♪ " Xiaomi ရဲ့ အကောင်းဆုံးဘတ်ဂျက်စမတ်ဖုန်း (5) မျိုး " ♫

Image may contain: phone and screen

Xiaomi ကုမ္ပဏီကနေ ဈေးနှုန်းသင့်စမတ်ဖုန်းတွေ အများအပြားထုတ်လုပ်ခဲ့ပြီး ဒီထဲကမှ အသုံးပြုသူအများစု ကြိုက်နှစ်သက်ကြတဲ့ ဘတ်ဂျက်စမတ်ဖုန်း (5) မျိုးကို news 18 က ရွေးချယ်ဖော်ပြခဲ့ပါတယ်။ ဖုန်းမှာပါဝင်တဲ့ ကင်မရာနဲ့ specifications ပိုင်းကောင်းမွန်မှုကို အခြေခံပြီး ရွေးချယ်ထားကြတာပါ။ ဘတ်ဂျက်စမတ်ဖုန်းတွေထဲက လူကြိုက်များတာက Redmi series ဖြစ်ပြီး Redmi 4A နဲ့ Redmi Note 4 အစရှိတဲ့ စမတ်ဖုန်းတွေ ပါဝင်နေပါတယ်။

* Redmi 4A *

မနှစ်က နိုဝင်ဘာမှာမိတ်ဆက်ခဲ့တဲ့ Redmi 4A က 5 လက်မမျက်နှာပြင်၊ 720 × 1280 pixels resolution ရှိပြီး Quad-core Qualcomm Snapdragon 425 chipset အသုံးပြုထားပါတယ်။ RAM 2GB နဲ့ internal storage 16GB ပါဝင်ပြီး 128 GB အထိ တိုးချဲ့နိုင်ပါတယ်။ နောက်ကင်မရာ 13 MP နဲ့ ရှေ့ကင်မရာ 5 MP ရှိပြီး Android Marshmallow ၊ 3120 mAh ဘက်ထရီအသေတို့ကို အသုံးပြုထားပါတယ်။ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ 93 လို့ သိရပါတယ်။

* Xiaomi Redmi Note 4 *

Xiaomi Redmi Note 4 ကို ဗားရှင်းသုံးမျိုးဖြင့် January က မိတ်ဆက်ခဲ့ပြီး ရွှေရောင်၊ ခဲရောင်၊ အနက်ရောင်၊ ငွေရောင်ဆိုပြီး ရရှိနိုင်ပါတယ်။ dual-SIM ကဒ်ကို အသုံးပြုနိုင်ပြီး Xiaomi ရဲ့ MIUI 8 ကို အခြေခံထားတဲ့ Android 6.0 Marshmallow ကို အသုံးပြုထားပါတယ်။ Redmi Note 4 ကို 2.5D curved glass နဲ့ ဖုံးအုပ်ထားပြီး 5.5 လက်မ full-HD (1080 x 1920 pixels) ရုပ်ထွက်ရရှိမှာပါ။ Snapdragon 625 SoC ကိုအသုံးပြုပြီး RAM 3GB နဲ့ 4GB နှစ်မျိုးလာတာ တွေ့ရပါတယ်။ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ 150 ၀န်းကျင်ပဲဖြစ်ပါတယ်။

* Xiaomi Redmi 4 *

Redmi 4 ရဲ့ဈေးနှုန်းကတော့ RAM 2GB ၊ 16GB storage အတွက် (ရူပီး 6999 - အမေရိကန်ဒေါ်လာ 110 ဝန်းကျင်) ၊ RAM 3GB ၊ 32GB inbuilt storage အတွက် ရူပီး 8999 - အမေရိကန်ဒေါ်လာ 140 ဝန်းကျင် ၊ RAM 4GB ၊ ROM 64GB အတွက် ရူပီး 10999 - အမေရိကန်ဒေါ်လာ 170 ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ ဒီစမတ်ဖုန်းမှာ Snapdragon 435 chipset ပါဝင်ပြီး သတ္တုကိုယ်ထည်ဒီဇိုင်းနဲ့ နောက်ကျောဘက်မှာ fingerprint sensor ပါဝင်ပါတယ်။ 2.5D curved glass display နဲ့ 5 လက်မ HD (720 x 1280 pixels) ရှိတဲ့ မျက်နှာပြင်တို့ အသုံးပြုထားပါတယ်။

* Xiaomi Redmi 3S *

ဒီစမတ်ဖုန်းကို ဖုန်းစစချင်းအသုံးပြုသူတွေအတွက် အဓိကရည်ရွယ်ထုတ်လုပ်ထားပြီး သတ္တုကိုယ်ထည်နဲ့ ဘက်ထရီခံနိုင်အားက 4100 mAh ရှိပါတယ်။ Qualcomm Snapdragon 420 SoC အသုံးပြုထားတဲ့ Xiaomi Redmi 3S မှာ 13-megapixel နောက်ကင်မရာ၊ selfies အတွက် 5-megapixel ရှေ့ကင်မရာ ပါဝင်ပါတယ်။။ 1.1GHz octa-core Qualcomm Snapdragon 430 processor အသုံးပြုထားပြီး RAM 2GB internal storage 16GB ကို 128GB အထိ တိုးချဲ့အသုံးပြုနိုင်မှာပါ။ ဈေးနှုန်းက ရူပီး 6999 - အမေရိကန်ဒေါ်လာ 110 ဝန်းကျင်ရှိပါတယ်။

* Redmi 3s Prime *

Redmi 3s Prime ကို 5 လက်မ (720 x 1280 pixels) display အသုံးပြုထားပြီး RAM 3GB internal storage 32GB ပါဝင်ပါတယ်။ အနောက်ကင်မရာအတွက် 13MP နဲ့ ရှေ့ကင်မရာအတွက် 5MP ပါဝင်တာ တွေ့ရပါတယ်။ Android 6.0.1 နဲ့ ဘက်ထရီခံနိုင်အားက 4100 mAh ရှိပါတယ်။ Qualcomm Snapdragon 430 chipset အသုံးပြုထားပြီး ဈေးနှုန်းက အမေရိကန်ဒေါ်လာ 140 ၀န်းကျင်ရှိတယ်လို့ သိရပါတယ်။



သံစဉ်ချို

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment