LG
G6 Plus မှာ iPhone 7 Plus နဲ့ Samsung Galaxy S8 Plus
တို့လိုမျိုးပဲ နောက်ဆုံးထွက် Flagship ဖုန်းထက် ထူးထူးခြားခြား
ပြောင်းလဲမှုတွေတော့သိပ်မတွေ့ရပါဘူး။ Snapdragon 821 processor , 4GB RAM
နဲ့ (၅.၇)လက်မ Quad HD display ကအစ G6 တုန်းကအတိုင်း
အသုံးပြုထားတာဖြစ်ပါတယ်။
G6 ထက်ပိုထူးခြားလာတဲ့ အဓိကအချက် (၂)ခုတော့ရှိပါတယ်။ တစ်ခုကတော့ G6 တုန်းက 32GB storage သာပါဝင်ခဲ့ပေမယ့် G6 Plus မှာ 128GB အထိ တိုးမြှင့်ပေးလိုက်တာဖြစ်ပါတယ်။
နောက်တစ်ချက်ကတော့ Hi-res audio support ပါဝင်လာပြီး box ထထထဲမှာ B&Q Play earphones တစ်စုံ ပါဝင်လာကာ အရောင်တွေအနေကလည်း Optical Astro Black, Marine Blue နဲ့ Terra Gold ဆိုပြီး (၃)မျိုး ရွေးချယ်နိုင်မှာဖြစ်ပါတယ်။
LG G6 Plus ရဲ့ ဈေးနှုန်းနဲ့ ဈေးကွက်ဝင်မယ့်နေ့ကိုတော့ စောင့်ဆိုင်းရဦးမှာဖြစ်ပါတယ်။

Credit to ==>> DigitalTimes.com.mm
0 comments:
Post a Comment