♪ iOS မှာ Safari ကို ဆရာတစ်ဆူလို သုံးနိုင်မယ့် နည်းလမ်းများ ♫


iPhone မှာ Safari ရဲ့ လိပ်စာဘားကနေ အင်တာနက်မှာ ရှာဖွေမှုများကို သင် ပြုလုပ်တတ်မှာပါ။ Reader Mode ကို ဖွင့်ရတာလည်း အလွန် လွယ်ကူပါတယ်။ ဒါပေမယ့် ဒီထက် နက်နဲတဲ့ စွမ်းဆောင်ချက်များ ရှိနေပါတယ်။ ဥပမာအားဖြင့် Reader Mode ရဲ့ ပုံပန်းသွင်ပြင်ကို စိတ်ကြိုက်ပြောင်းခြင်း၊ ဆာဖာရီကနေ Spotlight Search များကို ပြုလုပ်ခြင်း၊ ၀က်စာမျက်နှာများကို PDF အဖြစ် သိမ်းဆည်းခြင်းနဲ့ အခြား iOS Device တစ်ခုမှာ ဖွင့်ထားတဲ့ Safari Tab ကို ပိတ်ခြင်းတို့လို အရာများ ဖြစ်ပါတယ်။

သင် လည်ပတ်တဲ့ ၀က်ဆိုက်များ ပြသခြင်းကို ပိတ်ပါ။

ဆာဖာရီမှာ လိပ်စာဘားကို နှိပ်ရင် သင်မကြာခဏ လည်ပတ်တဲ့ ၀က်ဆိုက်များကို ပြသထားတာက နောက်တစ်ခါ လည်ပတ်ရင် အဆင်ပြေပေမယ့် အခြားလူများ မြင်သွားနိုင်ပါတယ်။ အဲဒီ Frequently Visited ကဏ္ဍကို ပိတ်ထားချင်ရင် Settings> Safari > General ထဲသွားပြီး Frequently Visited Sites မှာ Off လုပ်ပါ။

သင့်ရဲ့ Favorites များကို Rearrange or Delete လုပ်ပါ။

ဆာဖာရီမှာ လိပ်စာဘားကို တစ်ချက်နှိပ်ရင် သင့်ရဲ့ Favorites များကို ပြသပေးပါတယ်။ Favorites မှ ၀က်ဆိုက် အိုင်ကွန်များကို Rearrange လုပ်ဖို့ လက်ဖြင့် ဖိဆွဲနိုင်ပါတယ်။ အိုင်ကွန်ကို ဖိထားပြီး Delete ကို နှိပ်ရင် အဲဒီ ကဏ္ဍကနေ ဖျက်ပေးမှာပါ။ အိုင်ကွန်ကို နာမည်ပြောင်းချင်ရင် ဖိထားပြီး Edit ကို နှိပ်ပါ။

Reader Mode ရဲ့ ဖောင့်နဲ့ နောက်ခံ အရောင်ကို ပြောင်းပါ။

ဆာဖာရီမှာ ၀က်ဆိုက်များမှ ရှုပ်ထွေးနေတဲ့ အရာများကို ဖယ်ရှားပေးပြီး စာဖတ်ရာမှာ ကောင်းမွန်စေတဲ့ Reader Mode ပါပါတယ်။ လိပ်စာဘားရဲ့ ဘယ်ဘက်မှ မျဉ်းလေးကြောင်း ခလုတ်ကို နှိပ်၍ Reader Mode ကို ဖွင့်နိုင်ပါတယ်။

Default အားဖြင့် Reader Mode ရဲ့ နောက်ခံ အရောင်ဟာ အဖြူဖြစ်ပြီး ဖောင့်ဟာ sans-serif San Francisco ဖြစ်ပါတယ်။ သင်က အဲဒီ နောက်ခံနဲ့ ဖောင့်ကို မနှစ်သက်ရင် ပြောင်းနိုင်ပါတယ်။ Reader Mode ဖြင့် ဖွင့်ထားတဲ့ ၀က်စာမျက်နှာတစ်ခုရဲ့ ထိပ်မှ “aA” Button ကို နှိပ်ပါ။ ဒါဆိုရင် နောက်ခံ အရောင်နဲ့ ဖောင့်ကို ပြောင်းနိုင်တဲ့ Menu ပေါ်လာမှာပါ။

ဝက်စာမျက်နှာတစ်ခုမှ စာသားများကို ရှာဖွေခြင်း။

Chrome လိုပဲ ဆာဖာရီမှာ လိပ်စာဘားကနေ အင်တာနက်မှာ ရှာဖွေမှုများ ပြုလုပ်နိုင်ပါတယ်။ ဆာဖာရီမှာ ၀က်စာမျက်နှာ တစ်ခုမှ စာသားများကို ရှာချင်ရင်လည်း ဒီလိုလုပ်နိုင်ပါတယ်။ ရှာဖွေချင်တဲ့ စာသားကို ရိုက်ထည့်ပြီးရင် အောက်ကို ဆင်းပါ။ “ On This Page “ မှာ ရလဒ်များကို ပြသထားပါတယ်။

နောက်တစ်နည်းက စကရင်ရဲ့ အောက်ခြေမှ အပေါ်ထောင်နေတဲ့ မျှားပါတဲ့ လေးထောင့် ခလုတ် ( Action button ) ကို နှိပ်ပြီး “ Find on Page “ ကို နှိပ်ပါ။

Home Screen မှာ ၀က်ဆိုက်တစ်ခု ထည့်ပါ။

ဆာဖာရီရဲ့ စွမ်းဆောင်ချက် အဟောင်း တစ်ခုကို လူတွေ သုံးဖို့ မေ့နေကြပါတယ်။ အဲဒါက Home Screen မှာ ၀က်ဆိုက်တစ်ခုကို ထည့်သွင်းတာပါ။ ၀က်ဆိုက်တစ်ခုထဲ ရောက်တဲ့ အခါမှာ Action Button ကို နှိပ်ပြီး “ Add to Home Screen “ Button ကို နှိပ်ပါ။ Add ကို မနှိပ်ခင် Home Screen Icon ရဲ့ အမည်ကို ပြောင်းနိုင်ပါတယ်။

ဝက်စာမျက်နှာကို PDF အဖြစ် သိမ်းပါ။

ဆာဖာရီမှာ ၀က်စာမျက်နှာတစ်ခုကို PDF အဖြစ် သိမ်းချင်ရင် Action Button ကို နှိပ်ပါ။ Save PDF to iBooks ကို နှိပ်ပါ။ သင့်ဖုန်းမှာ Dropbox ကို အင်စတောလုပ်ထားရင်လည်း အဲဒီမှာ သိမ်းနိုင်ပါတယ်။

အခြား iOS Device မှာ ဖွင့်ထားတဲ့ Tab များကို ပိတ်ပါ။

ဆာဖာရီရဲ့ စကရင် အောက်ခြေမှ လေးထောင့် နှစ်ထပ် ခလုတ် ( Tabs Button ) ကို နှိပ်ရင် သင့်ရဲ့ Mac , iPad တို့လို iCloud ချိတ်ဆက်ထားတဲ့ Devices များမှာ ဖွင့်ထားတဲ့ Tabs များကို မြင်ရမှာပါ။ လူတွေ သိပ်မသိကြသေးတာက အခြား Device များမှာ ဖွင့်ထားတဲ့ Tab များကို အဲဒီကနေ ပိတ်နိုင်ပါတယ်။ ပိတ်ချင်တဲ့ Tab ကို ညာဘက်ကနေ ဘယ်ဘက်သို့ ပွတ်ဆွဲပြီး အနီရောင် Delete Button ကို နှိပ်ပါ။

ဆာဖာရီကနေ Spotlight Search ပြုလုပ်ပါ။

ဝက်စာမျက်နှာတစ်ခုမှ စာသား၊ အမည်များနဲ့ ပတ်သက်ပြီး Spotlight မှာ ရှာဖွေမှုများ ပြုလုပ်ချင်ရင် စာသားကို Select လုပ်ပါ။ ပြီးရင် Look Up ကို နှိပ်ပါ။ ဒါဆိုရင် Overlay Window တစ်ခု ပေါ်လာမှာ ဖြစ်ပြီး စာသားရဲ့ အဓိပ္ပါယ်၊ သတင်း၊ ၀ီကီပီဒီးယား ဆောင်းပါးများ အပါအ၀င် Spotlight ကနေ ရှာဖွေမှု ရလဒ်များကို ပြသပေးမှာပါ။




Credit to ==>> DigitalTimes.com.mm






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com



0 comments:

Post a Comment