည်း အသိပေးပါသည်။ ထို့အပြင် အခြား browser များ မပြုလုပ်ပေးသည့် tracker မည်သူ မည်ဝါဟု ဖော်ထုတ်ပေးသည့်အလုပ်ကိုလည်း Epic က လုပ်ပေးပါသည်။

Epic တွင် အခြား browser အများစု၌မရှိသော ကိုယ်ရေးလုံခြုံမှု ထိခိုက်စေသည့် အရာများစာရင်း data base ရှိသည်။ ထိုကိစ္စကို Epic က အလေးထားသည်။ ဥပမာအားဖြင့်ဆိုသော် installation tracking address-bar and URL tracking ကဲ့သို့သောအရာများဖြစ်သည်။ ထို့ပြင် Epic က fingerprinting ကိုလည်း ဆန့်ကျင်သည်။ ယင်းမှာ VPN ကို အသုံးပြုလျှင် ISP က လုပ်ခိုင်းလေ့ရှိသော tracking နည်းလမ်း တစ်ရပ်ဖြစ်သည်။ ထို့ပြင် search လုပ်ငန်းစဉ်ကိုလည်း anonymous ဖြစ်အောင် ဆောင်ရွက်ပေးပါသည်။ Major search engine (ဥပမာ- Google) ကိုသုံးသည့်အခါ Epic က သီးခြား proxy တစ်ခုမှသွားစေ သည်။ ထို့ကြောင့် IP address အပေါ်အမှီပြုပြီး မိမိအား ခြေရာခံလိုက် ရန် မဖြစ်နိုင်ပါ။

Epic မှနေ၍ ချိတ်ဆက်မှုများ ပြုလုပ်ရာတွင် default အားဖြင့် encrypted connection ပြုလုပ်ရန် တောင်းဆိုလေ့ရှိပါ သည်။ သို့သော် လုံခြုံမှု အတွက် အာမခံချက်ရှိလိုလျှင် မိမိ၏ IP နှင့် browsing အား ဖုံးကွယ်ရန် အတွက် Epic ၏ proxy ကို enable ပြုလုပ်နိုင်ပါသည်။ ယင်းသို့ပြုလုပ်ခဲ့ လျှင် Public Wi-fi ကို အသုံးပြုရာ၌ VPN လမ်းကြောင်းမှသွား၍ သုံးသလို ပင် အကာအကွယ်ရနိုင်ပါသည်။ ထို့အပြင် ဒေသကို လိုက်၍ block လုပ်ထားသော content များကိုလည်း ရယူအသုံးပြုနိုင်ပါလိမ့် မည်။ Epic ၏ အထူးခြားဆုံးအချက်မှာ YouTube ၊ Facebook ၊ Vimeo နှင့် Sound Cloud တို့ကဲ့သို့သော website များမှ နေ၍ ဗီဒီယိုကို download ချနိုင်ခြင်းဖြစ်ပါသည်။ ယင်းအချက်မှာ Privacy နှင့် မပတ်သက်သော် လည်း အထူးအသုံးတည့်ပါ သည်။ အဆင်ပြေအောင် ဆောင်ရွက်ပေးထား သည့် အခြားစွမ်းဆောင်ရည်တစ်ခုမှာ အခြား browser များတွင် ပြုလုပ် ခဲ့သော bookmark များကို import လုပ်နိုင်ခြင်းနှင့် account cradential များကို save လုပ်နိုင်ခြင်းဖြစ်သည်။ Epic သည် အခြား အားနည်းချက် တစ်စုံတစ်ရာ မရှိသော်လည်း ယင်း၏ proxy tool သည် TorBrowser ကဲ့သို့ Online anonymity ကို မကာကွယ် ပေးနိုင်ခြင်းကား အားမရ စရာဖြစ်ပါသည်။

<Tor Browser>

အွန်လိုင်းဆိုင်ရာ အတားအဆီးအပိတ်အဆို့များကို ကျော်လွှားရာ၌ အထူးနာမည်ရခဲ့သော browser ဖြစ်ပြီး www.torproject-org မှနေ၍ download ဆွဲချ၍ အခမဲ့အသုံးပြုနိုင်ပါသည်။ Firefox browser အား modify လုပ်ထားသော version ဖြစ်ပြီး အပျော်တမ်းကူညီသူ ထောင်ပေါင်း များစွာ၏ network မှတစ်ဆင့် ဖြတ်သန်းသွားလာပြီး မိမိ၏ identity ကို ကာကွယ်နိုင်ပါသည်။ အမေရိကန်ပြည်ထောင်စု ရေတပ် မှနေ၍ ဤ browser ကို စတင်ဖော်ထုတ်ခဲ့ပြီး အစိုးရ၏ဆက်သွယ်မှု လမ်းကြောင်းများ လုံခြုံစေရန် ရည်ရွယ်ပါသည်။ အထူးလုံခြုံမှုရှိပြီး ဤ browser ကို အသုံးပြုရန်အတွက် အိုင်တီပညာကျွမ်းကျင်သူဖြစ်ရန် မလိုပါ။

browser ကိုဖွင့်ပြီး အင်တာနက်ပေါ် တက်လိုက်သည် နှင့်တစ်ပြိုင်နက် မိမိသွားလာရာ လမ်းကြောင်းသည် Tor Net-work မှဖြတ်၍သွားအောင် ဆောင်ရွက်ပေးထားပါသည်။ ထို့ပြင် လုံခြုံမှုပိုမိုအားကောင်းစေရန် အတွက် Noscript နှင့် HTTPS ever-ywhere add-on တို့ကို ထပ်ဆောင်းအသုံးပြုပါသည်။ ယင်းတို့က malicious script တို့ကို တားဆီးသည့်အပြင် connection အား encrypt လုပ်ပေးပါသည်။ ထို့ပြင် Tor browser ၏ securitysetting ထဲသို့ဝင်၍ မိမိနှင့်သင့်တော်မည့် security level အား ဆလိုက်တုံးရွှေ့၍ ချိန်ညှိနိုင်ပါသေးသည်။

အမြင့်ဆုံး security level တွင် java script ၊ အချို့ font များ၊ ဓာတ်ပုံ များနှင့် HTML-5 element တို့အား block လုပ်ပါသည်။ ဤ app အား portable app အဖြစ် မင်မိုရီစတစ်ပေါ်မှ အသုံးပြုနိုင်သည့်ပြင် browser အား ပိတ်လိုက်သည်နှင့် browsing data တို့အား ဖျက်ပေးပါမည်။ လုံခြုံမှုအပိုင်းတွင် Tor browser အလွန်ကောင်းသော်လည်း အလုပ် လုပ်ရာတွင် သိသိသာသာနှေးကွေးခြင်းမှာ ယင်း၏ အားနည်းချက် ဖြစ်ပါသည်။

<Opera>

www.opera.com မှ download ချပြီး အခမဲ့သုံးနိုင်သော opera သည် privacy အလေးထားသော browser မဟုတ် ပါ။ သို့သော် မကြာသေး ခင်က အကန့်အသတ်မဲ့ VPN ကို မိတ်ဆက်လိုက်ချိန်မှစပြီး IP address ဖျောက်ရန်နှင့် anonymous browsing တို့ကို ကလစ်တစ်ချက်နှိပ်ရုံနှင့် လုပ်ဆောင်လာနိုင်ပါသည်။ Opera setting ထဲမှနေ၍ VPN ကို on လိုက်ပြီးသည့် နောက်တွင် address bar မှနေ၍ ယင်းကို on/off လုပ်နိုင်ပါသည်။

VPN ထဲတွင် virtual location ငါးခုရှိပြီး ယင်းအထဲမှနှစ်သက်ရာ တစ်ခု ကိုရွေးနိုင်ပါသည်။ browser ထဲတွင် ad blocker တစ်ပါတည်း ထည့်ပေး ထားပြီး VPN မသုံးချိန်တွင် Do not track request ကို website များသို့ ပေးပို့ရန် setting ချထားနိုင်ပါသည်။ Private browsing mode သုံးပါက browser ပိတ်ချိန်တွင် browsing data အားလုံးကိုဖျက်၍ပေးပါမည်။ Opera ၏ အားနည်းချက်မှာ VPN မသုံးလျှင် tracker များကို block မလုပ်နိုင်ခြင်းနှင့် private browsing mode တွင် data များအား browser ပိတ်ချိန်၌ ဖျက်ချပေးရန် default မသတ်မှတ်ခြင်းဖြစ်ပါသည်။




ဧဧသက်(ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ)

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 
www.pyaephyo.com


0 comments:

Post a Comment