♪ ဂိမ်းကစားသူအချင်းချင်း Gem နဲ့ Coin များကို လေလံတင်ရောင်းချနိုင်မယ့် ရှမ်းကိုးမီး (ဘုံ) ဗားရှင်းသစ်ထွက်ရှိလာပါပြီ ♫


MyPLay ကုမ္ပဏီက အသစ်ထပ်မံမိတ်ဆက်လိုက်တဲ့ ရှမ်းကိုးမီး (ဘုံ) [SKM World 3.0] မှာ ဂိမ်းကစားပုံ feature အသစ်တွေနဲ့ ဂိမ်းထဲမှာ မိမိတို့ရရှိထားတဲ့ ဆုတံဆိပ်၊ Gem နဲ့ Coin တွေကို ကစားသူတွေအချင်းချင်း လေလံတင်ရောင်းချနိုင်အောင် ဖန်တီးပေးထားပါတယ်။ ဒီဂိမ်းမှာ ဒိုင်မပါဝင်ဘဲ အလယ်ဘုံစနစ်နဲ့ ဂိမ်းကစားသူတွေ စိတ်ကြိုက်ကြေးထပ်ကာ ကစားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စိတ်ဝင်စားဖွယ်ရာ ဖဲပွတ်ကစားနည်း feature လုပ်ဆောင်ချက်သစ်လည်း ပါဝင်လာပါတယ်။ နောက်ပြီး MyPlay ငွေဖြည့်ကတ် ၀ယ်ယူကစားတဲ့သူတွေကို ငွေကြေးဆိုင်ရာ “သော့” ကို ထည့်သွင်းထားပြီး သော့နဲ့ ကံစမ်းမဲသေတ္တာတွေကို ဖွင့်နိုင်မှာ ဖြစ်ပါတယ်။


“အခုဂိမ်း version အသစ်မှာက ကစားသူတွေ ပိုအဆင်ပြေပြေ ကစားနိုင်အောင် လုပ်ထားတယ်။ အမြင်သစ်နဲ့ rule တွေပြောင်းပြီး ဖဲပွတ်ကြည့်ရတဲ့စနစ်ကိုပါ ထပ်ထည့်ထားပါတယ်။ နောက်ထပ် ဂိမ်း versionအသစ် ၊ ဂိမ်းအသစ်တွေလည်း ထွက်ရှိဖို့ရှိနေပါတယ်” ဟု MyPlay ကုမ္မဏီမှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Operation Manager ကိုစိုင်းပြည့်ဖြိုးဟန်က ပြောကြားခဲ့ပါတယ်။


SKM World ဗားရှင်း 3.0 ကို ဇွန်လ ၇ ရက်က စတင်မိတ်ဆက်ခဲ့ပြီး Android OS 2.3 နဲ့ အထက်ဖုန်းတွေမှာ ကစားနိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအခြေစိုက် မိုဘိုင်ဂိမ်းကုမ္မဏီ MyPlay ကို အရှေ့တောင်အာရှအခြေစိုက် နည်းပညာဝန်ဆောင်မှုလုပ်ငန်း iSentric က ယခုနှစ်မတ်လအတွင်း ဝယ်ယူခဲ့တဲ့နောက်ပိုင်း ပထမဆုံးထွက်ရှိခဲ့တဲ့ ရှမ်းကိုးမီး (ဘုံ) ဂိမ်းကစားနည်း အသစ်လည်း ဖြစ်ပါတယ်။ MyPlay ကုမ္ပဏီက မြန်မာမှုဂိမ်းတွေကို တီထွင်ထုတ်လုပ်လျက်ရှိပြီး ယခုအခါ အရှေ့တောင်အာရှဈေးကွက်ကို ဖြန့်ချိမယ့် ဂိမ်းတွေကို ဆက်လက်တီထွင် သွားမယ်လို့ သိရပါတယ်။



-ရဲထွဋ်ဝင်း

Credit to ==> Internet Journal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com


0 comments:

Post a Comment