♪ " 18:9 Full Screen နဲ့ 3D Sensor ကင်မရာပါဝင်လာမယ့် Huawei Mate 10 " ♫

Image may contain: phone

2017 ခုနှစ်ရဲ့ ဒုတိယနှစ်ဝက်ပိုင်းကစပြီး မျက်နှာပြင် ထိခိုက်မှုပိုနည်းတဲ့ စမတ်ဖုန်းတွေ ပိုများလာဖွယ် ရှိပါတယ်။ လက်ရှိမှာတော့ စမတ်ဖုန်း စစ်ဆေးသူဖြစ်တဲ့ Pang Jiutang က huawei ရဲ့ 18:9 full screen ရှိတဲ့ မျက်နှာပြင်ကြီး စမတ်ဖုန်းကို 2017 ခုနှစ် နှစ်ကုန်ပိုင်းမှာ ထွက်ရှိမယ်လို့ ဆိုပါတယ်။ အခြားနာမည်ကျော်ကြားတဲ့ Mocha RQ ကတော့ 2017 ရဲ့ တတိယလေးလပတ် သို့မဟုတ် စတုတ္ထလေးလပတ်မှာ ထွက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ မျက်နှာပြင်ကြီးစမတ်ဖုန်းကတော့ Mate 10 ဖြစ်နိုင်ခြေရှိပါတယ်။

Mate 10 မှာ ဘေးဘောင်မရှိသလောက် Full screen အပြင် မျက်နှာပြင် ထိခိုက်မှု လျော့နည်းစေမယ့် bezel-less screen နည်းပညာကို အသုံးပြုထားမယ်လို့လည်းသိရပါတယ်။ တိုးတက်လာတဲ့ နည်းပညာတွေအရ optical fingerprint scanner နဲ့3D sensor တို့ကို အသုံးပြုထားပါတယ်။ ထိုင်ဝမ်ပစ္စည်းထုတ်လုပ်သူ Lengxi Dev ရဲ့ အဆိုအရ ဒီစမတ်ဖုန်း မှာ 3D sensor နည်းပညာ ပါဝင်ပြီး မျက်လုံးကို မှတ်သားထားတာ၊ မျက်နှာကိုမှတ်သားထားတာမျိုးတွေနဲ့ fingerprint scanner ကို bezel-less screen မှာ အချိန်တိုအတွင်း အသုံးပြုနိုင်ခြင်း စတာတွေ ပါဝင်မယ်လို့ Weibo မှာဖော်ပြထားပါတယ်။ ဒီသတင်းတွေအရ Huawei Mate 10 မှာလည်း မျက်လုံးနဲ့ lock ဖြည်တဲ့နည်းပညာ ပါဝင်မယ်လို့ ယူဆရတာ ဖြစ်ပါတယ်။


လောလောဆယ်မှာတော့ Huawei Mate 10 နဲ့ ပတ်သက်ပြီး သတင်းတွေအများကြီးတော့ထွက်ပေါ်လာခြင်းမရှိသေးပေမယ့် bezel-less screen ကိုအသုံးပြုမယ်ဆိုတာကိုတော့ အတည်ပြုထားပါတယ်။ ဒီစမတ်ဖုန်းမှာ Kirin 970 processor ၊ 10nm FinFET ၊ ARM Cortex-A73 processor တို့ပါဝင်ပြီး ဟွာဝေး mate series ထုတ်ပြန်နေကျ အောက်တိုဘာလကုန်ပိုင်းလောက်မှာ ထွက်ရှိလာနိုင်တယ်လို့ သိရပါတယ်။ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ 600 ဝန်းကျင်ပဲရှိဖို့လည်း စမတ်ဖုန်း ကျွမ်းကျင်သူတွေက ခန့်မှန်းကြပါသေးတယ်။



#igeekphone

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com



0 comments:

Post a Comment