♪ “Lenovo K5 Note” Price - 299,000 Ks ♫


ဖုန်းမျက်နှာပြင်အတွက် LTPS IPS LCD Capacitive Touch Screen ကို အသုံးပြုပေးထားပါတယ်။ ဖုန်းမျက်နှာပြင်အကျယ်အ၀န်းကတော့ 5.5 inches ရှိပါတယ်။ မြင်ကွင်းစွမ်းရည်အတွက် ထောက်ပံ့ပေး ထားသော Pixels ပမာဏ ကတော့ 1080 × 1920 ဖြစ်ပါတယ်။ Lenovo ဟာ K series များကို မိတ်ဆက်ပေး ထားပြီး အခုဖုန်းကို K5 Note Pro လို့လည်း ခေါ်ဆိုနိုင်ပါတယ်။ အသုံးပြုနိုင်မယ့် Network အမျိုးအစားမှာ 2G, 3G, 4G ဖြစ်ပါတယ်။

ဖုန်းကိုယ်ထည်အရွယ်အစားပမာဏ ကတော့ 152 × 75.7 × 8.5 mm ဖြစ်ကာ အလေးချိန်မှာ 165 g ရှိပါတယ်။ ဆင်းကတ် နှစ်ကတ် ထည့်သွင်းအသုံးပြုနိုင်မယ့် ဖုန်းအမျိုးအစားဖြစ်ပါတယ်။ ထည့်သွင်းသုံးစွဲရမယ့် ဆင်းကတ်အရွယ်အစား ကတော့ Nano Sim ပါ။ အဓိကကင်မရာဟာ 13 MP, f/2.2 စွမ်းရည်ရှိပြီး Dual LED (Dual Tone) Flash စနစ်လည်း ပါရှိပါတယ်။ ရှေ့ကင်မရာငယ်ကတော့ 8MP စွမ်းရည် ဖြစ်ပါတယ်။ 

ဖုန်းရဲ့မှတ်ဥာဏ်ပမာဏအပိုင်းတွင် RAM ဟာ 3GB (သို့) 4GB ပါရှိပါတယ်။ Internal Storage အနေဖြင့် 32GB ပါရှိအောင် ဆောင်ရွက်ပေးထားပါတယ်။ အချက်အလက်အများအပြား သိမ်းဆည်းလိုပါက မှတ်ဥာဏ်ပမာဏကို ချဲ့ထွင်အသုံးပြုရပါမယ်။ Cardslot စနစ်ကို အသုံးပြု၍ မှတ်ဥာဏ်ပမာဏကို 256GB အထိ ချဲ့ထွင်သုံးစွဲနိုင်ပါမယ်။

ဖုန်းတွင်ပါရှိသော Android Version ကတော့ Lollipop ဖြစ်ပါတယ်။ ထည့်သွင်းပေးထားသော Chipset အမျိုးအစားမှာ Mediatek MT 6755 Helio P 10 ဖြစ်ကာ CPU စွမ်းရည်ကတော့ Octa core (4×1.8 GHz Cortex - A 53 & 4 × 1.0 GHz Cortex - A 53) ဖြစ်ပါတယ်။ ထို့ကြောင့် ဖုန်းကိုအသုံးပြုတဲ့အခါတွင် လျင်မြန်သွက်လက်ပါမယ်။ GPU အမျိုးအစား ကတော့ Mali-T 860 MP 2 ပါ။ 


ဖုန်း အများစုတွင် Finger Print ပါရှိ လာရာ ယခု K5 Note တွင်လည်း ထိုစနစ်ကိုအသုံးပြုနိုင်ပါမယ်။ အားသွင်းအသုံးပြုရမယ့် ဘက်ထရီအမျိုးအစားကတော့ Li-Po 3500 mAh ဖြစ်ပါတယ်။ ထိုဘက်ထရီဟာ စကားပြောဆိုရန် ၂၇ နာရီနီးပါး ခံနိုင်စွမ်းရှိအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။



<Specifications>

Network - GSM/HSPA/LTE
Screen - 5.5 inches
Memory - 32GB
Bluetooth - v4.1
CPU - Octa Core
OS - Android OS, v5.1 Contact - 01-381035

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com

0 comments:

Post a Comment