ZTE က နောက်ဆုံးထွက်ရှိထားတဲ့ စမတ်ဖုန်း Small Fresh 5ကို မိတ်ဆက်လိုက်ပြီးနောက်ကျောဘ က်မှာတော့ ကင်မရာနှစ်လုံး ပါဝင်ပါတယ်။ ဒီစမတ်ဖုန်းမှာ quad-core CPU နဲ့ Snapdragon 425 ပါဝင်ပြီး 720 x 1280 pixel resolution နဲ့ 5 လက်မ IPS မျက်နှာပြင်အသုံးပြုထားပြီး အရောင်လေးမျိုး ရရှိနိုင်မှာဖြစ်ပါတယ်။ ရှေ့ဘက်မှာတော့ ဘာ button မှ ပါဝင်ခြင်းမရှိပေမယ့် နောက်ကျောဘက်မှာတော့ Fingerprint scanner ကိုတွေ့မြင်ရမှာပါ။
ကျောဘက် ကင်မရာနှစ်ခုကြားမှာ မီးထည့်သွင်းထားပြီး အဓိကလုပ်ဆောင်တဲ့ ကင်မရာက 13MP နဲ့ ဒုတိယကင်မရာမှာတော့ 2MP ရှိတယ်လို့ သိရပါတယ်။ selfieကင်မရာကတော့ 5MP ရှိပါတယ်။ မျက်နှာပြင် 5 လက်မရှိတဲ့ ဒီစမတ်ဖုန်းမှာMiFavor UI နဲ့ on Android 7.1 Nougat ကို အသုံးပြုထားပြီး 2500 mAh ဘက်ထရီပါဝင်ပါတယ်။ microSD ကို ထည့်သွင်းအသုံးပြုပြီး Storage ကို 128GB ထိ ထပ်တိုးနိုင်ပါတယ်။
Small Fresh 5 ရဲ့ ကိုယ်ထည်ကတော့ သတ္တုကိုယ်ထည်ဖြစ်ပြီးခဲရောင် ၊ ရွှေရောင် ၊ အပြာရင့်ရောင် နဲ့ အစိမ်းဆိုပြီးအရောင် 4 မျိုးရရှိမှာ ဖြစ်ပါတယ်။ ZTE Small Fresh 5 မှာ RAM 3 GB နဲ့ internal storage 16 GB ကို တရုတ်ယွမ်
999 (အမေရိကန်ဒေါ်လာ 146 )နဲ့ RAM 4 GB နဲ့ internal storage 32 GB
ကိုတရုတ်ယွမ် 1399 ( အမေရိကန်ဒေါ်လာ 204 ) ဆိုပြီး
ဗားရှင်းနှစ်မျိုးရှိမယ်လို့  သိရပါတယ်။
သံစဉ်ချို
NetGuide Journal (Every Wednesday)
https://www.facebook.com/ officialnetguidejournal
ကျောဘက် ကင်မရာနှစ်ခုကြားမှာ မီးထည့်သွင်းထားပြီး အဓိကလုပ်ဆောင်တဲ့ ကင်မရာက 13MP နဲ့ ဒုတိယကင်မရာမှာတော့ 2MP ရှိတယ်လို့ သိရပါတယ်။ selfieကင်မရာကတော့ 5MP ရှိပါတယ်။ မျက်နှာပြင် 5 လက်မရှိတဲ့ ဒီစမတ်ဖုန်းမှာMiFavor UI နဲ့ on Android 7.1 Nougat ကို အသုံးပြုထားပြီး 2500 mAh ဘက်ထရီပါဝင်ပါတယ်။ microSD ကို ထည့်သွင်းအသုံးပြုပြီး Storage ကို 128GB ထိ ထပ်တိုးနိုင်ပါတယ်။
Small Fresh 5 ရဲ့ ကိုယ်ထည်ကတော့ သတ္တုကိုယ်ထည်ဖြစ်ပြီးခဲရောင
သံစဉ်ချို
NetGuide Journal (Every Wednesday)
https://www.facebook.com/
0 comments:
Post a Comment