♪ " Samsung Galaxy J Pro Series Smartphone တွေကို ဇူလိုင်လဆန်းတွင် စတင်ရောင်းချပေးမည် " ♫

Image may contain: phone

Samsung Galaxy J Pro Series Smartphone တွေကိုတော့ ဇူလိုင်လအစောပိုင်းမှာ ပြည်တွင်းဈေးကွက်အတွင်း စတင်ရောင်းချပေးသွားမယ်လို့ သိရပါတယ်။ J Pro (2017) ဖုန်းတွေမှာ Dual Messenger အသုံးပြုလို့ရမယ့် စနစ်တွေပါရှိပြီး Social App တွေကို Dual အသုံးပြုနိုင်ပါလိမ့်မယ်။ နောက်ပြီးတော့ Galaxy J7 Pro (2017) Smartphone မှာဆိုရင် Always-On-Display လုပ်ဆောင်ချက်လည်း ပါရှိပါတယ်။ 

Galaxy J5 Pro (2017) ရဲ့ မျက်နှာပြင်အရွယ်အစားက (5.2) လက်မရှိပြီး J7 Pro (2017) ကတော့ (5.5) လက်မပါ။ ဒီ J Pro Series Smartphone တွေမှာ 1.6 GHz Octa-Core Processor ကို အသုံးပြုပေးထားပြီး RAM (3) GB ကိုပါ ထည့်သွင်း အသုံးပြုပေးထားပါတယ်။ Internal Memory (32) GB ပါရှိတဲ့အပြင် Memory ကိုထပ်မံတိုးမြှင့်ချင်တယ်ဆိုရင်လည်း SD Card ထည့်သွင်း အသုံးပြုနိုင်ပါလိမ့်မယ်။ ကင်မရာပိုင်းမှာ ဆိုရင်လည်း အရှေ့နဲ့ အနောက် (13.0) Megapixels ရှိတဲ့ ကင်မရာများကို တပ်ဆင်ပေးထားတာကြောင့် မိမိစိတ်ကြိုက် အရည်အသွေးမြင့် ပုံရိပ်ကောင်းများစွာကို ရိုက်ကူးမှတ်တမ်းတင်နိုင်မှာပါ။ 

 ဘက်ထရီပိုင်းမှာဆိုရင် Galaxy J5 Pro မှာ (3000) mAh ဘက်ထရီအမျိုးအစားကို အသုံးပြုပေးထားပြီး J7 Pro မှာတော့ 3600 mAh ဘက်ထရီကိုအသုံး ပြုပေးထားပါတယ်။ J Pro (2017) ဖုန်းများကိုအနက်ရောင်၊ ရွှေရောင်၊ ပန်းရောင်းနှင့် ငွေပြာရောင်ဆိုပြီး အရောင် (4) မျိုးဖြင့် ထုတ်လုပ်ပေးမှာဖြစ်ပါတယ်။ Galaxy J5 Pro(2017) ကို ငွေကျပ် (359000) ဖြင့်လည်းကောင်း၊ Galaxy J7 Pro(2017) ကို ငွေကျပ် (425000) ဖြင့်လည်းကောင်း အသီးသီးသတ်မှတ်ပေးထားပါတယ်။ 

Samsung Myanmar မှ Ooredoo Myanmar နှင့်ပူးပေါင်း၍ ဝယ်ယူသုံးစွဲသူများအတွက် လစဉ်အနည်းဆုံး ဖုန်းငွေဖြည့်ကဒ် 5000 ကျပ် ထည့်သွင်းရုံဖြင့် အထူးလက်ဆောင် 2GB အား ခြောက်လဆက်တိုက် ရရှိခံစားနိုင်မယ့် အစီအစဉ်ကောင်းကိုလည်း ပြုလုပ်ပေးမှာဖြစ်ကြောင်း သိရှိရပါတယ်။






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com


0 comments:

Post a Comment