♪ “Webcam ကို လွယ်ကူစွာ Hack နိုင်တဲ့ software” ♫

Image may contain: camera

သင့်မှာ အင်တာနက် ချိတ်ဆက်နိုင်တဲ့ Webcam ရှိရင် သူ့ရဲ့ Password ကို မကြာခဏ ပြောင်းဖို့ လိုအပ်လာပါပြီ။ အင်တာနက် ချိတ်ဆက်နိုင်တဲ့ ကင်မရာများကို Hack နိုင်တဲ့ ဆော့ဖ်ဝဲကို တရုတ်ယွမ် ၁၈၈ ( ၂၈ ဒေါ်လာ) ထဲနဲ့ ၀ယ်ယူနိုင်တယ်လို့ CCTV သတင်းဌာနက သတိပေးထား ပါတယ်။

ဒီလို ဆော့ဖ်ဝဲများဟာ နေအိမ်မှ Baby Monitors နဲ့ ထောက်လှမ်းရေး ကင်မရာများလို Device များရဲ့ လုံခြုံရေး ဟာကွက်များကို လွယ်ကူစွာ ရှာဖွေပေးနိုင်ပါတယ်။ တရုတ်မှ ဟက်ကာများဟာ ဟက်ခံထားရတဲ့ Device များရဲ့ Username နဲ့ Password များကို QQ လို လူမှုကွန်ရက် များမှာ ရောင်းချပေးတဲ့ အဖွဲ့များကိုလည်း တည်ထောင်ထားပါတယ်။

ဟက်ခံထားရတဲ့ ကင်မရာ အလုံး ၄၀၀ ခန့်ရဲ့ Username, Password များကို နေ့စဉ် အခမဲ့ ပေးနေပြီး လူ ရာပေါင်းများစွာက ဒေါင်းလုပ် လုပ်နေကြတယ်လို့ CCTV က ပြောပါတယ်။ အရောင်းမြှင့်တင်ဖို့အတွက် ဒီလို အခမဲ့ ပေးခြင်းဖြစ်ပါတယ်။

ကင်မရာများစွာဟာ တူညီတဲ့ Firmware ကို အသုံးပြုကြတဲ့အတွက် ဟက်ဖို့ လွယ်ကူတယ်လို့ ဆိုက်ဘာလုံခြုံရေး ကျွမ်းကျင်သူများက ပြောပါတယ်။ Firmware တစ်ခုရဲ့ အားနည်းချက် သို့မဟုတ် လုံခြုံရေး ဟာကွက်ကို တွေ့တာနဲ့ အဲဒီ Firmware ထည့်သွင်းထားတဲ့ Device အားလုံးကို လျင်မြန်စွာ ဟက်နိုင်ပါတယ်။ အဲဒီအတွက် Device ရဲ့ Default Configuration အား အသုံးပြုခြင်းကို ရှောင်ကြဉ်သင့်ပြီး သူတို့ရဲ့ Firmware ကို အမြဲ Update လုပ်သင့်ပါတယ်။ 




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com

0 comments:

Post a Comment