♪ “ ပထမဦးဆုံး 8GB RAM နဲ့ ထွက်ရှိလာမယ့် ASUS ZenFone AR ” ♫

Image may contain: phone

CES 2017 မှာမိတ်ဆက်ခဲ့ပြီး 8GB RAM ပါဝင်လာမယ့် ASUS ZenFone AR က ကမ္ဘာ့ပထမဆုံး 8GB RAM နဲ့ စမတ်ဖုန်းဖြစ်လာတော့မယ်လို့ ကုမ္ပဏီက ဆိုထားပါတယ်။ ဒီစမတ်ဖုန်းမှာ Google ရဲ့ Reality နည်းပညာဖြစ်တဲ့ Tango နဲ့ Virtual Reality ဆော့ဝဲတစ်ခုဖြစ်တဲ့ Daydream နည်းပညာလည်း ပါဝင်လာမှာဖြစ်ပါတယ်။ ASUS ZenFone AR ကို Snapdragon 821 SoC တပ်ဆင်ပေးထားပြီး အိန္ဒိယနိုင်ငံရဲ့ မီဒီယာတွေနဲ့ ဆိုရှယ်မီဒီယာမှာ ဒီစမတ်ဖုန်းရဲ့ လုပ်ဆောင်ချက်တွေကို စတင်မိတ်ဆက်ပေးနေပြီပဲ ဖြစ်ပါတယ်။

ASUS ကုမ္ပဏီရဲ့ Twitter အကောင့်မှာလည်း ကမ္ဘာ့ပထမဆုံး 8GB RAM ပါဝင်တဲ့ စမတ်ဖုန်းတစ်ခု အိန္ဒိယမှာ မကြာခင်ကာလအတွင်း ရောင်းချပေးသွားမယ်လို့ဆိုထားပြီး စမတ်ဖုန်းရဲ့အမည်ကိုတော့ ပြောကြားခဲ့ခြင်း မရှိသေးပါဘူး။ ဒါပေမယ့် ASUS ကနေ အသစ်မိတ်ဆက်မယ့် စမတ်ဖုန်းက ZenFone AR ကလွဲပြီး တစ်ခြားမရှိနိုင်ပါဘူး။ ASUS ရဲ့ကြေညာချက်က OnePlus 5 နဲ့ နောက်ပိုင်းစမတ်ဖုန်းတွေကို 8GB RAM ထည့်သွင်းလာတော့မယ်ဆိုတဲ့ သတင်းကြားပြီးတာနဲ့ အချိန်ကိုက်ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။ ဖုန်းရဲ့ဒီဇိုင်းပိုင်းနဲ့ ကင်မရာဆင်ဆာပိုင်းကို ဦးစားပေးထုတ်လုပ်ထားပြီး လက်ဗွေစနစ်ကိုတော့ အရှေ့ဘက်မှာရှိတဲ့ Home button မှာပဲ မြှုပ်နှံထည့်သွင်းထားပါတယ်

5.7 လက်မ QHD Super AMOLED display အသုံးပြုထားပြီး (1440×2560 pixels) ရုပ်ထွက်ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါ့အပြင် Snapdragon 821 ကလည်း Google ရဲ့ Virtual reality နည်းပညာတွေနဲ့ Tango ၊ Daydream တွေကိုပံ့ပိုးဖို့ လုံလောက်တဲ့အနေအထားလို့လည်း ကုမ္ပဏီက ဆိုထားပါတယ်။ ဒီထိုင်ဝမ်ကုမ္ပဏီရဲ့ အဆိုအရ ASUS ZenFone AR မှာ ရေနွေးငွေ့တွေကိုအအေးခံတဲ့ နည်းပညာထည့်သွင်းထားတာကြောင့် ဖုန်းအပူတက်ခြင်းမှ ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။ ကင်မရာက 23MP အထိ ထောက်ပံ့ပေးထားပြီး Sony ရဲ့ IMX 318 ကို သုံးထားတာဖြစ်ပါတယ်။ TriTech+Autofocus system ၊ Dual-PDAF ၊ second-gen Laser Focus နဲ့ continuous-focus စနစ်တွေလည်း ထည့်သွင်းပေးထားတာ တွေ့ရပါတယ်။

 ရှေ့ကင်မရာ 8MP ရှိပြီး Video ရိုက်ကူးမှုပိုင်းမှာ 4K ရုပ်ထွက်ပေးစွမ်းနိုင်တယ်လို့ သိရပါတယ်။ f/2.0 aperture နဲ့ 85 ဒီဂရီ wide angel lens ကိုလည်း ရှေ့ကင်မရာမှာ ဖြည့်စွက်ပေးထားပါသေးတယ်။ Android 7.0 Nougat ပါဝင်ပြီး internal storage 128 GB (up to 256 GB) ၊ Dual Sim (Micro+Nano) ၊ 3300 mAh ဘက်ထရီ၊ USB 2.0 Type C port ၊ Bluetooth v4.2 နဲ့ Wifi 802.11 ပါဝင်တယ်လို့ သိရပါတယ်။



သံစဉ်ချို

NetGuide Journal (Every Wednesday)
https://web.facebook.com/officialnetguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com

0 comments:

Post a Comment