♪ “6GB RAM ပါတဲ့ Huawei Honor 9 ကို မိတ်ဆက်” ♫

Image may contain: 1 person, smiling, phone

Huawei က တရုတ်မှာ Honor 9 ကို မိတ်ဆက်လိုက်ပါတယ်။ Honor 9 ဟာ ယခင်နှစ်ထုတ် Honor 8 ရဲ့ မျိုးဆက်ဖြစ်ပြီး Honor 8 ဟာ အနောက် ကင်မရာနှစ်လုံး၊ အနောက်ဘက်ဒီဇိုင်းများကြောင့် နာမည်ကြီးပါတယ်။

Honor 9 မှာလည်း အနောက်ဘက်မှာ ကင်မရာနှစ်လုံး တပ်ဆင်ထားပြီး အနောက်ဘက်ကို ဖန်ဖြင့် ဖုံးအုပ်ထားပါတယ်။Huawei က သူတို့ ကိုယ်တိုင် ထုတ်လုပ်တဲ့ Kirin Chipset ကို ထည့်သွင်းထားပါတယ်။ 6GB RAM တောင် ထည့်သွင်းပေး ထားပါတယ်။ Honor 9 ရဲ့ အရွယ်အစား အပြည့်အစုံမှာ 147.3 × 70.9 × 7.45mm ဖြစ်ပြီး ၁၅၅ ဂရမ် အလေးချိန် ရှိပါတယ်။ ၅.၁၅ လက်မ Full HD Display တပ်ဆင်ထားပါတယ်။

2.4 GHz Octa-Core Kirin 960 Chipset မောင်းနှင်မှာဖြစ်ပါတယ်။ 4GB or 6GB RAM များ ရွေးချယ်နိုင်ပါတယ်။ 64GB or 128GB Internal Storage များ ထုတ်လုပ်ပေးထားပါတယ်။ Android 7.0 Nougat ကို Huawei EMUI 5.1 ဖြင့် အုပ်ထား ပါတယ်။Honor 9 ရဲ့ အဓိက စွမ်းရည်မှာ အနောက်ကင်မရာနှစ်လုံး ဖြစ်ပြီး 12MP+20MP Camera များ ဖြစ်ကြပါတယ်။ ကင်မရာမှာ Phase Detection Autofocus နဲ့ LED Flash ပါပါတယ်။ အရှေ့ဘက်မှာ 8MP Camera ပါပါတယ်။ 3100mAh Battery ထည့်သွင်းထားပြီး လျင်မြန်စွာ အားသွင်းနိုင်တဲ့ နည်းပညာပါပါတယ်။ 4G VoLTE, NFC တို့ကို သုံးနိုင် ပါတယ်။

Huawei က Honor 9 နဲ့ အတူ Huawei Pay မိုဘိုင်းငွေပေးချေမှုစနစ်ကို မိတ်ဆက်လိုက်ပါတယ်။ 4GB/64GB ကို ၃၃၈ ဒေါ်လာ၊ 6GB/64GB ကို ၃၉၇ ဒေါ်လာ၊ 6GB/128GB ကို ၄၄၁ ဒေါ်လာ သတ်မှတ်ထားပါတယ်။




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com

0 comments:

Post a Comment