♪ " OnePlus 5 နဲ့ရိုက်ကူးထားတဲ့ နမူနာပုံတွေကအံ့သြလောက်အောင် ကောင်းမွန်နေ " ♫

Image may contain: phone and screen

OnePlus ကုမ္ပဏီ CEO Pete Lau က သူ့ရဲ့ weiboအကောင့်မှာOnePlus 5 နဲ့ရိုက်ကူးထားတဲ့ ပုံအချို့တင်ခဲ့ပြီး ဖုန်းနဲ့ရိုက်ထားတယ်လို့ မထင်ရလောက်အောင် ကောင်းမွန်နေတာကိုတွေ့ရပါတယ်။ ဒါပေမယ့် ဒီပုံတွေဟာ မူလရိုက်ကူးထားတဲ့အတိုင်းပဲလား untouched လုပ်ထားသလားဆိုတာကတော့ သေချာမပြောနိုင် ပါဘူး။

ရိုက်ကူးထားပုံအရဆိုရင် 4608×3456 size ကို 16 MP ရုပ်ထွက် ရရှိအောင် ရိုက်ကူးနိုင်တာတွေ့ရမှာပါ။ ဒါကြောင့် OnePlus 5 ရဲ့ dual camera က 16 MP unit ကိုထောက်ပံ့ပေးနိုင်တာကအသေအချာပါပဲ။ ပုံရဲ့အရည်အသွေးကို ကြည့်မယ်ဆိုရင်လည်းတွေ့ဖူးသမျှ ဖုန်းနဲ့ရိုက်ကူးတဲ့ပုံတွေထဲမှာအကောင်းဆုံး လို့လည်းဆိုနိုင်ပါတယ်။ high dynamic range နဲ့ တွေ့ရမယ့် ဒီပုံတွေကအရောင်ပိုင်း ပြန်လည်ချိန်ညှိ ထားတယ်လို့ ယူဆရပေမယ့် ဒါကတကယ်တမ်းလိုအပ်တယ်လို့ မဆိုနိုင်ပါဘူး။ 
 
သဘာဝအတိုင်းရှိနေတဲ့ပုံထက် အရောင်တွေပြုပြင်ထားတဲ့ပုံက စိတ်ကျေနပ်မှု လျော့နည်းစေပါတယ်။ ဒီပုံတွေကိုကြည့်ရတာတော့ မူလအတိုင်းကို retouch နည်းနည်းလုပ်ထားခဲ့ပုံပါပဲ။ OnePlus 5 မှာအသုံးပြု ထားတဲ့ dual camera နည်းပညာအတွက် DxI Labs ရဲ့ digital photography နည်းပညာတွေနဲ့ အဆင့်မြှင့်ထားသလားဆိုတာကလည်း မရှင်းလင်းသေးပါဘူး။

OnePlus 5 မှာiPhone 7 plus နဲ့ XiaomiMi 6 မှာလိုမျိုး monochrome ဆင်ဆာ၊ normal နဲ့ wide angle lens ၊ normal နဲ့ telephoto lens အစရှိတာတွေ ပါဝင်လာမလားဒါမှမဟုတ် ဒီထက်ပိုထူးခြားတဲ့ ကင်မရာ လုပ်ဆောင်ချက်တွေ ပါလာမလားဆိုတာကိုတော့ လာမယ့် ဇွန်လ 20 ရက်နေ့ သိရတော့မှာပဲ ဖြစ်ပါတယ်။
 


သံစဉ်ချို

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment