♪ “Samsung Galaxy S8 ကိုနောက်ကောက်ချခဲ့တဲ့ OnePlus 5 ရဲ့ အားသွင်းစနစ်” ♫

Image may contain: phone

OnePlus 5 ဟာ လျင်မြန်စွာအားသွင်းတဲ့ နည်းပညာအပိုင်းမှာ အကောင်းဆုံးစမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။ အခုတော့ YouTube Channel တစ်ခု ဖြစ်တဲ့ SuperSaf TV က ယခုနှစ်အစောပိုင်းထုတ် စွမ်းဆောင်ရည်မြင့် Android Phones များနဲ့ OnePlus 5 ရဲ့ ဘက်ထရီ စွမ်းရည်ကို နှိုင်းယှဉ် စမ်းသပ်ထားတဲ့ ဗီဒီယိုတစ်ခုကို လွှင့်တင် ထားပါ တယ်။

၁၀၀ ရာခိုင်နှုန်းအပြည့် အမြန်ဆုံးအားသွင်းပေးနိုင်တဲ့ စမတ်ဖုန်း ကိုစမ်းသပ်ခဲ့ကြတာ ဖြစ်ပြီးဒီစမ်းသပ်မှာ OnePlus 5 ဟာ Samsung Galaxy S8 , HTC U11 နဲ့ Sony Xperia XZ Premium တို့ကိုနောက်ကောက်ချနိုင်ခဲ့ ပါတယ်။ OnePlus 5 ရဲ့ လျင်မြန်စွာ အားသွင်းနိုင်တဲ့ နည်းပညာကို Dash Charge လို့ အမည်ပေးထား ပါတယ်။

စမတ်ဖုန်းအားလုံးမှာ ၁ ရာခိုင်နှုန်းဘက်ထရီအားသာထည့်သွင်းထားပြီး သူတို့ရဲ့ Stock Charger များကိုတပ်ဆင်ထားပါတယ်။ နောက်ပြီး စမတ်ဖုန်းအားလုံးကို Airplane Mode မှာထားရှိထားပါတယ်။ မိနစ် ၃၀ ကျော် အားသွင်းပြီးတဲ့ အချိန်မှာ OnePlus 5 ဟာ ၅၉ ရာခိုင်နှုန်း၊ HTC U11 က ၄၃ ရာခိုင်နှုန်းနဲ့ Sony Xperia XZ Premium က ၄၁ ရာခိုင်နှုန်းအားဖြည့်နိုင်ပါတယ်။ Samsung Galaxy S8 ကတော့ အဆိုးဆုံးဖြစ်ပြီး ၃၆ ရာခိုင်နှုန်းသာအားပြည့်ပါတယ်။ OnePlus 5 ဟာ ၈၈ မိနစ်မှာ ၁၀၀ ရာခိုင်နှုန်းအားပြည့်ခဲ့ပြီး Galaxy S8 က သူ့ထက် ၁၃ မိနစ်နောက်ကျခဲ့ပါတယ်။ 




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com


0 comments:

Post a Comment