♪ Facebook Messenger ကနေ သင့်ရဲ့ တည်နေရာကို အချိန်နဲ့တစ်ပြေးညီ မျှဝေနည်း ♫


Facebook Messenger မှာ Voice Call, Video Call , Messaging များ အပါအ၀င် ဆက်သွယ်ရေး စွမ်းရည်များစွာပါပါတယ်။ အဲဒီအထဲက စွမ်းဆောင်ချက် အသစ်တစ်ခုက သင့်ရဲ့ တည်နေရာကို အချိန်နဲ့တစ်ပြေးညီ သူငယ်ချင်းတစ်ယောက်နဲ့ မျှဝေနည်း ဖြစ်ပါတယ်။ ဒီစွမ်းဆောင်ချက်ဟာ စာရိုက်ပို့စရာ မလိုဘဲ သင့် သူငယ်ချင်း၊ မိသားစုဝင်များ ရောက်ရှိနေတဲ့ တည်နေရာကို အချိန်မရွေး သိနိုင်တဲ့အတွက် အသုံးဝင်ပါတယ်။

အရင်ဆုံး Facebook Messenger နောက်ဆုံးဗားရှင်းကို Update လုပ်ပါ။ ယခင်ဗားရှင်း အဟောင်းများမှာတော့ ဒီစွမ်းဆောင်ချက် မပါပါဘူး။ Update လုပ်ပြီးရင် သင့်ရဲ့ တည်နေရာကို မျှဝေချင်တဲ့ သူငယ်ချင်းကို ရွေးချယ်၍ Chat Window ကို ဖွင့်ပါ။

Chat Window ရဲ့ ဘယ်ဘက်ထောင့်စွန်းမှ Plus Button ကို နှိပ်ပါ။ Location ကို နှိပ်ပါ။

ဒါဆိုရင် သင့်ရဲ့ တည်နေရာကို မြေပုံမှာ ပြသတဲ့ စကရင်ပေါ်လာမှာ ဖြစ်ပါတယ်။ အောက်ခြေမှ Share Live Location for 60 min ကို နှိပ်ပါ။


ဒါဆိုရင် သင့်ရဲ့ တည်နေရာကို မိနစ် ၆၀ ကြာ အချိန်နဲ့တစ်ပြေးညီ မျှဝေပေးထားမှာ ဖြစ်ပါတယ်။ တည်နေရာ မျှဝေခြင်းကို ရပ်တန့်ချင်ရင် Stop Sharing ကို နှိပ်နိုင်ပါတယ်။



ဒီစွမ်းဆောင်ချက်ဟာ တည်နေရာကို မိနစ် ၆၀ အထိသာ မျှဝေပေးထားမှာ ဖြစ်ပြီး အဲဒီအချိန်ကျော်လို့ ထပ်မံ မျှဝေချင်ရင် အထက်ဖော်ပြပါ နည်းလမ်းအတိုင်း ထပ်မံ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ဒီစွမ်းဆောင်ချက်ဟာ သူငယ်ချင်းများ တွေ့ဆုံဖို့ ချိန်းဆိုခြင်း၊ ခရီးသွားခြင်းများအတွက် အသုံးဝင်ပါတယ်။ မိဘများအတွက်လည်း သား၊ သမီးများရဲ့ တည်နေရာကို အချိန်မရွေး တွေ့နိုင်ပါတယ်။



Credit to ==> DigitalTimes.com.mm






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com

0 comments:

Post a Comment