♪ " Samsung Galaxy J5 (2017) VS Samsung Galaxy J7 (2017) " ♫

Image may contain: phone

Samsung brand တွေထဲက နောက်လလောက်မှာ ဆက်တိုက်ထွက်ရှိလာတော့မယ့် Samsung Galaxy J5 (2017) နဲ့ Samsung Galaxy J7 (2017) ဆိုတဲ့ အဆင့်မြင့်စမတ်ဖုန်း 2 လုံးကို နှိုင်းယှဉ်ပေးသွားပါမယ်။ ၄င်းဖုန်း 2 လုံးမှာ J7 (2017) က J5 (2017) ထက် ပိုမိုစွမ်းအားကောင်းမွန်သလို ဈေးနှုန်းလည်း သိသိသာသာ ပိုမြင့်မားပါတယ်။ ဖုန်းမျက်နှာပြင်အကျယ်၊ မြင်ကွင်းစွမ်းအား၊ RAM ၊ အရှေ့ကင်မရာနဲ့ ဘက်ထရီစွမ်းအားတွေမှာ J7 က ပိုမိုကောင်းမွန်ပြီး ကျန်တာတွေအားလုံးနီးပါးကတော့ အတူတူပါပဲ။ 

ဒါ့အပြင် အရှေ့ဘက် home button မှာလည်း တူညီတဲ့ Fingerprint sensor စနစ်ပါရှိတာကို တွေ့ရပါတယ်။ ၄င်းဖုန်းတွေကို GSM, HSPA နဲ့ LTE networks တွေမှာ အသုံးပြုနိုင်ပြီး Single SIM နဲ့ Dual SIM စနစ်ဆိုတဲ့ version 2 မျိုးကို ထုတ်လုပ်ပေးထားပါတယ်။ ဒီဇိုင်းပုံစံနဲ့ တည်ဆောက်ထားတဲ့ ပစ္စည်းတွေအားလုံးက တူညီပြီး ဘက်ထရီစွမ်းအားပိုင်းအနေနဲ့တော့ J7 မှာ Non-removable Li-Ion 3600 mAh battery နဲ့ J5 မှာ Non-removable Li-Ion 3000 mAh battery တို့ကို ထောက်ပံ့ပေးထားပါတယ်။

* Design *

1. Samsung Galaxy J5 (2017)

J5 ရဲ့အရွယ်အစားက 146.2 x 71.3 x 7.9 mm ဖြစ်ပြီး ဒီဇိုင်းပုံစံက ထောင့်ဝိုင်းလေးမို့ ကိုင်တွယ်ရတာ အဆင်ပြေသလို သေသပ်လှပမှုလည်း ရှိပါတယ်။ ၄င်းကို အမဲရောင်၊ ရွှေရောင်၊ အပြာရောင်နဲ့ ပန်းရောင်တို့ကို ထုတ်လုပ်ပေးထားပါတယ်။

2. Samsung Galaxy J7 (2017)

J7 ရဲ့အရွယ်အစားက 152.4 x 74.7 x 7.9 mm ရှိပြီး ဒီဇိုင်းပုံစံက J5 နဲ့တူညီပေမယ့် အနည်းငယ်တော့ ပိုကြီးပါတယ်။ သူ့တို့ရဲ့နောက်ကျောဘက်က အနည်းငယ်လေး ဆန်းသစ်မှုရှိတာကို တွေ့ရပြီး ထုတ်လုပ်ပေးထားတဲ့ အရောင်ချင်းလည်း အတူတူပါပဲ။

* Processor *

1. Samsung Galaxy J5 (2017)

စက်စွမ်းဆောင်ရည်ပိုင်းအတွက် RAM 2GB ပါရှိတဲ့ Exynos 7870 Octa-core 1.6 GHz Cortex-A53 processor နဲ့ Mali-T830MP2 GPU တို့ကို ပေါင်းစပ်ဖန်တီးပေးထားတာကြောင့် လုပ်ဆောင်ချက်တွေ တိကျမှန်ကန်မှုရှိပြီး ရုပ်ထွက်လည်း ကောင်းမွန်ပါတယ်။

2. Samsung Galaxy J7 (2017)
J7 မှာလည်း တူညီတဲ့ Chipset, Processor နဲ့ Graphic card တွေကို ထည့်သွင်းထားပြီး RAM ကတော့ 3GB ပါရှိလို့ J5 ထက် 1GB ပိုများပါတယ်။ ဒါကြောင့် ယာယီမှတ်ဥာဏ်စွမ်းအားပိုင်းမှာတော့ နည်းနည်းလေး ပိုကောင်းပါတယ်။

* Display *

1. Samsung Galaxy J5 (2017)

မျက်နှာပြင်အကျယ် 5.2-inch ရှိပြီး Super AMOLED capacitive touchscreen display အမျိုးအစားကို သုံးစွဲထားပါတယ်။ ပြသပေးနိုင်တဲ့ မြင်ကွင်းစွမ်းအားက 720 x 1280 pixels ရှိပြီး 1 လက်မသိပ်သည်းဆက ~282 ppi pixels ပမာဏရှိပါတယ်။

2. Samsung Galaxy J7 (2017)
၎င်းက မျက်နှာပြင်အကျယ် 5.5 inches ရှိပြီး 1080 x 1920 pixels ရှိတဲ့ full HD မြင်ကွင်းစွမ်းအားကိုသာ ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် မျက်နှာပြင်စွမ်းအား ပိုမိုကောင်းမွန်သလို မျက်နှာပြင်လည်း ပိုကျယ်ပါတယ်။

* Verdict *

1. Samsung Galaxy J5 (2017)

J5 ရဲ့ အရှေ့ကင်မရာက 5MP သာရှိတာကြောင့် selfie ဓာတ်ပုံရိုက်ဝါသနာပါတဲ့သူတွေကတော့ သိပ်အဆင်မပြေနိုင်ပါဘူး။ ဒါပေမဲ့ ကျန်တဲ့အရေးကြီးအချက်တွေက J7 နဲ့ သိပ်မကွာတဲ့အတွက် ဈေးနှုန်းအနည်းငယ်ပိုသက်သာတဲ့ J5 ကလည်း ၀ယ်ယူသုံးစွဲလို့အဆင်ပြေတဲ့ ဖုန်းတစ်လုံးပါပဲ။

2. Samsung Galaxy J7 (2017)
J7 ရဲ့ အရှေ့ကင်မရာကတော့ 13MP တောင်ပါရှိတဲ့အတွက် selfie ဓာတ်ပုံကောင်းကောင်းတွေကို ရိုက်ကူးနိုင်ပြီး ဘက်ထရီစွမ်းအားလည်း ပိုမိုကောင်းမွန်ပါတယ်။ ဒါ့အပြင် မျက်နှာပြင်ပိုကျယ်ပြီး မြင်ကွင်းစွမ်းအားလည်း ပိုကောင်းတာကို တွေ့ရပါတယ်။ ဒါကြောင့် ပေးရတဲ့ဈေးနှုန်းကလည်း J5 ထက် ပိုမြင့်မားပါတယ်။




NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment