♪ Facebook က ပရိုဖိုင် ဓါတ်ပုံကို မခိုးယူနိုင်အောင် ကာကွယ်ပေးတဲ့ နည်းပညာကို ထည့်သွင်း ♫


Facebook က သင့် ပရိုဖိုင် ဓါတ်ပုံကို အခြားလူများ မခိုးယူနိုင်အောင် ကာကွယ်ပေးတဲ့ စွမ်းဆောင်ချက် တစ်ခုကို စမ်းသပ်နေပါတယ်။ ဒီစွမ်းဆောင်ချက်က သင့် ပရိုဖိုင် ဓါတ်ပုံကို ဒေါင်းလုပ်လုပ်ခြင်း၊ မျှဝေခြင်း၊ မက်ဆေ့အဖြစ် ပေးပို့ခြင်း မပြုနိုင်အောင် ကာကွယ်ပေးပါတယ်။ ဒါ့အပြင် သင်နဲ့ သူငယ်ချင်း မဟုတ်သူများက သင့် ဓါတ်ပုံမှာ Tag မပြုလုပ်နိုင်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ Android Phones များမှာ ဆိုရင် သင့် ပရိုဖိုင် ဓါတ်ပုံကို စကရင်ရှော့ မရိုက်နိုင်အောင်လည်း တားဆီးပေးပါသေးတယ်။

Facebook ရဲ့ လုံခြုံရေး Settings များဟာ အလွန် ကျစ်လစ်ပါတယ်။ ဒါပေမယ့် လူတိုင်းမြင်နိုင်တဲ့ Public Information များ ရှိနေပါတယ်။ အဲဒီအထဲမှာ သင့် ပရိုဖိုင် ဓါတ်ပုံလည်း ပါပါတယ်။ Marc Goodman ရဲ့ Future Crimes စာအုပ်မှာ တစ်နေ့လျှင် Facebook အကောင့် ၆၀၀ ၀၀၀ ဟက်ခံနေရတယ်လို့ ရေးသားထားပါတယ်။ သင့် အကောင့်မှ ရနိုင်သမျှ သတင်းအချက်အလက်များ အားလုံးကို ခိုးယူပြီး အကောင့် အတု တစ်ခု ပြုလုပ်ခြင်းဖြင့် အကောင့်များကို ဟက်တဲ့ နည်းလမ်းကလည်း ခေတ်စားလာနေတယ်လို့ သိရပါတယ်။

အိန္ဒိယမှ အမျိုးသမီးများဟာ သူတို့ရဲ့ ဓါတ်ပုံများကို အလွဲသုံးစား ပြုလုပ်မှာကို ကြောက်ကြတဲ့ အတွက် ဓါတ်ပုံများကို အွန်လိုင်းပေါ်သို့ မတင်ရဲကြဘူးလို့ ဒေသခံ လူမှု လုံခြုံရေး အဖွဲ့အစည်းများက ပြောကြပါတယ်။ အဲဒီအတွက် Facebook က ဒီစွမ်းဆောင်ချက်ကို အိန္ဒိယမှာ စမ်းသပ်ထည့်သွင်းပေး လိုက်ပါတယ်။ အခြားနိုင်ငံများမှာ ဖြန့်ချီမယ့် သတင်းကို မသိရသေးပါဘူး။




Credit to ==> DigitalTimes.com.mm





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com



0 comments:

Post a Comment