♪ Apple iPhone 8 နဲ့ Samsung Galaxy Note 8 တို့ စက်တင်ဘာမှာ ထိပ်တိုက်တွေ့ပြီ ♫


Samsung က သူ့ရဲ့ Galaxy Note 8 ဟာ Apple ရဲ့ ၁၀ နှစ်ပြည့် အထူးထုတ် iPhone 8 ကို ယှဉ်နိုင်မယ်လို့ ထင်နေပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းများအရ Samsung ဟာ စက်တင်ဘာလမှာ Note 8 ကို မိတ်ဆက်မှာ ဖြစ်ပါတယ်။ ဒီသတင်းသာ မှန်မယ်ဆိုရင် Apple iPhone 8 နဲ့ Samsung Galaxy Note 8 တို့ စက်တင်ဘာမှာ ထိပ်တိုက်တွေ့ပါပြီ။ Samsung က Note 8 ရဲ့ ဒီဇိုင်းကို ဆန်းသစ်ထားမှာ ဖြစ်ပြီး ဆော့ဖ်ဝဲကလည်း အဆင့်မြှင့်ထားမှာပါ။ Note 8 ဟာ iPhone 8 ထက် ဈေး သက်သာဦးမှာပါ။

Samsung က S Series များနဲ့ ကွဲပြားအောင် Note Series များမှာ စကရင်ကို ဆန်းသစ်ထားမယ်လို့ VentureBeat က ရေးသားထားပါတယ်။ Note 8 မှာ အရည်အသွေးမြင့် အစိတ်အပိုင်းများ၊ အနောက် ကင်မရာ နှစ်လုံးနဲ့ အတူ S Pen လည်း ပါလာမှာ ဖြစ်ပါတယ်။ 6GB RAM, 12MP Dual Cameras များ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ Edge-to-Edge Screen အတွက် နေရာပိုရအောင် လက်ဗွေရာ အာရုံခံ ကိရိယာကို အနောက်ဘက်မှာ တပ်ဆင်ထားနိုင်ပါတယ်။

ဆော့ဖ်ဝဲ စွမ်းဆောင်ချက် အသစ်များလည်း ထည့်ပေးထားမှာ ဖြစ်ပြီး Split-Screen Multitasking စွမ်းရည် ပိုမို တိုးတက်လာမှာပါ။ S Pen ရဲ့ စွမ်းရည်များလည်း ပိုမို ကောင်းမွန်လာပြီး Always-On Display မှာ လက်ဖြင့် ရေးသားထားတဲ့ မှတ်စုများကို Pin လုပ်ထားနိုင်မှာပါ။ Note 8 ဟာ ဒေါ်လာ ၉၀၀ ကျော် တန်ကြေးရှိမယ်လို့ တွက်ဆထားကြပါတယ်။

Note 8 မှာ 3300mAh Battery တပ်ဆင်ထားနိုင်ပါတယ်။ ပေါက်ကွဲမှု ဖြစ်ပွားတဲ့ Note 7 များမှာ 3500mAh Battery ထည့်သွင်းထားတာ ဖြစ်ပါတယ်။ အရွယ်ကြီးမားတဲ့ ဘက်ထရီများကြောင့် Note 7 ဟာ ပြဿနာ ဖြစ်ခဲ့တာပါ။ Samsung က Note 8 ဟာ Apple iPhone 8 ကို ယှဉ်နိုင်တယ်လို့ ယုံကြည်တဲ့အတွက် iPhone မိတ်ဆက်မယ့် စက်တင်ဘာလမှာပဲ Note 8 ကို ကြေညာဖို့ ရွေးချယ်ထားတာ ဖြစ်ပါတယ်။




Credit to ==> DigitalTimes.com.mm





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com



0 comments:

Post a Comment