♪ WhatsApp ကနေ ဘယ် file type ကိုမဆို ပို့လို့ရပြီ ♫


WhatsApp အသုံးပြုသူတွေအတွက် သတင်းကောင်းတစ်ခုထွက်ပေါ်လာပါပြီ။

WhatsApp ကနေ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ အသံဖိုင်တွေ၊ တည်နေရာတွေနဲ့ document ဖိုင်တွေ ပို့လို့ရတယ်ဆိုတာကတော့ လူတိုင်းသိပါတယ်။ ဒီထက်ပိုတဲ့ လုပ်ဆောင်ချက်အသစ်အနေနဲ့ အခြားသော file အမျိုးအစားတွေကို ပါ ပို့လို့ရအောင် Company က စီစဉ်ပေးလိုက်ပြီဖြစ်ပါတယ်။

ဒါဟာ ဘယ် file အမျိုးအစားကိုမဆို ပေးပို့နိုင်စေမှာဖြစ်ပြီး size ကန့်သတ်ချက်အနေနဲ့ကတော့ iOS အတွက် 128MB နဲ့ Android အတွက် 100MB ဖြစ်ပါတယ်။

အခုဆိုရင် WhatsApp အသုံးပြုသူတွေအနေနဲ့ Apk file တွေကအစ အလွယ်တကူ ပို့လို့ရပြီဖြစ်တဲ့အတွက် အတော်လေးကို အဆင်ပြေနေပြီဖြစ်ပါတယ်။

Size ကန့်သတ်ချက် 100MB ဆိုတာကတော့ နည်းတယ်လို့ပြောနိုင်ပါတယ်။ Resolution များတဲ့ ဗီဒီယိုတွေနဲ့ အချို့ဂိမ်းတွေဆိုရင် 100MB ထက် size များတဲ့အတွက် size ကို 200MB လောက်အထိ တိုးပေးထားရင်တော့ ပိုပြီးအဆင်ပြေနိုင်မှာဖြစ်ပါတယ်။



Credit to ==>> DigitalTimes.com.mm







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 
www.pyaephyo.com


0 comments:

Post a Comment