♪ ကျောဘက်ကင်မရာနှစ်ခုပါဝင်တဲ့ Small Fresh 5 စမတ်ဖုန်းကို ZTE မိတ်ဆက် ♫


ကုမ္ပဏီရဲ့ နောက်ဆုံးပေါ် စမတ်ဖုန်းဖြစ်တဲ့ Small Fresh 5 စမတ်ဖုန်းကို ZTE က မိတ်ဆက်ကြေညာ လိုက်ပါတယ်။ ဒီစမတ်ဖုန်းသစ်ကို အရောင်လေးရောင်နဲ့ ရရှိနိုင်ပြီး ကျောဘက်မှာ ကင်မရာနှစ်ခု ပါဝင်လာပါတယ်။

Small Fresh 5 မှာ quad-core 1.4GHz Qualcomm Snapdragon 425 SoC ကို သုံးထားပါတယ်။ Display က ၅ လက်မ IPOS ဖြစ်ပြီး 720 x 1280 pixel နဲ့ အသုံးပြုနိုင်ပါတယ်။ အရှေ့ဘက် panel မှာ ဘာခလုတ်မှ မပါဝင်ပါဘူး။ Fingerprint scanner ကိုတော့ ကျောဘက်မှာထည့်သွင်းထားပါတယ်။

ကျောဘက် panel မှာ ကင်မရာနှစ်ခုကို တပ်ဆင်ထားပြီး flash ကိုတော့ အဲ့ဒီကင်မရာနှစ်ခုကြားမှာ ထည့်သွင်းထားပါတယ်။ ပင်မကင်မရာက 13MP ဖြစ်ပြီး ဒုတိယကင်မရာက 2MP ဖြစ်ပါတယ်။ Selfie ကင်မရာကတော့ 5MP ပါ။



ဒီစမတ်ဖုန်းမှာ Android 7.1 Nougat နဲ့ MiFavor UI ကို အသုံးပြုထားပါတယ်။ ဘက်ထရီက 2,500mAh ပါ။ MicroSD slot တစ်ခုပါဝင်ပြီး 128GB storage အထိ သိမ်းဆည်းနိုင်ပါတယ်။

ကိုယ်ထည်ကို သတ္တုနဲ့ ဖန်တီးထားတဲ့ Small Fresh 5 ကို Dark Night Gray, Elegant Gold, Glacier Blue, Green စတဲ့အရောင်တွေနဲ့ ရရှိနိုင်ပါတယ်။

ZTE Small Fresh 5 ကို ဗားရှင်းနှစ်မျိုးနဲ့ ရရှိနိုင်ပြီး တန်ဖိုးက 3GB/16GB အတွက် ၁၄၆ ဒေါ်လာ ဖြစ်ပါတယ်။ 4GB/32GB မော်ဒယ်အတွက်က ၂၀၄ ဒေါ်လာ ဖြစ်ပါတယ်။


-နောင်နောင်

Credit to ==> Internet Journal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com


0 comments:

Post a Comment