♪ “အရည်အသွေးမြင့်မားပြီး သင့်တင့်တဲ့ဈေးနှုန်းနဲ့ OPPO A57” ♫

Image may contain: phone

ဖုန်းသုံးစွဲသူတွေအများစု အဓိကအသုံးပြုနေတာတွေကတော့ ကင်မရာ ရိုက်ကူးခြင်းပဲဖြစ်ပါတယ်။ အဲထက်ပိုပြီးခေတ်စား လာခဲ့တာကတော့ Selfie ရိုက်ကူးမှုပဲဖြစ်ပါတယ်။ Selfie ရိုက်ကူးမှုများပြားလာခြင်းကြောင့် ကောင်းမွန်တဲ့ Selfie ရိုက်ကူးမှု စွမ်းရည်များရရှိစေရန်အတွက် အရှေ့ဘက် ကင်မရာကို အဆင့်မြှင့်တင်လာကြပါတယ်။

Selfie ရိုက်ကူးမှုကို ဦးစားပေးထုတ်လုပ် နေတဲ့ နာမည်ကြီးအမှတ်တံဆိပ်နှစ်ခု ဟာ OPPO နဲ့ Vivo တို့ဖြစ်ပြီး ယခု OPPO ရဲ့ အသစ်ထုတ်လုပ်ထားတဲ့ A57 ဟာဆိုရင် ပြည့်စုံတဲ့ Selfie ရိုက်ကူးမှုကိုရရှိစေမှာအသေအချာပါပဲ။ A57 ဖုန်းရဲ့မျက်နှာပြင်အကျယ်ဟာ 5.2 iches ဖြစ်ပြီး၊ မြင်ကွင်းစွမ်းရည် အပိုင်းတွင် 720 x 1280 pixels ပမာဏကိုထည့်သွင်းပေးထားသော ကြောင့် တစ်လက်မမှာရှိမယ့် Pixel ပမာဏသိပ်သည်းဆ ကတော့ 282 ppi ပါ။ Micro-arc frame က ဖုန်းကိုလက်ထဲကိုင်ထားရာတွင် ပို၍သက်သောင့်သက်သာရှိစေမှာဖြစ်ပြီး ကျစ်လျစ် သောဒီဇိုင်းကြောင့် ပိုမိုထူးခြားတဲ့ပုံစံကို မြင်တွေ့ရမှာဖြစ်ပါတယ်။ RAM 3GB ဖြစ်သော ကြောင့် မိမိဂိမ်းဆော့နေတဲ့အချိန်မှာလည်း အထစ်အငေါ့ရှိစေမှာ မဟုတ်ပါဘူး။ ROM က 32GB ပါရှိတာကြောင့် အသုံးပြုသူများအနေဖြင့် သီချင်းအပုဒ်ရေပေါင်း ၆,၀၀၀ (သို့) Selfie ဓာတ်ပုံပေါင်း ၁၅,၀၀၀ (သို့) HD ရုပ်ရှင်ပေါင်း ၃၅ ကားကို သိမ်းဆည်းထားနိုင်မှာဖြစ်ပါတယ်။

ကင်မရာပိုင်း အနေနဲ့ အဓိကကင်မရာက 13MP စွမ်းရည်ရှိပြီး အရှေ့ ကင်မရာဟာ 16MP f/2.0 စွမ်းရည်ရှိပါတယ်။ ကင်မရာပိုင်း လုပ်ဆောင်ချက် အတွက် Geo-tagging, touch focus, face detection, HDR, panorama စတဲ့ ကင်မရာဆက်စပ်ပတ်သက်စနစ်များကိုလည်း အသုံးပြုနိုင်ပါတယ်။ ဗီဒီယိုရိုက်ကူးနိုင်မှုစွမ်းရည်မှာ 1080p ဖြစ်ပြီး နှုန်းမှာတစ်စက္ကန့်ကို 30frames ဖြစ်ပါတယ်။ CPU စွမ်းရည်မှာ Octa Core 1.4GHz ဖြစ်တာကြောင့် ဖုန်းကိုအသုံးပြုတဲ့အခါမှာ လျင်မြန်သော တုံ့ပြန်မှုကိုရစေမှာဖြစ်ပါတယ်။ GPU မှာ Adreno 505 ဖြစ်ပြီး Chipset မှာ Qualcomm MSM8940 Snapdragon 435 ဖြစ်ပါတယ်။ လက်ဗွေ စနစ်ကို အစင်းကြောင်း ခြစ်ရာများမထင်စေရန် ပြုလုပ်ပေးထားပြီး Hydrophobic အလွှာထည့်သွင်းပေးထားသဖြင့် စိုစွတ်နေသောလက်ဖြင့် ပင် ဖုန်းကို ဖွင့်နိုင်မှာဖြစ်ပါတယ်။ Bluetooth Version ကတော့ 4.1 ဖြစ်ပြီး အခြားသော Sensor စနစ်များလည်းပါရှိပါတယ်။ အနောက် ကာဗာကိုတောက်ပတဲ့ သတ္တုကိုယ်ထည်ဖြင့် တည်ဆောက်ထားကာ အရောင်အနေဖြင့် ရွှေရောင်နှင့် အနက်ရောင်ဟူ၍ရရှိနိုင်ပြီး မိမိကြိုက်နှစ်သက်ရာအရောင်ကို ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ဘက်ထရီမှာ Li-Ion 2900 mAh ဖြစ်တာကြောင့် ဖုန်းကို အချိန်ကြာမြင့် စွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အခုဆိုရင် ဈေးကွက်ထဲမှာ Black edition ကိုပါ ၀ယ်ယူနိုင်ပြီဖြစ်ပါတယ်။ ဒါကြောင့် Selfie လုပ်ဆောင်ချက် ကောင်းမွန်ပြီး သင့်တင့်တဲ့ဈေးနှုန်းနဲ့ A57 ကို စမ်းသပ်ရေးသားလိုက် ပါတယ် .....

Home Button ကို ဆလင်ဒါပုံစံပြုလုပ်ပေးထားကာ Nano Sim Card နှစ်ကတ်ထည့်သွင်းအသုံးပြုနိုင်ပြီး Triple-Slot Tray ကို ထည့်သွင်းပေး ထားတာကြောင့် 256GB အထိ ထပ်မံမြှင့်တင်နိုင်မှာဖြစ်ပါတယ်။Multi Touch စနစ်တွင် Color OS 3.0 ကို အသုံးပြုနိုင်မည်ဖြစ်ကာ အသုံးပြုနိုင်မယ့် OS အမျိုးအစားကတော့ Marshmallow ဖြစ်ပါတယ်။ security ကို ၀င်ရောက်လိုက်မယ်ဆိုရင်တော့ ဖုန်းကို virus တွေ စစ်ဆေးနိုင်သလို၊ Quick scan ဟာ ဖုန်းမှာ မလိုအပ်ဘဲရှိနေတဲ့ cache ဖိုင်တွေကို ရှင်းလင်းပေးပါလိမ့်မယ်။ App တွေကိုလည်း encryption လုပ်ထားနိုင်ပါ သေးတယ်။

ဖုန်းမျက်နှာပြင်အရှေ့တွင် လက်ဝါးဖြန့်ပြလိုက်ရုံဖြင့် ၅စက္ကန့်အကြာတွင် အလိုအလျောက် Selfie ပုံကိုရိုက်ကူးပေးမည့် Palm Shutter function လည်း ပါဝင်တာကြောင့် Selfie ပုံရိုက်ကူးရာတွင် ကင်မရာခလုတ်ကို နှိပ်စရာမလိုတော့ဘဲ လွတ်လွတ် လပ်လပ်၊ တည်တည်ငြိမ်ငြိမ်ဖြင့် ရိုက်ကူးနိုင်ပါလိမ့်မယ်။Gesture motion လုပ်ဆောင်ချက်မှာတော့ ဖုန်းကို screen off မြန်ဆန်သွက်လက်စွာလုပ်ဆောင်နိုင်စွမ်း၊ Quick gesture လို့ဆိုတဲ့ မျက်နှာပြင်ပေါ် လက် ၃ ချောင်း အထက်၊ အောက်ဆွဲ လိုက်တာနဲ့ sereen shot လုပ်ခြင်းနှင့် လက်တစ်ဖက် တည်းနဲ့ဖုန်းကို သုံးစွဲနိုင်မယ့် လုပ်ဆောင်ချက်တွေကို ပြုလုပ်ထားနိုင်ပါတယ်။ နောက်ဆုံးပေါ် ဖုန်းတွေမှာ ပါဝင်တဲ့ smart call ကိုလည်း On ထားနိုင်ပါ လိမ့်မယ်။

စာဖတ်ရာတွင်အဆင်ပြေစေပြီး မျက်လုံးကာကွယ်ရေးစနစ် Eye Protection က သုံးစွဲသူတွေရဲ့ အမြင်အာရုံကို ကာကွယ်ပေးမှာဖြစ်ပြီး တော့ မျက်လုံးညောင်းညာခြင်းများကို ဖြစ်စေမှာမဟုတ်ပါဘူး။ ဒီ လုပ်ဆောင်ချက်ကို display & Brightness မှာ ၀င်လုပ်ထားနိုင်သလို Quick setting ကနေ ပြုလုပ်ထားနိုင်ပါလိမ့်မယ်။အသုံးပြုသူတွေအနေနဲ့ ကိုယ် ရိုက်လိုတဲ့အရာဝတ္ထုကိုသာ ထင်းစေပြီး နောက်ခံကိုမှုန်ဝါးစေကာ အလှဓာတ်ပုံတွေ၊ မှန်ဘီလူးတစ်ခုတည်းနဲ့ မရနိုင်တဲ့ရိုက်ချက်တွေကို ဖန်တီးပေးနိုင်မယ့် Bokeh effects အပြင် Beautify 4.0 ကို ထည့်သွင်းပေးထားသောကြောင့် အကောင်းဆုံးသော ပုံရိပ်များကို ရင်သပ်ရှုမောဖွယ် အသေးစိတ်ရိုက်ကူးနိုင်မည်ဖြစ်ကာ အလင်းရောင် အားနည်းသည့်အခြေအနေမျိုးတွင်ပင် ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံများ ကို ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။Fingerprint စနစ်အသုံးပြုနိုင်တဲ့ဖုန်းဖြစ် တာကြောင့် လုံခြုံရေးစနစ်ကို အဆင့်မြင့်စွာသုံးစွဲနိုင်မှာပါ။ ဖုန်းကို တစ်ချက် ကလေးထိလိုက်ရုံနဲ့ Lock ဖွင့်နိုင်ရန် ပြုလုပ်ပေးထားကာ ၀.၂ စက္ကန့်အတွင်း ဖွင့်နိုင်မှာဖြစ်ပါတယ်။




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com


0 comments:

Post a Comment