♪ အနောက် ကင်မရာ နှစ်လုံးပါတဲ့ OnePlus 5 ကို မိတ်ဆက်ပြီ ♫


OnePlus 5 မှာ အနောက် ကင်မရာ နှစ်လုံး တပ်ဆင်ထားပါတယ်။ တစ်လုံးမှာ Optical Image Stabilization နည်းပညာပါပြီး အလင်းရောင်နည်းပါးတဲ့ အခြေအနေမှာတောင် ဓါတ်ပုံကောင်းများ ရိုက်ကူးပေးနိုင်တဲ့ 16MP Camera ဖြစ်ပါတယ်။ နောက်တစ်လုံးမှာ 20MP Telephoto Lens ဖြစ်ပြီး နောက်ခံကို Blur လုပ်ပေးနိုင်တဲ့ Portrait Mode ပါပါတယ်။ ဒီ Sensor က Autofocus ကို ၄၀ ရာခိုင်နှုန်း ပိုမိုမြန်ဆန်အောင် လုပ်ပေးနိုင်ပါတယ်။

OnePlus 5 ဟာ ကုမ္ပဏီရဲ့ အပါးလွှာဆုံး စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း ဖြစ်ပြီး ၇.၂၅ မီလီမီတာသာ အထူ ရှိပါတယ်။ 3300mAh Battery တပ်ဆင်ထားပါတယ်။ Snapdragon 835 Chipset ကြောင့် ဘက်ထရီ သက်တမ်းဟာ 3T ထက် ၂၀ ရာခိုင်နှုန်း ပိုမို တိုးတက်လာပါတယ်။ နာရီဝက်အားသွင်းရင် တစ်နေ့လုံး ဘက်ထရီ အသုံးခံတဲ့ Dash Charge ပါပါတယ်။

8GB RAM/128GB Storage နဲ့ 6GB RAM/64GB Storage မော်ဒယ် နှစ်မျိုး ထုတ်လုပ်ပေးထားပါတယ်။ microSD Card Slot တော့ မပါပါဘူး။ Android 7.1 Nougat ကို Oxygen OS နဲ့ ပေါင်းစပ်ထားပါတယ်။ ၅.၅ လက်မ AMOLED Display တပ်ဆင်ထားပြီး Full HD Resolution ဖြစ်ပါတယ်။ iPhone 7 နဲ့ Galaxy S8 မှာလို မျက်နှာပြင်က DCI-P3 ကို ထောက်ပံ့ပါတယ်။

ဇွန်လ ၂၇ ရက်နေ့မှာ Oneplus.net ကနေ စတင် ရောင်းချပေးမှာပါ။ 6GB RAM Model ကို ၄၈၀ ဒေါ်လာ၊ 8GB RAM Model ကို ၅၄၀ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေအားဖြင့် ၆၅၀ ၀၀၀ နဲ့ ၇၃၀ ၀၀၀ ၀န်းကျင် အသီးသီး တန်ကြေးရှိပါတယ်။




Credit to ==> DigitalTimes.com.mm





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment