♪ “Xiaomi က Power Bank အသစ်များကို မိတ်ဆက်” ♫

No automatic alt text available.

ရှောင်မီက 10000mAh Mi Power Bank 2 , 20000mAh Mi Power Bank 2 , Mi Bluetooth Speaker Mini နဲ့ Mi WiFi Repeater 2 တို့ကို အိန္ဒိယမှာ ရောင်းချပေးလိုက်ပါတယ်။ 10000mAh Mi Power Bank 2 မှာ Device နဲ့ Power Bank အကြား အပြန်အလှန် အားသွင်းနိုင်တဲ့ နည်းပညာ ပါပါတယ်။ အနက်ရောင် အလူမီနီယမ် ကိုယ်ထည်ဖြင့် တည်ဆောက်ထားပြီး၁၈ ဒေါ်လာဖြင့် ဇွန်လ ၂၀ ရက်နေ့တွင် စတင် ရောင်းချမှာပါ။

20000mAh Mi Power Bank 2 ကိုတော့ ပလတ်စတစ် ကိုယ်ထည်ဖြင့် တည်ဆောက်ထားပြီး Device နဲ့ Power Bank အကြား အပြန်အလှန် အားသွင်းနိုင်တဲ့ နည်းပညာ ပါပါတယ်။USB Output Ports ၂ ခု ပါပြီး ၃၄ ဒေါ်လာဖြင့် ဇွန်လ ၂၀ ရက်တွင် ရောင်းချမှာပါ။

Mi WiFi Repeater 2 ဟာ ၀ိုင်ဖိုင် ချိတ်ဆက်နိုင်တဲ့ အကွာအဝေးကို တိုးမြှင့်ပေးပြီး တစ်စက္ကန့်လျှင် 300Mb အမြန်နှုန်းကို ပံ့ပိုးပေးနိုင်ပါတယ်။ Device ၁၆ ခု အထိ ၀ိုင်ဖိုင် တစ်ပြိုင်နက် ချိတ်ဆက်နိုင်ပြီး ဒီဇိုင်း ကျစ်လျစ်ပါတယ်။ USB Port ဖြင့် အားသွင်းရမှာဖြစ်ပါတယ်။ ဇွန်လ ၂၀ ရက်နေ့တွင် ၁၅ ဒေါ်လာဖြင့် ရောင်းချပေးမှာပါ။

Mi Bluetooth Speaker Mini ကို သတ္တုကိုယ်ထည်ဖြင့် တည်ဆောက် ထားပြီး အရွယ်အစား သေးငယ်ပါတယ်။ တစ်ခါအားသွင်းထားရင် ၄ နာရီ အသုံးခံပါတယ်။ ဇွန်လ ၂၁ ရက်နေ့တွင် ၂၀ ဒေါ်လာဖြင့် ရောင်းချပေး မှာပါ။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com

0 comments:

Post a Comment