♪ မြန်မာငွေ ၈ သိန်းတန် ဆည်းဆာရောင် HTC U11 ♫


U11 ကို သာမာန်အရောင်ကလေးတွေ နဲ့ လွှင့်ထုတ်ခဲ့ပြီးတဲ့နောက်မှာ ယမန်နေ့က တော့ ဆည်းဆာရောင် လို့ ဆိုလို့ရနိုင်တဲ့ Solar Red အရောင် နဲ့ HTC U11 ကို အမေရိကဈေးကွက်မှာ စတင်မှာကြားလို့ ရနိုင်ပြီ ဖြစ်တယ် လို့ ကုမ္ပဏီ က ကြေငြာခဲ့ပါတယ်။

ဖိအားဒဏ်ကို အာရုံခံနိုင်တဲ့ ကိုယ်ထည်တပ်ဆင်ပေးထားတဲ့အတွက် လက်နဲ့ ညှစ်လိုက်တာနဲ့ ဓါတ်ပုံတွေ ရိုက်ကူးပေးနိုင်တဲ့ စွမ်းဆောင်ရည် ပါဝင်တဲ့အတွက် ဆဲလ်ဖီးသမားတွေကတော့ အကြိုက်တွေ့ကြ လိမ့်ဦးမယ် လို့ ယူဆရပါတယ်။ SolarRed Version ဟာ လှပပြီး ကျက်သရေရှိတဲ့ အရောင်ကလေး နဲ့ ထုတ်လုပ်ခဲ့ပြီး ဒေါ်လာ ၆၄၉ နဲ့ ဈေးခေါ်ထားတဲ့အတွက် မြန်မာငွေ နဲ့ ဆိုရင် ၈ သိန်း စွန်းစွန်းလောက်ကို ကျသင့်ပါတယ်။

အမေရိက မှာ ကြိုတင်မှာကြားနိုင်တဲ့ ဖုန်း ရဲ့ လုပ်ဆောင်ချက်တွေကတော့ ဒီလိုပါ။ ပရိုဆက်ဆာ က Snapdragon 835 Chipset Octa-Core ပါ။ 5.5” QHD Super LCD 5 Display တပ်ဆင်ထားပြီး ရုပ်ထွက်ကတော့ 2560 x 1440 ဖြစ်ပါတယ်။ 3K နဲ့ 2K ကြားထဲက ရုပ်ထွက်လို့ ပြောလို့ရနိုင်မယ် ထင်ပါတယ်။ အနောက်ဘက်မှာ OIS နည်းပညာပါတဲ့ 12MP UltraPixel Camera, အရှေ့ဘက်မှာ 16MP Camera ရှိပါတယ်။ ဘက်ထရီက တစ်ရက်လုံးနီးပါး အသုံးခံနိုင်စေမယ့် 3000 mAh ထည့်သွင်းထားပါတယ်။ 4GB RAM 64GB Storage ထည့်ထားတဲ့အတွက် မျှခြေညီတဲ့ အနေအထား တစ်ခု ရှိပါတယ်။


ထူးခြားမှုတစ်ခု အနေနဲ့ က 3D Audio Recording ပြုလုပ်ပေးနိုင်တဲ့ စပီကာ ၄ လုံးတပ်ဆင်ထားပြီး အသံပိုင်းဆိုင်ရာ ဖျော်ဖြေရေးပိုင်းဆိုင်ရာ ဘက်ခြမ်း ကို အထူးအားပြုတည်ဆောက်ထားပုံ ရပါတယ်။ အဲဒီ အပြင်မှာ အခု နောက်ပိုင်း မှာ သုံးစွဲသူ အများအပြား တောင်းဆိုနေတဲ့ IP67 လည်း  ပါရှိပါသေးတယ်။




Credit to ==> DigitalTimes.com.mm







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 
www.pyaephyo.com


0 comments:

Post a Comment