♪ သတင်းအချက်အလက်လုံခြုံရေးဆိုင်ရာ Conference ကျင်းပမယ် ♫


သတင်းအချက်အလက် လုံခြုံရေးဆိုင်ရာ Conference ကျင်းပမယ်လို့ သိရပါတယ်။


အဲဒီ BSides Myanmar 2017 (Information Security Conference) ကို ဇူလိုင် ၂ ရက်မှာ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။ MICT Park မှာကျင်းပမှာဖြစ်ပြီး အဲဒီ Security BSides ဟာ ကမ္ဘာအနှံ့အပြားမှာ Local Information Security Community တွေက ဦးစီးပြုလုပ်နေတဲ့ Information Secuirty Conference တစ်ခုဖြစ်တယ်လို့သိရပါတယ်။

အဲဒီအခမ်း အနားမှာ Information Security ဆိုင်ရာ ဗဟုသုတတွေ ဆွေးနွေးခြင်းကို ပြည်တွင်း ပြည်ပမှာ ရှိတဲ့ Information security specialist တွေ တက်ရောက်ဆွေးနွေးမှာ ဖြစ်ပါတယ်။ “တက် ရောက်ဖို့အတွက် မှတ်ပုံတင်(register) လုပ်ဖို့လိုအပ်ပါတယ်၊ ကျွန်တော်တို့ Facebook စာမျက်နှာမှာ register လုပ်ဖို့နေရာရှိပါတယ်၊ အဲဒီကနေတစ်ဆင့် လုပ်နိုင်မှာဖြစ်ပါတယ်” လို့ အခမ်းအနားရဲ့တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကိုကျော်သီဟက ပြောပါတယ်။


Information Security နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ရရှိမှာဖြစ်ပြီး အဲဒီအခမ်းအနားကို သတင်းအချက်အလက်နဲ့ လုံခြုံရေးနည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်တာလို့ သိရပါတယ်။ အခမ်း အနားကို register မပြုလုပ်ဘဲနဲ့လည်း တက်ရောက်နိုင်ပြီး မပြုလုပ်ရင်တော့ ပြုလုပ်ထားတဲ့သူနဲ့ အခွင့်အရေး အနည်းငယ်ကွာခြားမှာ ဖြစ်ပါတယ်။


-ထွန်းထွန်း

Credit to ==> Internet Journal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com


0 comments:

Post a Comment